Friday, November 30, 2012

သိရတဲ့သတင်းက ဝမ်ပေါင် တရုတ့် ကုမ္ပဏီဟာ နော်ရင်ကို ဆိုတဲ့ ကုမ္ပဏီရဲ့ လက်ခွဲ ကုမ္ပဏီပါ ၊


ဒီသတင်း ဟုတ်လောက်တယ်.... နေ့ခင်းကြောထဲက ပြည်ပ ကမ္ဘာကျော်မီဒီယာကြီးတွေမှာ တရုတ်လက်နက် company နဲ့ မြန်မာပြည်သူတွေ ပြဿနာတက်ကြပါတယ် ဆိုပြီး ပြောပြောနေတာ... ပထမတော့ သူတို့ နဲနဲလွဲနေတယ်ထင်မိတာ... ခုတော့ တဂယ်ကြီးကိုး....အဲဒီနော်ရင်ကို ကုမ္ပဏီဟာလည်း ပီကင်တရုတ်စစ်တပ်က ကျောထောက်နောက်ခံလုပ်ထားတဲ့ ကုမ္ပဏီပါ . . ဒီက ဦးပိုင်လိုပေါ့

အဲဒီနော်ရင် ကို ကုမဏီက စစ်လက်နှက်ပစ္စည်းတွေ ထုတ်ပါတယ် . . ကျည်ဆံ သေးသေးကအစ တင့်ကားကြီးတွေ အထိထုတ်ပါတယ် . .

ဖြစ်တာက အဲဒီနော်ရင်ကို ကုမ္စဏီကို ပြည်ဖျက်သန်းရွှေကြီးတို့က ပေးစရာ ငွေတော်တော်ရှိတယ်တဲ့ . . ဘာအတွက် ပေးစရာကျွေးတင်နေတယ် မသိပါ . .

ဒီတော့ အဲဒီပေးစရာ ငွေတွေ အစား လက်ပံတောင်းတောင်တန်းကြီးကို လက်ညှိုးထိုးရောင်းလိုက်တာပါပဲ
တဲ့ . . ဦးပိုင်ရှယ်ယာက ပါလိုက်သေးတယ်
ဦးပိုင်နာမည်ခံ ပြည်ဖျက်သန်းရွှေ နဲ့ ငါးလောင်းပြိုင်ကြိုင်ကြိုင်တို့ရဲ့ ရှယ်ယာက ပိုပါပါသေးတယ် . .

ဒီတော့ နော်ရင်ကို ကုမ္ပဏီက နာမည်မခံပဲ သူ့ လက်ပွား ကုမ္ပဏီဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီကို နာမည်ခံလုပ်ခိုင်းလိုက်တာပါ . . .

ဒီလိုဇာတ်လမ်းတွေ အစဖော်လိုက်ရင် မီးခိုးကြွက်လျောက် မိတော့မှာ မို့ လက်ပံတောင်းတောင်ကို ဆတ်ဆတ်ထိမခံဖြစ်နေရတာပါ . .

နော်ရင်ကို အကြောင်းသိချင်ရင် ဒီမှာကြည့်ကြပါ

www.army-guide.com/eng/firm64.html

(by-Hawdeka Khalaylay )
ဆက်ဖတ်ရန်

မြန်မာ့သမိုင်း Vs မြန်မာ့ဆက်သွယ်ရေး

ရင်ကွဲပတ်လက်လမ်းဆုံမှကူးယူတင်ပြသည် အေးချမ်းမွန်




ဆက်ဖတ်ရန်

“လက်ပံတောင်း နောက်ဆက်တွဲ အစိုးရတွင်း ဂယက်”


သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းတွေဆီက ပေါက်ကြားလာတဲ့ သတင်းအပိုင်းအစလေးပါ။

လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်လို့ သ
ပိတ်စခန်းတွေ ဖယ်ရှားဖို့ သမ္မတရုံးက ညွှန်ကြားချက် ထုတ်လိုက်တာ ဖြစ်ပေမယ့် အောက်ခြေပိုင်းက အပေါ်က ခိုင်းတာထက် ပိုပြီး ပြင်းပြင်းထန်ထန် လုပ်တယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်။

တာဝန်အရှိဆုံးသူက သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းလို့လည်း အစိုးရနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ အကြောင်းကတော့ လက်ပံတောင်းဒေသကို ဦးအောင်မင်း သွားရောက်ခဲ့ပြီး သပိတ်ခေါင်းဆောင် မသွဲ့သွဲ့ဝင်း အပါအ၀င် ဆန္ဒပြ ခေါင်းဆောင်တချို့နဲ့ စကားအခြေအတင် ဖြစ်ခဲ့တာကြောင့်လို့လည်း ဆိုပါတယ်။

တဖက်မှာလည်း စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး (ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သာအေး) ကလည်း ယခင်ကတည်းက လက်ပံတောင်းတောင် သပိတ်မှောက်တဲ့ သူတွေကို ပြင်းပြင်းထန်ထန် အရေးယူချင်ပေမယ့် သမ္မတရုံး အမိန့်မရလို့ မလုပ်ခဲ့ရတာဖြစ်ပြီး တကယ်လည်း အရေးယူပါလို့ အမိန့်ရလာတဲ့အခါ လိုအပ်တာထက် ပိုပြီးတော့ ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲပစ်လိုက်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

လက်ရှိ လက်ပံတောင်းတောင်ကိစ္စ ကိုင်တွယ်မှုကြောင့် သမ္မတရုံးမှာလည်း အတော် ပျားပန်းခတ်ဖြစ်နေတယ်လို့ သိရပါတယ်။ အစည်းအဝေးတွေ ဆက်တိုက်လုပ်ပြီး ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ခေါင်းချင်းဆိုင် အဖြေရှာနေကြတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ ကိစ္စနဲ့ပတ်သက်တဲ့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပထမ ထုတ်ပြန်ထားတဲ့ ကြေညာချက်ကိုလည်း နာရီပိုင်းအတွင်း ပြန်လည် ရုပ်သိမ်းသွားတာ သတိထားမိကြမယ် ထင်ပါတယ်။

သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက နုတ်ထွက်စာ တင်ဖို့လည်းရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ သူတည်ဆောက်ထားသမျှ ယုံကြည်မှုတွေနဲ့ ပတ်သက်လို့ မျက်နှာပျက်ခဲ့ရလို့ အတော် စိတ်ဆင်းရဲနေတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင်ကိစ္စ နဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးကို ဖယ်ရှားမလားဆိုတဲ့ သုံးသပ်ချက်တွေ ရှိသလို ဒီလို ဖယ်ရှားခြင်းဖြင့်လည်း ဒေါသထွက်နေတဲ့ ပြည်သူကို နှစ်သိမ့်ပေးနိုင်မလားဆိုတဲ့ သတင်းတွေကလည်း သမ္မတရုံးနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းမှာ အတော်ကို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့ သတင်းတွေဖြစ်ပါတယ်။

လက်ပံတောင်း လုံခြုံရေး ရဲများ (ဓာတ်ပုံ - မုန်ရာ/ဧရာဝတီ)
ဆက်ဖတ်ရန်

အချိန်မရွေး ဒိုင်ကောက်စားလို့ ရနေတဲ့ မြန်မာနိုင်ငံ

ပြိုင်ဖက်မရှိ တဦးထဲ အာဏာပါဝါ နဲ့ စီးပွါးရေး လုပ်နေတဲ့ ဦးပိုင် ကုမ္မဏီကို သမ
္မတ အဆင့်တောင် ထိလို့မရတဲ့ သဘောကို လက်ပံတောင်းတောင် မှာ အထင်အရှား တွေ့ရပါတယ်။

နိုင်ငံတကာ မီဒီယာ တွေနဲ့ တွေ့တိုင်း “ပြည်သူ့ဆန္ဒသဘောထား သာ အဓိက” ဆိုတဲ့ စကားလုံးကို နှုတ်ဖျားက မချတဲ့ သမ္မတကြီးက ဒီတခါတော့ ငြိမ်ချက်သား အကောင်းသား။

ဘယ်နိုင်ငံမှာမှ မကြားဖူးတဲ့ စစ်တပ် အပိုင်စား စီးပွါးရေး ကုမ္မဏီ ဆိုတာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်တဲ့ မြန်မာပြည်မှာ ရှိနေပါတယ်။ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်း ဆိုတော့ လုပ်ချင်တိုင်းလုပ်လို့ရနေတာလဲ အဆန်းတော့ မဟုတ်။ ဒါပေမယ့်၊ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန် စစ်တပ်မှာ ကိုယ်ပိုင်စီးပွါးရေး ဆိုတာလဲ မရှိပါလားနော်။ လက်နက်တွေ ခေတ်မီပေမယ့် ပြည်သူကို လုပ်ချင်တိုင်း လုပ်လို့မရတာ ဘာကြောင့်ပါလိမ့်။ စနစ်ကွာတယ်လေ။

၂၀၀၈ အခြေခံ ဥပဒေ အရ ဆိုရင်တော့ မြန်မာ့မြေပေါ် မြေအောက် သယံဇာတ နဲ့ မြေထု၊ ရေထု၊ လေထု ကို နိုင်ငံတော်က ပိုင်ပါသတဲ့။ နိုင်ငံတော်ကို ဘယ်သူပိုင်သလဲ ဆိုတော့ နေပြည်တော် အစိုးရ ပိုင်ပါတယ်။ နေပြည်တော်အစိုးရကို ဘယ်သူပိုင်သလဲ ဆိုတော့ ဦးပိုင် ကုမ္မဏီ ပေါ့ဗျာ။ လက်ပံတောင်းတောင် ကိစ္စမှာ အစိုးရ ၀န်ကြီးဌာနတွေ၊ အစိုးရ သတင်းမီဒီယာ တွေ၊ စစ်တပ်၊ ရဲ၊ အားလုံးက တက်ညီလက်ညီ ဦးပိုင် အကျိုးစီးပွါးကို ကာကွယ်ခဲ့ကြပါတယ်။ ဦးပိုင် အကျိုးစီးပွါးကို ပြည်သူ့အကျိုးစီးပွါး ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ ထုတ်ပြန်ငြေညာချက်က ရှက်လို့လားမသိဘူး မိနစ်ပိုင်းအတွင်း ပြန်သိမ်းလိုက်တာ တွေ့ရပါတယ်။

လက်နက်မဲ့၊ အကာအကွယ်မဲ့၊ ပြန်တိုက်ခိုက်သူ မရှိတဲ့ ဆန္ဒပြတောင်းဆိုမှု ကို လက်နက်အင်အားနဲ့ ညသန်းခေါင်း အိပ်မောကျချိန် ဖြိုခွင်းပြီး လူတွေ အများကြီးကို အနာတရ ဖြစ်စေတာ ဒီမိုကရေစီ နိုင်ငံတွေမှာ မရှိပါ။ ထိုင်း နဲ့ တောင် အဖရိကမှာ ဖြစ်တုန်းက ဆန္ဒပြတဲ့လူက လက်နက်တွေနဲ့ တိုက်ခိုက်လာလို့သာ ရဲက ပစ်တာပါ။

ဒီတော့ မြန်မာ ပြည်ဟာ ဘယ်နေရာ၊ ဘယ်ဒေသ မဆို အချိန်မရွေး ဦးပိုင်ရဲ့ အပိုင်စားမြေတွေ ဖြစ်နေပါတယ်။ ဦးပိုင် ကုမ္မဏီ က စစ်တပ်ကို နိုင်ငံတော် တာဝန်ယူစရာ မလိုအောင် ထောက်ပံ့သလား ဆိုတော့၊ အခုတလော လွတ်တော်ကနေ တပ်မတော် အသုံးစရိတ် မလောက်လို့ ဒီနှစ် အတွက် ဘက်ဂျက် တိုးတောင်းတဲ့ ကျပ်ငွေ သန်းပေါင်း xxxxxxxx နဲ့ အတူ အငြိမ်းစား ဗိုလ်ချုပ်တွေရဲ့ အလုပ်သမားကအစ နိုင်ငံတော် ဘက်ဂျက် သန်းပေါင်း xxxxxx ထည့်ပေးလိုက်ရ ပါသတဲ့။

ပညာရေး နဲ့ ကျန်းမာရေးမှာ ထပ်ဖြည့်တယ် ဆိုတာ လဲ တခါမှ မကြားဖူးတာ အမှန်ပါ။ ပြည်သူ သန်း ၆၀ ကို (တပ်မတော် မိသားစုက အစ) တိုက်ရိုက် အကျိုးတက်ရောက်တာ ပညာရေး နဲ့ ကျန်းမာရေး ဘက်ဂျက်တွေပါ။

ဒီတော့ မြန်မာပြည်ဟာ နေရာဒေသမရွေး၊ အချိန်မရွေး ဒိုင်ကောက်စားသွားနိုင်တဲ့ အနေအထားပါ။ ၂၀၀၈ အခြေခံ ဥပဒေ မပြင်သေးသ၍ပေါ့။\
 (duwa kachin facebook စာမျက်နှာမှကူးယူသည်။)
ဆက်ဖတ်ရန်

Linn Yaung (အမေစု ကြားနိုင်ပါစေ .....) ပြည်သူတစ်ယောက် ပြောတဲ့စကားပါအမေ


မုံရွာမှာ အမေပြောတဲ့ စကားတွေကို နားထောင်ပြီး ပြန်ပြောချင်စိတ
်ဖြစ်လာလို့ပါ။ ကျွန်တော့်လို ပြည်သူတစ်ယောက်ပြောတဲ့စကားကို အမေလည်း နားထောင်ချင်မယ်ထင်ပါတယ်။
(ဒီစကားတွေ အမေ့ဆီရောက်ပါစေ။)
-------------------------------

ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။
*(လုပ်ချင်သလို လုပ်လို့ မရဘူးဆိုတာ .. ပြည်သူကို ပြောတာလား .. အစိုးရကို ပြောတာလားအမေ)

အများနဲ့ ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ ထားပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။
*(အများကောင်းကြိုးအတွက် ကိုယ့်အကျိုးကို နောက်မှာ ထားရမယ်ဆိုတာ .. မွဲပြာကျပြီး လုပ်စားစရာ မရှိတော့တဲ့ ပြည်သူတွေကို ပြောရမယ့်စကားလား.. .
ထားစရာ မရှိတော့လို့ စင်ကာပူမှာ ကွန်ဒိုတိုက်ခန်းတွေ ၀ယ်ထားတဲ့ အစိုးရနဲ့ ပတ်သတ်တဲ့ လူတန်းစားကိုပြောတာလားအမေ)

ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့ နိုင်ငံ၊ အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လို လုပ်မလဲ၊ ဘယ်လို နေမလဲ၊ ဘယ်လိုထိုင်မလဲ။ ဘယ်လို ပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ ကျွန်မတို့ ဆုံးဖြတ်ရလိမ့်မယ်။
*(အမေ.. ကမ္ဘာကိုနောက်မှ ကြည့်ပါ။ မြန်မာကို အရင်ကြည့်ပါအမေ။ အူမတောင်မျ သီလစောင့်နိုင်မှာပါ။ အခု ကျွန်တော်တို့က သူများနိုင်ငံကို ကျူးကျော်နေတာ မဟုတ်ဘူး။ သူများ သယံဇာတတွေ ခိုးယူနေတာမဟုတ်ဘူး။ စာချုပ်တစ်စောင်နဲ့ ကျွန်တော်တို့ ဆန်အိုး ဘယ်ဟာက အဖိုးထိုက်တန်တဲ့လို့ ထင်လို့လဲ အမေ)

ကိုယ့်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတိုင်း လူတိုင်းမှာ တာဝန်ရှိဖို့ လိုပါတယ်။ နိုင်ငံတစ်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတစ်ယောက်တည်းနဲ့ လည်း မရဘူး။ အဖွဲ့အစည်းတစ်ခုတည်း လုပ်လို့လည်း မရဘူး။ အစိုးရချည်း လုပ်လို့လည်း မရဘူး။ ပြည်သူလူထုအားလုံး ပါဝင်မှ ကျွန်မတို့ နိုင်ငံ သိက္ခာရှိအောင် ကျွန်မတို့ လုပ်နိုင်မှာပါ။
*(အမေပြောသလို လုပ်ချင်စိတ်က နိုင်ငံသားတိုင်းမှာရှိတယ်အမေ။ ကျွန်တော်တို့က နောက်လိုက်တွေပါ။ ခေါင်းဆောင်တွေဖြစ်တဲ့ သူတွေက ခိုင်းပါ။ ညွှန်ကြားပါ။ ဒါပေမယ့် အဲဒါတွေ လိုက်လုပ်ဖို့ ဆန်အိုးကို အရင်ဖြည့်ပေးပါအမေ။ သူတို့ လယ်တွေ ကုန်သွားရင် ကျွန်တော်တို့ ဆန်အိုးတွေ ပျောက်ကုန်မယ်ဆိုတာကိုလည်း အမေ ယေဘုယျတွေးပါ။ သယံဇာတတွေ ထည့်မပြောသေးဘူးအမေ။ )

ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အခါမှာ ပြည်သူတွေ အကြိုက်ကို ကျွန်မ အမြဲလိုက်ပြီးတော့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်မ မှန်တဲ့အတိုင်းပဲ ပြောမယ်။ ပြည်သူတွေက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောပိုင်ခွင့် ရှိတယ်။ ကြိုက်ရင်လည်း ကြိုက်တယ်လို့ ပြောပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ကျွန်မ သေသေချာချာ ကတိပေးနိုင်တယ်။ ကျွန်မ ပြည်သူတွေကို လှည်ဖျားတဲ့ နိုင်ငံရေးမျိုး လုပ်လို့ မရဘူး။
*(ယုံတယ်.. အမေ့ကို ယုံတယ်။ အရင်ကလည်း ယုံတယ်။ အခုလည်း ယုံတယ်။ နောက်လဲ ယုံနေဦးမှာပါအမေ။ ကျွန်မကို ယုံပါလို တစ်ခွန်းမှ အမေပြောစရာ မလိုပါဘူး။ ကျွန်တော်ကတော့ ယုံပါတယ်အမေ။ ဒါပေမယ့်လေ.. အမေက ကျွန်တော့လောက်တော့ သတင်းတွေ လိုက်ဖက်နိုင်မှာ မဟုတ်ပါဘူး။ ဘယ်နေရာမှာ ဘာတွေဖြစ်နေတယ်ဆိုတာ အမေကျွန်တော့လောက် မသိဘူးအမေ။ )

နောက်ပြီးတော့ တစ်ခဏနာ ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တဲ့ နိုင်ငံရေးမျိုးလည်း ကျွန်မ မလုပ်ဘူး။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည်အကျိုးကို ကြည့်ပြီးတော့ ကျွန်မ လုပ်သွားမှာ။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည် အကျိုးကို ကြည့်ပြီးတော့ လုပ်တဲ့အခါမှာ ကျွန်မမှာ အားနည်းချက်တွေရှိလို့ ဆိုရင်လည်း ၀ိုင်းပြီးတော့ ပြုပြင်ပေးကြပါ။ ကျွန်မ လက်ခံဖို့ အဆင်သင့်ပါပဲ။
*(အမေက ဒီလို ပြောတော့ .. ကျွန်တော်က ဒီလိုပြောပါတယ်အမေ။ အမေ့အားနည်းချက်လို့ မပြောပါဘူး။ မပြောရက်ဘူးအမေ။ အမေက အားလုံးကို မသိနိုင်ဘူးလို့ ဖြေတွေးပေးပါတယ်။ အခုကလည်း အမေမသိနိုင်တာတွေ သိအောင် ပြောတာပါ။ ကျွန်တော့်ရဲ့ ဒီအတွေးအမြင်တွေကို အမေ့လောက် ပညာမတတ်ဘူးဆိုပြီး ပစ်ပယ်လိုက်တာမျိုးတော့ မဖြစ်စေချင်ဘူး။ အမေက ပညာတတ်တွေကိုပဲ ဆွေးနွေးရမယ့် တာဝန်ရှိတာမဟုတ်ဘူးအမေ။ ကျွန်တော်တို့ ယုံကြည်မှုတွေကို တန်ဖိုးထားရင် ကျွန်တော့်လို နလပိန်းတုန်းရဲ့ ခံစားချက်တွေကိုလည်း နားလည်အောင် ..ပြည့်ဝအောင် အမေကပဲ ဖြေရှင်းပေးရမှာပါ။ ကျွန်တော်က အမေ အလေးထားပါတယ်ဆိုတဲ့ ပြည်သူတစ်ယောက်ပါ အမေ)

ဒါပေမဲ့ ကျွန်မတို့ ပြည်သူတွေကလည်း သေသေချာချာ စဉ်းစားပါ။ သဘောထားကြီးရမယ်။ ရေရှည်အမြင်ရှိရမယ်။ ကျွန်မတို့နိုင်ငံမှာ အဓိကလိုအပ်ချက်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးပဲ။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ ဘာလဲဆိုတော့ ဆယ်စုနှစ်ပေါင်းမြောက်မြားစွာ ကွာဟနေတဲ့ အသင်းအဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ အုပ်စုတွေ စုစည်းပြီးတော့ နိုင်ငံ့အကျိုးအတွက်အတူ စွမ်းဆောင်နိုင်ဖို့ကိစ္စဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူအားလုံးဟာ ရေရှည်အမြင်နဲ့လုပ်ဖို့ လိုပါတယ်။ အဲ့ဒီလို ရေရှည်အမြင်နဲ့လုပ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ အခု ဒီဒေသမှာဖြစ်နေတဲ့အခက်အခဲတွေကို ကျွန်မတို့နိုင်ငံ သိက္ခာရှိမယ့် ပုံစံနဲ့ ကျွန်မ ဖြေရှင်းချင်ပါတယ်။ အဲ့ဒီလို လုပ်တဲ့အခါ ပြည်သူတွေက ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။

*(ရတယ် အမေ။ လက်ပန်းတောင်းတောင် ကိစ္စမှာ ထွက်လာမယ့် အဖြေတွေ အများကြီးရှိမယ်။ တိုင်းပြည်ရဲ့ ရေရှည်အကျိုးအမြတ်၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာ။ ဒါတွေကို အမေပြောသလို လက်ခံမယ်အမေ။ နောက်လိုက်ကောင်းတွေ ပီသစွာနဲ့ ယုံကြည်ရတဲ့ ခေါင်းဆောင်ဆုံးဖြတ်တာကို နာခံမှာပါအမေ။ ဒါပေမယ့် အမေ.. အကြမ်းဖတ်ခံရတဲ့ ပြည်သူတွေ ဘုန်းကြီးတွေ ကိစ္စကို အမေဘယ်လိုရှင်းမလဲ။ အခု.. တရားဥပဒေစိုးမိုးရေးအတွက် အမေတာဝန်ခံထားတာကို သိတယ်အမေ။ ပြည်သူအတွက် ကျောသားရင်သားမခွဲခြားတဲ့ ဒီမိုကရေစီနိုင်ငံရဲ့ ဥပဒေကို ဖော်ဆောင်ပေးပါ။ ကျွန်တော်တို့သိတဲ့ ဒီမိုကရေစီနိုင်ငံမှာ သမ္မတလည်း တရားစွဲတာ ခံရပါတယ်အမေ။)

ဒီမိုကရေစီလမ်းကြောင်း လျှောက်တဲ့အခါမှာ ပြည်သူတွေက ပြည်သူတွေရဲ့ ထောက်ခံမှုမရဘဲနဲ့ ကျွန်မတို့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံမှုဆိုတာ ပြည်သူအကြိုက်
 ရေတိုဆုံးဖြတ်ချက်လေးတွေ ချပြီးတော့ အဲဒီလို ပြည်သူရဲ့ ထောက်ခံမှုတွေ ဒီလိုမမှန်မကန်တဲ့ နည်းတွေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေကို ရမယ်ဆိုရင်လည်း ရေရှည်မှာ အကျိုးမရှိပါဘူး။ ကျွန်မစောစောကပြောသလိုပေါ့။ ပြည်သူတွေနဲ့ မှန်မှန်ကန်ကန်ဆက်ဆံမယ်။ ရိုးရိုးဖြောင့်ဖြောင့် ဆက်ဆံမယ်။
*(အမေ့ရဲ့ ကိုယ်ကျင့်သိက္ခာကို အကြွင်းမဲ့ ယုံပါတယ်အမေ။ အမေ မသိလိုက်တဲ့ ကိစ္စတွေကိုတော့ ထောက်ပြပါရစေ။ ဒါကလည်း ကျွန်တော်တို့ ခံစားချက်တွေကို အမေတိုက်ရိုက်သိနိုင်အောင် ရေးနေတာပါ)

ကျွန်မရဲ့ဆုံးဖြတ်ချက်တွေ၊ ကျွန်မရဲ့ လုပ်တာကိုင်တာတွေကို ပြည်သူက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောနိုင်တယ်။ ကျွန်မရှင်းပြမယ်။ ကျွန်မတစ်ခုခုကို လုပ်တယ်ဆိုရင် ဘာဖြစ်လို့ လုပ်သလဲဆိုတာ ရှင်းပြမယ်။
*(အမေ မုံရွာကို ရောက်တော့ အကြမ်းဖက် ဖိနှိပ်မှုက ဖြစ်ပြီးသွားပါပြီအမေ။ အမေအဲဒီအကြောင်းကို ဘာလို့ တစ်ခွန်းမှ မပြောခဲ့တာလဲ။ ကျွန်တော် ဒီမိန့်ခွန်းကို အစအဆုံးဖတ်ပြီးပါပြီ.. ရှင်းပြပါအမေ)

အခုဒီဒေသမှာ ကြေးနီစီမံကိန်းနဲ့ ပါတ်သက်ပြီး ဖြစ်နေတဲ့ပြဿာနာဟာ ကျွန်မကနေပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်။ ဒီလိုအေးအေးချမ်းချမ်းနဲ့ ပြေလည်တော့ ကျွန်မတို့ ပြည်သူတွေလည်း ဝမ်းသာတယ်။ နိုင်ငံလည်း သိက္ခာရှိတယ်။ ကျွန်မတို့ အနာဂတ်အတွက်လည်း ကောင်းတဲ့ခြေလှမ်းဖြစ်တယ်။ အဲ့လိုရအောင် ကျွန်မကြိုးစားမယ်။ ကြိုးစားပေမယ့်လို့ အောင်မြင်မယ်၊ မအောင်မြင်မယ် ဆိုတာကတော့ ကျွန်မကနေပြီးတော့ ဘယ်လိုအာမခံချက်မှ မပေးနိုင်ဘူး။ ဒါပေမယ့် ပြည်သူကသာ ကျွန်မနဲ့ လက်တွဲပြီးတော့ ပြေလည်မှုရှာမယ်ဆိုလို့ရှိရင် အောင်မြင်နိုင်မယ်လို့ ကျွန်မယုံပါတယ်။
*(ဘုန်းကြီးတွေ အရေပြား မီးလောင်ခံရပြီးမှ ရတဲ့ ငြိမ်းချမ်းရေးလားအမေ။ ငြိမ်းချမ်းရေးနဲ့ အောင်မြင်အောင် အမေလုပ်ပါအမေ။ ပြီးရင် .. မတရားမှုကိုတွေကိုလည်း ဆက်ပြီးဖော်ထုတ်ပေးပါအမေ။ လုပ်ချင်တာလုပ်ပြီး ငြမ်းချမ်းရေးခေါင်းစဉ်တပ်တိုင်း အပြစ်ကြေကြေးဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်းရေးကို မလိုချင်တော့ပါဘူး)

ဒီတော့ ကျွန်မက ပြည်သူကိုတစ်ခုပဲ တောင်းပန်ချင်ပါတယ်။ သေသေချာချာ စိတ်ရှည်ရှည်နဲ့ ကျွန်မဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ ဆုံးဖြတ်ချက်တော့ မချသေးဘူးပေါ့နော်။ ဒါပေမယ့် ကျွန်မ တစ်ဖက်ကိုတော့ မေးကြည့်ပြီးပါပြီ။ လုပ်ငန်းရှင်တွေဘက်ကို တွေ့ပြီး သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့ချင်တယ်။ ကန့်ကွက်တဲ့ ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။ ဟိုဘက်ဒီဘက် အဖြေ နှစ် ခုကို ကြည့်ပြီးတော့ တတ်နိုင်သလောက် ပြေလည်အောင်လို့ ကျွန်မ ညှိပေးချင်တယ်။ အဲ့လို ညှိပေးတာကို ပြည်သူတွေက သဘောတူရဲ့လား။
*(အမေက ညှိပေးပါ။ ကျွန်တော်တို့ကို အမေက တောင်းပန်စရာမလိုပါဘူး။ တရားဥပဒေစိုးမိုးရေးအတွက် ကျွန်တော်တို့ကသာ အမေ့ကို တောင်းပန်ချင်တာပါ။ ငြိမ်းချမ်းရေးလဲ လုပ်ပါ။ ဥပဒေစိုးမိုးရေးကိုလည်း အလေးထားပေးပါအမေ။ အပြစ်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးပါ။ ရွှေအိုရောင်ကို ကျွန်တော်တို့ မှတ်စုမှာ ကျော်သွားပေးလို့ရပါတယ်။ လွှတ်တော်အမတ်ဖြစ်နေတဲ့ အမေ.. တရားဥပဒေစိုးမိုးရေးတာဝန်ယူထားတဲ့ အမေရှိနေလျက်နဲ့ မုံရွာအကြမ်းဖက်မှုကိုတော့ မျက်ကွယ် မပြုရက်နိုင်ဘူး။ အမေလဲ သိထားကြားထားသလို .. တရုတ်ကို ကြောက်တယ်လို့ ပြောတဲ့ အစိုးရက ပြည်သူကို မီးလောင်တိုက်ချလိုက်တဲ့ ကိစ္စမို့ပါအမေ။)

ကျွန်မတို့ဆီက နိုင်ငံသားတွေက အေးအေးချမ်းချမ်းနေချင်တယ်ဆိုတာကို ကျွန်မယုံကြည်တယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေက အချင်းချင်းကြားမှာ စေတနာ မေတ္တာနဲ့ပဲ နေချင်တယ်ဆိုတာ ကျွန်မယုံကြည်တယ်။ ဒါ လူသားတိုင်းက ဒီလိုပါပဲ။ စေတနာမေတ္တာနဲ့ နေရတဲ့ ပတ်ဝန်းကျင်ဟာ အင်မတန်မှ အေးချမ်းပါတယ်။ ဒေါသတွေ ဟုန်းဟုန်းတောက်နေတဲ့ ပတ်ဝန်းကျင်ဆိုတာ မအေးချမ်းနိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ နိုင်ငံကြီး အေးချမ်းဖို့ အတွက် ကျွန်မအစဉ်အမြဲပဲ ပြန်လည်ရင်ကြားစေ့ရေးလမ်းကို ကျွန်မလျှောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလျှောက်တဲ့အခါမှာ ကျွန်မနဲ့အတူ ပြည်သူပါလာမှ ကျွန်မလုပ်ငန်းတွေမှာ အောင်မြင်နိုင်မှာပါ။
ဒါ့ကြောင့် ကျွန်မလမ်းမှာဆိုလို့ရှိရင် ပြည်သူတွေက ကြိုဆိုလေ့ရှိတယ်။ ကျွန်မ အင်မတန်မှ အားတက်တယ်။ အားတက်တယ်ဆိုတာ ကျွန်မကို ကျန်းမာပါစေလို့ ခေါ်နေလို့ မဟုတ်ဘူး။ အသက်ရာကျော်ရှည်ပါစေလို့ အော်နေလို့ မဟုတ်ဘူး။ တစ်ခါတစ်လေ စဉ်းစားမိတယ်။ အသက်ရာကျော်တောင် ရှည်ပါ့မလားပေါ့နော်။ ဒါပေမယ့် ဘာပဲပြောပြော ပြည်သူရဲ့ ထောက်ခံမှု ရှိရင်တော့ ကျွန်မတို့ လုပ်ငန်းတွေဟာ အောင်ခြေအများကြီှးရှိတယ်ဆိုတာ ကျွန်မအားတက်ရပါတယ်။
*(အေးအေးချမ်းချမ်းနေချင်တာပေါ့အမေ။ ကျွန်တော်တို့ မြန်မာတွေက မြန်မာပီသလွန်းလို့ကို ခက်နေတာပါ။ ဘယ်လောက်တောင် သီးခံနိုင်ကြသလဲဆိုတာ အမေလဲ အသိပါလေ။ ကုလားက၀ိုင်း.. တရုတ်က ၀ိုင်းထားတဲ့ ကိုယ့်အလောင်း အခေါင်းမြှုတ်ရမယ့် မြေ နေရာလေးမပျောက်ချင်တာပဲရှိတာပါ။ ဒါပေမယ့် ဇာတိမာန်ကြီးတဲ့ ကျွန်တော်တို့က ကိုယ့်အချုပ်အချာအာဏာကို ဘာမှ မဟုတ်တဲ့ တရုတ်ကုမ္မဏီလေးက စိုးမိုးခြယ်လှယ်သွားမှာကိုတော့ မမြင်ရက် မကြည့်ရက်ဘူးအမေ။ ကျွန်တော်တို့ကတော့ အသက်ရာကျော် မရှည်ချင်ဘူး။ မနက်ဖန်ဖြစ်ဖြစ် .. သဘက်ခါဖြစ်ဖြစ် မသေခင်လေးမှာ မြန်မာဆိုတဲ့ ဒီနိုင်ငံလေးမှာ စိတ်လက်ကြည်သာစွာ သေသွားချင်တာပါပဲ။ ဘာဖိနှပ်မှုမှ မရှိဘဲနဲ့ပေါ့အမေရယ်)

အဲဒီတော့ ခက်ခဲတဲ့အချိန်မှာ မိတ်ဆွေကောင်းဆိုတာ လွယ်ကူတဲ့အချိန် မဟုတ်ဘူး။ ကိုယ့်ဘက်ကနေပြီးတော့ ရပ်တည်ပေးတဲ့ အရာဟာ မိတ်ဆွေကောင်းပဲ။ ကျွန်မရဲ့ ပြည်သူတွေဟာ ကျွန်မရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်စေချင်ပါတယ်။ ဖြစ်စေချင်တယ်လို့ ကျွန်မရိုးရိုးပဲ ပြောပါရစေ။ ကျွန်မအနေနဲ့လည်း ကျွန်မတို့ပြည်သူတွေအတွက် မိတ်ဆွေကောင်း ဖြစ်ချင်ပါတယ်။ ခက်ခဲတဲ့အချိန်မှာလည်း ရပ်တည်မယ်။ နောက်တစ်ခုက မိတ်ဆွေကောင်းဆိုတာ မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း ဆက်ဆံရတယ်။ ပြောဆိုရတယ်။ ကိုယ့်အကြိုက်ကို လိုက်လိုက်ပြောတဲ့သူဟာ မိတ်ဆွေကောင်းလို့ မထင်နဲ့နော်။ မှားလိမ့်မယ်။ ဘယ်တော့မဆို ကိုယ့်အကြိုက်ကို လိုက်ပြီးပြောတာဟာ မိတ်ဆွေကောင်းများရဲ့ အလုပ်မဟုတ်ဘူး။ တစ်ကယ့်မိတ်ဆွေကောင်းဆိုတာ ကိုယ့်ရဲ့ကောင်းကျိုးကို ရှေ့ရှုပြီးတော့ ပြောသင့်ပြောထိုက်တာကို ပြောမယ်။ ထောက်ပြသင့်တာကို
 ထောက်ပြမယ်။ အဲဒါမဟုတ်ဘူးလား။ ကျွန်မတို့ဟာ တစ်ဦးနဲ့တစ်ဦး ကျွန်မနဲ့ ပြည်သူကြာမှာ တစ်ကယ့်ကို ကောင်းမြတ်တဲ့ မိတ်ဆွေကောင်းတွေ ဆက်ဆံမှုတစ်ခု ဖြစ်စေချင်ပါတယ်။

အဲဒါကြောင့် တတ်နိုင်သလောက် ကျွန်မက ပြည်သူတွေနဲ့ တွေ့တယ်။ ပြောဆိုတယ်ဆိုတာဟာ ပြည်သူတွေနဲ့ ကျွန်မရဲ့ကြားမှာ နားလည်မှုတွေ တည်ဆောက်နိုင်အောင်လို့၊ ကျွန်မတို့ကြားမှာ ကောင်းမွန်တဲ့ သံယောဇဉ်တွေ တည်ဆောက်နိုင်အောင်လို့ ကျွန်မတွေ့ဆုံတာပါ။ တစ်ကယ်လို့ တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့နိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် သန်း ၆၀ ကို ဘယ့်နှယ့်လုပ်သွားလို့ရမှာလဲ။ သိန်း ၆၀ ကို တစ်ယောက်ချင်း တစ်ယောက်ချင်း မတွေ့နိုင်တဲ့အခါကျတော့ ဒီလိုပဲ အစုလိုက်တွေ့ရတာပဲ။ ဒီလိုတွေ့ရတိုင်းလည်း ကျွန်မဝမ်းသာပါတယ်။
တစ်ခါတစ်လေ ခရီးသွားရင် စိတ်ဆိုးရတာတွေ အများကြီးရှိတယ်။ ပြည်သူတွေမဟုတ်ပါဘူး။ ကျွန်မတို့ အဖွဲ့တွေ လုပ်ပုံကိုင်ပုံမဟုတ်လို့။ ဒါပေမယ့် အဲ့လို စိတ်ဆိုးရတဲ့အခါတောင်မှ ပြည်သူတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ ကျွန်မကို ကြိုဆိုတဲ့အခါ စိတ်ဆိုးတာတွေ ပြေရပါတယ်လို့ ပြောပြချင်တယ်။ ဒါကြောင့် ကျေးဇူးတင်ပါတယ်လို့။

အခုတော်တော်လေး မှောင်နေပြီဆိုတော့ နောက်ဆုံးအနေနဲ့ ကျွန်မတောင်းပန်ချင်တာရှိတယ်။ ဒီလိုမှောင်တဲ့အထိ စောင့်ရအောင်လို့ လုပ်ခဲ့တာကို ကျွန်မတောင်းပန်ပါတယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့။ နံနက်တုန်းက မန္တလေးကနေ မုံရွာကိုလာတော့။ မုံရွာက ပြည်သူလူထုက အင်မတန်မှ သောင်းသောင်းဖျဖျ ကြိုဆိုတယ်။ တော်တော့ကို နောက်ကျသွားတယ်။ လမ်းမှာ ဖြေးဖြေးလေးပဲသွားဖြစ်တယ်။ အဲ့ဒါကြောင့် ကျွန်မဒီမှာ အရောက်နောက်ကျတယ်။ နောက်ကျတော့ လမ်းမှာ ကြိုဆိုတဲ့ ရွာသူရွာသားတွေကို ကျွန်မကောင်းကောင်း မနှုတ်ဆက်နိုင်ခဲ့ဘူး။ ဟိုဘက်က အလုပ်ချိန်းထားတာကို နောက်ကျမှာဆိုးလို့။ အဲ့ဒါကြောင့် လမ်းမှာ မနှုတ်ဆက်ခဲ့ရတဲ့ ရွာသူရွာသားတွေကို တောင်းပန်ပါတယ်။ အခုလို မှောင်တဲ့အထိ စောင့်ရတဲ့ ဒီကိုရောက်နေတဲ့ ပြည်သူအားလုံးကိုလည်း တောင်းပန်ပါတယ်လို့ ပြောပါရစေ။

နောင်ဆိုလို့ရှိရင်လည်း ကျွန်မတို့ အများကြီး အတူတူလုပ်ရဦးမယ်။ ဒီလို မျက်နှာချင်းဆိုင် မတွေ့နိုင်သည့်တိုင်အောင် ကျွန်မတို့နိုင်ငံ ကောင်းကျိုးအတွက်ဆိုတာ ကျွန်မတို့ အားလုံးအတူလုပ်ရမှာပဲ။ အဝေးက ဆက်သွယ်မှုနဲ့ ကျွန်မတို့ လုပ်သွားရမှာပဲ။ တစ်ချို့ကျတော့လည်း ကျွန်မရဲ့ ရှေးရေစက်အရ ပြန်ပြီးတော့ နီးနီးကပ်ကပ် ပြန်တွေ့ရတဲ့ လူတွေလည်း ရှိမှာပါ။ ဒီလိုနီးနီးကပ်ကပ် ပြန်ပြီးတော့ မဆုံနိုင်ဘူးဆိုရင်တောင် ဒီလို တစ်ချိန်တစ်ခါမှာ ကျွန်မတို့ဟာ အတူတူ နိုင်ငံရဲ့ ပြဿာနာကြီးအတွက် စဉ်းစားပိုင်ခွင့် အတူတူထိုင်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ခွင့် ရတာကိုလည်း ကျွန်မရင်ထဲ အမြဲမှတ်သားထားပါတယ်။ ကျွန်မရင်ထဲမှာ ထိန်းသိမ်းထားပါမယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။

*(ကျွန်တော်နိဂုံးချုပ်ပြောချင်တာကတော့ အမေ..
ကျွန်တော်က အမေ့လောက် အတွေးအခေါ် မရှိသူပါ။
အတွေ့အကြုံ မရှိသူပါ။
အမေ့လောက် မရဲရင့်သူပါ။ အမေ့လောက်လဲ မပေးဆပ်ရဲသူပါ။
ဒါပေမယ့် ကျွန်တော်ပြည်သူပါအမေ။
အမေ အလေးထားတယ်ဆိုတဲ့ အမေ့ရဲ့ ပြည်သူပါ။
အမေ့နောက်က လိုက်မယ့် အမေ့ရဲ့ နောက်လိုက်ကောင်းတစ်ယောက်ပါ။
အခုအမေက ..ပြောချင်ရင်ပြောဆိုလို့ ပြောပါတယ်။
ပြည်သူတစ်ယောက်အနေနဲ့ပါ။

တစ်ခုပါပဲ။
အပြစ်ရှိသူတွေကို စီရင်ပါအမေ။
ဆက်ဖတ်ရန်

ဒီမိုကရေစီ ဆိုတာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး

မုံရွာခရိုင် လက်ပံတောင်းတောင် ကံကုန်းကျေးရွာမှာ ပြောကြားသွားတဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း (နိုဝင်ဘာ ၂၉ ၊ ၂၀၁၂) မှာ “ဒီမိုကရေစီ ဆိုတာ ကိုယ့်ရဲ့ကံကြမ္မာကို ပြည်သူလူထုတွေ ကိုယ်တိုင် ဖန်တီးရေး၊ ဆုံးဖြတ်ရေးကို ပေးထားတဲ့ စနစ်ပဲ” လို့ အစချီပြီး ပြောသွားပါတယ်။

ဟုတ်ပါတယ်.. အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာ အားလုံးသည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး (Self-determination) စနစ်မရှိလို့ ဖြစ်နေခဲ့တာချည်းပါ။
တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ပွဲဝင်နေရတဲ့ အကြောင်းရင်းများကလဲ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မြို့နေ အလယ်အလတ် လူတိုင်းစား နဲ့ အစိုးရ အဖွဲ့ဝင် ဗမာလူမျိုးအများပိုင်းဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး ဆိုတာကို တိုင်းရင်းသားဒေသ အတွက် သီးသန့်ဖြည့်ဆည်းပေးရမဲ့ အထူး အခွင့်အရေး ပြဋ္ဌာန်းချက် လို့ မြင်ထားပုံ ရပါတယ်။ တကယ်တော့ ဗမာလူမျိုးများမကျန်၊ တိုင်း နဲ့ ပြည်နယ်တိုင်း၊ မြို့နယ်တိုင်းမှာ လိုအပ်နေတာ ပြည်သူတွေ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး ပဲ ဖြစ်ပါတယ်။

ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ စနစ်ရှိဖို့ ဆိုတာ ဗဟိုချုပ်ကိုင်မှု စနစ်ကို မဖြစ်မနေ လျှော့ချလိုက်ရမှာပါ။ ၂၀၀၈ အခြေခံ ဥပဒေ နဲ့တော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးလို့ မရပါ။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေးကို စစ်ခေါင်းဆောင်တွေနဲ့ ဗမာ အမျိုးသားရေး ပြင်းထန်သူများရဲ့ အမြင်မှာတော့ ခွဲထွက်ရေး လို့ မြင်ကောင်း မြင်ပါလိမ့်မယ်။ တကယ်တော့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် မရှိခဲ့လို့ ခွဲထွက်ချင်လာရခြင်းပဲ ဖြစ်ပါတယ်။

လက်ပံတောင်း တောင် ပြည်သူလူထုဟာ ဗမာလူမျိုး မဟုတ်ပဲ၊ တခြားတိုင်းရင်းသား လူမျိုးများဖြစ်နေလျှင် ဒီလို တပိတ်မှောက်ရဲမှာလဲ မဟုတ်ပါ။ ဒါပေမယ့် သူတို့ ရင်ထဲမှာတော့ အနာတရတွေနဲ့ ကိန်းအောင်းနေပြီး၊ လက်နက်ကိုင် တိုက်ခိုက်ချင်လာမှာ မလွှဲပေ။

မြန်မာနိုင်ငံရဲ့ အဓိက မပြီးပြတ်နိုင်တဲ့ ပြဿနာ အရင်းအမြစ်သည်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး ပျက်သုန်းနေခဲ့တဲ့ ပြဿနာဖြစ်သည်။ ဒီလို စနစ်မရှိပဲ ဒီမိုကရေစီ ရပြီ လို့ ပြောနေတဲ့ လူတွေဟာ ကိုယ်ကျိုးကာကွယ်ရေးသမား ဖြစ်ချင်ဖြစ်မယ်။ ဒါမှ မဟုတ် ဒီမိုကရေစီ စနစ်ကို နားမလည်သူပဲ ဖြစ်ပါလိမ့်မည်။ (NDAK ခေါင်းဆောင်ဟောင်း ဦးဇခုန်တိန်ယိန်း ကတော့ မြန်မာပြည် ဒီမိုကရေစီ ရနေပြီ ဆိုပြီး ခတ်တည်တည် ပြောဖူးပါသည်။)

ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေးကို ကြောက်တဲ့ လူစားမျိုးတွေလဲ ရှိတတ်ပါတယ်။ သူတို့ကတော့ အာဏာရှင်များ နဲ့ ဗဟိုချုပ်ကိုင်မှု စနစ်မှာ စီးပွါးဖြစ်နေခဲ့တဲ့ ခရိုနီ တွေပါပဲ။ တရုတ်အစိုးရကတော့ ဗဟိုချုပ်ကိုင်မှု စနစ်ကို သိပ်သဘောကျလျှက်ရှိပါတယ်။ စီးပွါးရေးလုပ်ရတာ အဆင်ပြေလွန်းလို့ပါ။
ဒီတော့ သူတို့က မြန်မာ့ကရေစီ လို လက်တလုံးခြား ဒီမိုကရေစီစနစ် ကို ဖန်တီးတတ်ပါတယ်။

ဒီမိုကရေစီ စနစ်ဆိုတာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး ကိုခေါ်သည်။
 (duwa kachin facebook စာမျက်နှာမှကူးယူသည်။)
ဆက်ဖတ်ရန်

နောင်လာမည့် မျိုးဆက်သစ်များအတွက် တို့တတွေပေးဆပ်ရမယ်





ဘဝဆိုတာ တစ်ချိန်မဟုတ် တစ်ချိန်မှာ သေကြရမည် မဟုတ်ပါလား။
ဒီယုတ်မာဆိုသွမ်းတဲ့ အာဏာရှင်တွေက ဦးဇင်းတို့ကို ဒီလိုလုပ်လိုက်တယ် အခုတော့ ဦးဇင်း ဘဝမျက်လုံးကန်းလေပြီ၊ တော်သေးတာပေါ့ မျက်လုံးတစ်ဖက်က မိခင် ဆွေမျိုး ဆရာသမားကို မြင်ခွင့်ရှိလို့၊ ရွာကလူတွေက ငါဒီလို မျက်ကန်းဖြစ်သွားတယ်ဆိုတာ ခုချိန်ထိ မသိကြသေးပါဘူး။ သာသနာ့အတွက် သာသနာ့ဝန်ကိုထမ်းမယ်ဆိုပြီး ရဟန်းဝတ်ခဲ့တယ်။
ကံမကောင်းအကြောင်းမသင့်လေတော့ ဦးဇင်းမွေးဖွားတဲ့တိုင်းပြည်မှာ အာဏာရှင်တွေကြီးစိုးတယ်။မရှိဆင်းရဲသားတွေကို နှိပ်ကွပ်တယ်၊ မရှိဆင်းရဲသားတွေရဲ့ ဆွမ်းကို ဦးဇင်းတို့က စားမိတော့ ဘာသာရေးကိုကျောခိုင်းကာ မရှိဆင်းရဲသားတွေဘက်က ရပ်တည်ပေးခဲ့တယ်။
ဒါပေမယ့် ဦးဇင်းတို့မှာ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မပါပါဘူး။ပထမရည်ရွယ်ချက်က တိပိဋကစာပေတွေကို သင်ယူပြီး မျက်လုံးအကန်းခံမည်။ဘာသာရေးမှာ ဘဝကို မြှပ်နှံမည်၊ အခုတော့ တိပိဋက စာပေတွေကောင်းကောင်းမတက်ခင်မှာမျက်လုံးတစ်ဖက် ကန်းရလေပြီ၊ ဒီလို အများအကျိုးဆောင်ရွက်ရင် ဒီလိုအနှိပ်စက်ခံရသလား၊ဒါမှ မဟုတ် မြန်မာနိုင်ငံမှာရှိတဲ့ ရဟန်းတွေ ကျိန်စာသင့်လေသလား၊
မြန်မာနိုင်ငံမှာ လူသန်း ၆၀ကျော်ရှိတယ်လို့ ဖတ်ဖူးတယ်။ရဟန်း သာမဏေ ဆယ်သိန်းခန့်ရှိတယ်လို့ ဖတ်ဖူးတယ်။သန်း၆၀သောလူတွေ အခုကြေးနီးစီမံကိန်းမှာ ပါဝင်တဲ့ လူပေါင်းတစ်ထောင်မပြည့်ပါဘူး။
ရဟန်းသာမဏေက ဆယ်သိန်းရှိပေမယ့် အနည်းဆုံး သုံးရာကျော်ပါဝင်တယ်။လူပမာဏနှင့်ယှဉ်ရင် ရဟန်းတွေက များနေတယ်လို့ ဆိုလိုချင်တယ်။ဒီအရေးတော်ပုံကြီး အောင်မြင်ခဲ့ရင် ဦးဇင်းတို့က ဘာမှ ခံစားခွင့်မရှိတာသေချာပါတယ်။ဒါပေမယ့် လူတွေကတော့ ခေတ်တစ်ခေတ်မှာ ဒီလိုပွဲတွေကြုံတိုင်းခေါင်းတွေပေါ်ပေါက်ခဲ့တယ်။ လူသူရဲကောင်းကြီးတွေပေါ့။
ဦးဇင်းတို့ရဲ့ ဘဝ ပေးဆပ်မှု့သက်သက်ပါ။ဒီအရေးတော်ပုံမှာ ပြည်သူတွေက ခေါင်းဆောင်ကြီးတွေ ဝန်ကြီးတွေမဖြစ်ချင်နေပါ။ပြည်သူတွေ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရင်ကျေနပ်ပါပြီ။ အရေးတော်ပုံဖြစ်တိုင်း သေရေးရှင်ရေးဖြစ်တိုင်း ဘယ်သူဌေး ဘယ်သူကြွယ် ကုလား တရုပ်တွေပါဝင်လေ့မရှိပါဘူး။ မှန်ပါတယ်။ လူဆိုတာ ကိုယ့်ကြီးပွားမဲ့လမ်း အတားဆီးဖြစ်စေမယ့်၊အလုပ် ဘယ်လုပ်ရဲပါ့မလဲ။ ဘယ်လိုဖြစ်ဖြစ်ပေါ့လေ၊ မြန်မာနိုင်ငံဘုန်းကြီးဖြစ်နေတာ ဘယ်လောက်ပဲ စွန့်လွတ် စွန့်လွတ်၊ ဘယ်လောက်ပဲ ဒဏ်ရာရရ၊ အချိန်တန်ရင် ကိုယ်သွားရမယ့်လမ်းကိုသိပြီးသားပါ။
ဒါပေမယ့် ဦးဇင်းကတော့ ဆွမ်းတနပ်စာအတွက် သန်း၆၀သော လူထုအတွက် ဦးဇင်းမျက်လုံးတစ်ဖက်ကို ပေးဆပ်လိုက်ပြီ။
သန်း ၆၀သောလူထုကလည်း ဦးဇင်းလိုပေးဆပ်ဖို့ ကြောက်နေမယ်ဆိုရင် နောင်မှာ စစ်အာဏာရှင်စနစ်ဆိုးကြီးအောက်က ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး။


ခင်ဗျားဘဝတစ်ခုအတွက်တော့ လွတ်ချင်လွတ်မယ်။ ဒါပေမယ့် ခင်ဗျားရဲ့ သားသမီး နောင်လာမည့် မျိုးဆက်အတွက် ဘယ်တော့မှ လွတ်မှာမဟုတ်။ အဲဒါကြောင့် နောင်လာမည့် မျိုးဆက် အနာဂါတ်လူငယ်တွေအတွက် ဖခင်တွေ မိခင်တွေ အကိုတွေ ညီတွေ ဒီစစ်အာဏာရှင်စနစ်ဆိုးကြီးကို တွန်လှန်တော်လှန်ကြပါစို့လို့ ဦးဇင်းက တိုက်တွန်းလိုက်ပါတယ်။
(မျက်လုံး တစ်ဖက်ပျက်စီးသွားသောရဟန်းရဲ့ကိုယ်စား ခံစားချက်ကို မျှဝေလိုက်ပါတယ်)
ထောက်စူး


မှတ်ချက်။……ကျနော်မေလ်းထဲကို မြန်မာလိုရော ဘာသာပြန်ပြီးသားပါပို့လာလို့ CNN iReport မှာပါ မျှဝေလိုက်ပါသည်။http://ireport.cnn.com/docs/DOC-888386
ဆက်ဖတ်ရန်

ယခုကြေနီစီမံကိန်း ဆန္ဒပြသူတွေကို သုံးလိုက်တဲ့ မျက်ရည်ယိုဗုံးတွေဟာ မယုံသင်္ကာဖြစ်စရာပါ၊ အခုလို အကြမ်းဖက်လိုက်ခြင်းဟာ လက်ရှိအစိုးရ ဒေါ်အောင်ဆန်းစုကြည်အပါဝင် သမ္မတဦးသိန်းစိန်မှာ တာဝန်ရှိပါကြောင်း

စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေ နှစ်ဆယ်လောက် ထိ မီးညွှန့် ပန်းထွက်တဲ့ သေနတ်မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက်အမျိုးအစားက "စစ်မြေပြင်"မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာ နေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့် ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။ လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။

ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ် ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။ အထဲမှာ ဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင်စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နိုင်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်းလိုက်ရတာလည်း မှတ်မိကြမှာပေါ့။

အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယိုဗုံး ဆိုတာက မီးလောင်ဗုံးမှ မဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရ မဖြစ်စေပဲနဲ့ လူစုခွဲနိုင်ရုံ ရည်ရွယ်တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစား သာဖြစ်တယ်။ အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇဝတ်မှု အကြီးကြီး တစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်။

တခြားဖြစ်နိုင်တာကတော့ ကပစ ကထုတ်တဲ့ မျက်ရည်ယိုဗုံးတွေ စံချိန်မမှီတာကြောင့်လည်းပဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် အရပ်သားတွေကို မီးလောင်ဒဏ်ရာရစေတဲ့အထိ ဖြစ်သွားတာကတော့ (မတော်တဆပဲဖြစ်ဖြစ်၊ တမင်တကာပဲဖြစ်ဖြစ်) ဘယ်နည်းနဲ့မှ လက်ခံနိုင်စရာ အကြောင်းမရှိ။ ကိုယ်ချင်းမစာတတ်ရင် ကိုယ့်အသားပေါ်ကိုယ် ဆီပူ တစက်လောက် ချကြည့်နိုင်တယ်။ (Sai Thein Win)
ဆက်ဖတ်ရန်

ဖိုင်ကောင်းကျေးရွာသားများကို အစိုးရတပ်များမှ =========================== ဘုရားေ ကျာင်းထဲတွင် အစာအငတ်ထည့်သွင်းထား

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ်ပန်ဆိုင်းမြို့နယ် ဖိုင်ကောင်းကျေးရွာအနီးတွင် အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)ကြား ယနေ့မနက်မှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်များသည် အနီးကျေးရွာသားများကိုကြိမ်းမောင်းကာ ကျေးရွာရှိခရစ်ယာန်ဘုရားကျောင်းထဲတွင် သွင်းထားကြောင်းမျက် မြင်သက်သေများပြောသည်။

ဖိုင်ကောင်းကျေးရွာအနီး အစိုးရတပ် (ခလရ ၂၄၀) တပ်ဖွဲ့များနှင့် ကချင်လွပ်မြောက်ရေးတပ် ကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ဖွဲ့များ ယနေ့နံနက် ၇ နာရီမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၀ နာရီချိန်ခန့်တွင် ကျေးရွာရှိ ပြည်သူများကို အတင်းအဓမ္မကြိမ်းမောင်းခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေ တစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။

“အဲဒီရွာနားမှာ ဒီမနက် ၇ နာရီကနေ ပစ်ခတ်ကြတာ။ ပြီးတော့ ရွာကလူတွေအားလုံးကို မောင်းပြီး ဘုရားကျောင်းမှာ ထည့်ထားတယ်။ ပြီးတော့ အစိုးရစစ်သားတွေစောင့်နေတယ်။ ရွာလူကြီးကိုတော့ ဖမ်းပြီး ရိုက်နှက် နှိပ်စက်ပြီးတော့ KIA စစ်သားတွေကို ခေါ်ပေး မခေါ်ပေးရင် မင်းတို့ရွာကို မီးရှို့လိုက်မယ်ဆိုပြီး ဒီနေ့ တနေ့လုံး ဆွဲခေါ်သွားတယ်။”

အစိုးရတပ်များသည် ရွာသူကြီးကို ရိုက်နှက်နှိပ်စက်ပြီးနောက် ညနေပိုင်းတွင် ဘုရားကျောင်းတွင်း ပြန်လည်သွင်းထား ကြောင်း သိရသည်။

ဖိုင်ကောင်းအနီး တိုက်ပွဲဖြစ်ပွားချိန် အစိုးရဘက်မှ ၆ ဦးသေဆုံးပြီး အချို့မှာဒဏ်ရာရရှိကြောင်း ရှေ့တန်းမှ သိရှိရသည်။

ဖိုင်ကောင်းကျေးရွာသားများသည် ၎င်းတို့အနီးတ၀ိုက် တိုက်ပွဲမကြာခဏဖြစ်ပွားခြင်းကြောင့် တချို့ ရွာအနီး တရုတ်နယ်စပ်ဘက်တွင် တဲများပြုလုပ်ထားကာ ပြောင်းရွှေ့နေထိုင်ပြီး စပါးနှင့် အိမ်တွင်း ပစ္စည်း များကို ပြောင်းရွှေ့ထားခဲ့ရာ ၎င်းတဲစခန်းများကိုလည်း အစိုးရတပ်ဖွဲ့မှ ယနေ့ မီးရှို့ဖျက်ဆီးပေးလိုက်ကြောင်း ဒေသခံများပြောသည်။

ဖိုင်ကောင်းကျေးရွာတွင် အိမ်ခြေ ၆၂ ခုရှိပြီး လူဦးရေ ၄၀၀ ကျော်ရှိကြောင်း သိရသည်။ အစိုးရတပ်ဖွဲ့များက ထိုကျေးရွာသားများကို ဘုရားကျောင်းတွင် အစာရေစာ အငတ်ထားခြင်းဖြစ်သောကြောင့် ၄င်းတို့သက်ဆိုင်သည့် ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

(source-KNG)
ဆက်ဖတ်ရန်

ဒေါ်စု နှင့် ဦးသိန်းစိန် တို့အဖွဲ့ မှ ကျေးဇူးရှင် တရုတ် တွေ ကောင်းစားဖို့ အတွက် ရဟန်းရှင်လူပြည်သူများအား ဤကဲ့သို့ ...........................


ဦးအောင်မင်း နဲ့ ဘာသော်လဲတော့မသိဘူး...
အတိုင် အဖောက် ညီညီ -ဒေါ်စု နဲ့ ဦးအောင်မင်း......
ဦးအောင်မင်း ပြောတာ က --တရုတ်ကိုကျေးဇူးဆပ်ရမယ်တဲ့---
ဒေါ်စု ---ကပြောပြန်တော့ ..တရုတ်ကို ကတိတည်ရမယ်တဲ့...။
ကဲဗျာ ခင်များတို့ဘဲ စဉ်းစားကြည့် ကြပါတော့ဗျာ..။
================================

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ စီမံကိန်းနယ်မြေမှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်း နှစ်ခုက ဆန္ဒပြသံဃာတော်တွေနဲ့ ဆန္ဒပြနေသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုန်းတွေ၊ မီးသတ်ပိုက်တွေနဲ့ အင်အားသုံး ဝင်ရောက်ဖျက်ဆီး
ခဲ့တာကြောင့် သပိတ်စခန်း ၆ ခုထဲက လယ်တီဆရာတော် ဘုရားကြီး သတင်းသုံးနေထိုင်ခဲ့တဲ့ သာသနာနယ်မြေမှာဖွင့်လှစ်ထားတဲ့ သပိတ်စခန်းမှအပ ကျန်သပိတ်စခန်း ငါးခုလုံးကို စွန့်ခွာပေးခဲ့ရပြီဖြစ်တယ်လို့ သိရပါတယ်။
ယခုလိုအာဏာပိုင်အဖွဲ့အစည်းတွေဘက်က အင်အားသုံးဝင်ရောက်ဖြိုခွဲခဲ့တာကြောင့် သံဃာတော်အချို့ဒဏ်ရာရှိမှုတွေရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဝိဇ္ဇာ-သိပ္ပံကျောင်းသားများကွန်ရက်က ကိုသောင်းထိုက်က RFA ကိုပြောပါတယ်။

ဆက်ဖတ်ရန်

( မုံရွာကြေးနီစီမံကိန်းမရပ်ဖို့ တရုတ်သံရုံး ပြောပြီ )


မုံရွာကြေးနီစီမံကိန်းရပ်ဆိုင်း
ဖို့ လက်ပံတောင်းတောင်ဒေသ နဲ့ တခြားဒေသတွေမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ရုပ်ဆို
းတဲ့ နှိမ်နင်းမှုများ လက်ပံတောင်းတောင်သပိတ်စခန်းတွေမှာ ပေါ်ပေါက်လာတဲ့ နောက်တနေ့မှာပဲ ရန်ကုန်မြို့တရုတ်သံရုံးက သူတို့ရဲ့ သဘောထားကို ထုတ်ပြန်လိုက်ပါတယ်။

ကြေးနီစီမံကိန်းကို ဆက်လုပ်ပါ ဆိုတဲ့ သဘောကို အဲဒီသတင်းထုတ်ပြန်ချက်မှာ ထင်ထင်ရှားရှား တွေ့ရမှာပါ။

မြန်မာလို ထုတ်ပြန်ရာမှာလည်း အဲဒီသဘောကို တွေ့ရပါတယ်။

မူရင်းထုတ်ပြန်ချက် (အင်္ဂလိပ်)
PRESS RELEASE
EMBASSY OF THE PEOPLE'S REPUBLIC OF CHINA
Tel: (951) 221280 221281• Fax: (951) 227019
Remarks on the Monywa Copper Mine Project
FOR IMMEDIATE RELEASE

Monywa Cooper Mine Project is a joint venture between business communities of China and Myanmar that will bring benefits to both sides.
Issues such as relocation, compensation, environmental protection and profit sharing regarding this project were jointly settled through negotiations by the two sides and meet Myanmar's laws and regulations.
We hope all levels of Myanmar society can create a favorable environment for the project's smooth operation based on respect for laws and regulations of Myanmar.

For further information, please contact Mr. Gao Mingbo, spokesperson of the Embassy at
0943209652 or gaomingbo@gmail.com.

မူရင်းထုတ်ပြန်ချက် (မြန်မာ)



တရုတ်သံရုံးရဲ့ မြန်မာလို ထုတ်ပြန်ချက်က အင်္ဂလိပ်လိုထုတ်ပြန်ချက်နဲ့ မနီးစပ်တဲ့စကားလုံးတချို့ ပါဝင်နေပါတယ်။

စိတ်ဝင်စားသူများ ဖတ်နိုင်ဖို့ အတတ်နိုင်ဆုံး တိတိကျကျ ဘာသာပြန်ပေးလိုက်ပါတယ်။
သတင်းထုတ်ပြန်ချက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး
ဖုန်း (၉၅၁) ၂၂၁ ၂၈၀၊ ဖက်စ် (၉၅၁) ၂၂၇ ၀၁၉

မုံရွာကြေးနီတူးဖော်ရေးလုပ်ငန်းစီမံကိန်းအပေါ် သုံးသပ်ချက်

တရုတ်မြန်မာ နှစ်နိုင်ငံကုမ္ပဏီများကြား ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းတခုဖြစ်သော မုံရွာကြေးနီတူးဖော်ရေးလုပ်ငန်းစီမံချက်သည် နှစ်ဘက်စလုံးအတွက် အကျိုးရှိစေမည်ဖြစ်သည်။

စီမံကိန်းနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသော နေရာရွှေ့ပြောင်းမှု၊ လျော်ကြေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ အကျိုးအမြတ် ခွဲဝေရေး စသည်တို့ကို နှစ်ဘက် ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်ခဲ့ပါသည်၊ မြန်မာနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်လည်း ကိုက်ညီပါသည်။

စီမံကိန်း အဆင်ပြေစွာ လည်ပတ်နိုင်ရေးအတွက် မြန်မာပြည်မှ လူမှုအလွှာအသီးသီးက မြန်မာနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သင့်လျော်သော အခြေအနေတခုကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။


တရုတ်သံရုံး အွန်လိုင်း လိပ်စာ - http://mm.china-embassy.org/eng/
ကြေညာချက်စာမျက်နှာ လိပ်စာ - http://mm.china-embassy.org/eng/sgxw/P020121130031637704213.pdf


irrawaddy.org
ဆက်ဖတ်ရန်

ကချင်နာမည်ခံ တရုတ်နွယ်ပွါး ဇခုန်တိန်ယိန်း မိသားစု ရိုးရာ နှင့် ဓန

ပန်ဝါ ဆိုတဲ့ ကချင်ပြည်နယ်ရဲ့ အရှေ့မြောက်ဖက် တရုတ်ပြည်နယ်စပ် နဲ့ ထိစပ်နေတဲ့ မြို့ဟာ ကချင် အထူးဒေသ (၁) ဌာနချုပ်ပါ။ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကျရှုံးချိန် ဇခုန်တိန်ယိန်း ဦးဆောင်သော မြောက်ပိုင်း ဗကပ အဖွဲ့ဟာ အစိုးရ နဲ့ ငြိမ်းချမ်းရေး ယူပြီး New Democratic Army Kachin (NDAK) ဆိုတဲ့ နာမည်နဲ့ ရပ်တည်ခဲ့ပါတယ်။ ဇခု
န်တိန်ယိန်းဟာ ကိုယ်ကျိုးမက်သူပီပီ အရင်တုန်းက ကေအိုင်အေ မှာ တပ်မှူးဖြစ်ခဲ့သော်လည်း၊ တရုတ်အစိုးရမှ ကေအိုင်အေကို ကွန်မြူနစ် လုပ်ရင် အစစ အရာရာ ထောက်ပံ့မယ် လို့ ကမ်းလှမ်းခဲ့တဲ့ အချိန်၊ ကေအိုင်အေက လက်မခံ ခဲ့သော်လည်း၊ သူ ဦးဆောင်တဲ့ အဖွဲ့တချို့ဟာ ကွန်မြူနစ်ဖက် ပြောင်းသွားပါတယ်။ ကေအိုင်အေဟာ အစကတည်းက ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်နေတာပါ။ ဇခုန်တိန်ယိန်း အဖွဲ့ကတော့ နောက်ပိုင်း ကွန်မြူနစ် ကျခါနီးမှာ ငြိမ်းချမ်းရေးယူတော့ ကွန်မြူနစ်ကနေ နေ့ချင်းညချင်း ဒီမိုကရက် နာမည်နဲ့ ငြိမ်းချမ်းရေး အဖွဲ့ လုပ်လိုက်ပြီး ပန်ဝါ နဲ့ ကန်ပိုင်တီ တောင်ကြောတလျှောက် ထူထပ်လှသော ထင်းရူးပင်များကို တရုတ်ပြည်သို့ ခုတ်ရောင်းနေခဲ့တာ ဆယ်စုနှစ် နှစ်ခု တောင် လုပ်စားလိုက်ရပါတယ်။ ထင်းရူးပင်များမက ပါဘူး။ အထူးဒေသ (၁) ငြိမ်းအဖွဲ့နာမည် နဲ့ ကုမ္မဏီ များထူထောင်ပြီး သတ္ထုတူးဖေါ်ရေး နှင့် ကျောက်စိမ်း၊ ရွှေ တူးဖေါ်ရေးများ မှလဲ တရုတ် လုပ်ငန်းရှင်များ နှင့် ပူးပေါင်းပြီး အနစ်တွေ အများကြီး ထုတ်ယူလိုက်ရပါသေးတယ်။ နောက်ပိုင်း ဒေသ ဖွံ့ဖြိုးရေး ခေါင်းစဉ်နဲ့ ရေအားလျှပ်စစ် စက်ရုံထောင်ခြင်း နှင့် တရုတ် ကာစီနီု (လောင်းကစားရုံ) အကြီးစားတွေလဲ ပန်ဝါ အထက် ချမ်းယိန်းခူးနယ်မှာ အကျယ်တ၀န့် ဆောက်ထားပါသေးတယ်။ ဒါတွေမကပါဘူး၊ လက္ဖက်ခြံတမျော်တခေါ်လဲ လုပ်ထားပါသေးတယ်။ NDAK တပ်ဖွဲ့ထဲမှာ သူ့ခေတ်ပြိုင် အကြီးအကဲများကို ဖယ်ထုတ်လိုက်ပြီး၊ သူတို့မိသားစု တခုထဲနှင့် လုပ်ငန်းအားလုံးကို လည်ပတ်စေပါတယ်။ NDAK စစ်တပ်ကို ဘယ်လို ဖယ်ထုတ်လိုက်ရမှန်း မသိဖြစ်နေတဲ့ အချိန် မြန်မာ အစိုးရ ရဲ့ နယ်ခြားစောင့်တပ် အစီအစဉ်ဟာ သူတို့ မိသားစု အတွက် အခွင့်ကောင်း ဖြစ်ခဲ့ပါတယ်။ NDAK ထဲမှ ရာထူးကြီးပြီး ၀ါရင့်များကို လက်မခံပဲ ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်းမှ ၀င်လာသော အသက်အငယ်ပိုင်းများနှင့် နယ်ခြားစောင့်တပ် တပ်ရင်း သုံးခု ဖွဲ့စည်းလိုက်ပြီး၊ ဗမာ စစ်တပ်အောက်ကို ထိုးအပ်လိုက်ပါတယ်။ ထို့နောက်တော့ NDAK ခေတ် အဖွဲ့ပိုင် ဓနအားလုံးကို သူတို့မိသားစု ပိုင် အလိုအလျှောက် ဖြစ်သွားပါတော့တယ်။ နယ်ခြားစောင့်တပ်ကတော့ သူတို့ ကျွေးစရာမလို၊ အစိုးရက လစာပေးထားနေပြီ။ တနည်းပြောရမယ် ဆိုရင် မြန်မာ အစိုးရ ကို သူ့တပ်ဖွဲ့အားလုံး ရောင်းလိုက်တဲ့ သဘောဖြစ်ပါတယ်။ ရလတ်အနေနဲ့ NDAK ပိုင် ပစ္စည်းအားလုံး သူတို့မိသားစုပိုင် အနေနဲ့ တရားဝင် ပိုင်ဆိုင်ခွင့်ပါ။ ဒါကို ကချင်အမျိုးသားရေး အမြင်ရှိတဲ့ သူ့ တပ်ဖွဲ့ဝင် တချို့က မကျေနပ်ပါဘူး။ သူတို့ကို ရောင်းစားတယ် ဆိုပြီး ကွယ်ရာမှာ ပြောနေခဲ့ပါတယ်။ သို့သော် ပန်ဝါမှာ ပြိုင်ဖက်မရှိ အရှိန်အ၀ါ ကြီးမားလှတဲ့ သူတို့မိသားစု ကို ဘယ်သူမှ ပွင့်ပွင့်လင်းလင်း မဝေဖန်ရဲပါ။ သို့သော်... ကေအိုင်အေ နှင့် အစိုးရကြား တကျော့ပြန် စစ်ဖြစ်လာတဲ့အခါမှာ.. အရင်က သူ့ တပ်မှူးတချို့ဟာ ကေအိုင်အေကို ကမ်းလမ်းလာပါတော့တယ်။တကယ်တော့ ပန်ဝါကို စတိုက်တုန်းက အားလုံး ကေအိုင်အေ မဟုတ်။ NDAK တပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်သည်။ အခုလည်းပဲ သူတို့ နဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်နေတဲ့ အဖွဲ့ဝင်တွေကို ကေအိုင်အေ တပ်ရင်း တခု အနေနဲ့ သတ်မှတ်ထားပြီး နယ်ခြားမှတ်တိုင် (၆) ၀န်းကျင်မှာ တပ်စွဲထားသည်။ ကချင် စစ်စစ်များကတော့ သူတို့မိသားစု နောက်ကို မလိုက်ပါ။ တချို့ ကိုယ်ကျိုးစီပွါးရေးသမား အနည်းငယ်လောက်သာ ကျန်နေတာပါ။ စစ်ပြေးဒုက္ခသည်များဟာ ပန်ဝါ ဖက်ကို မပြေးပဲ နယ်ခြားမှတ်တိုင် (၆) ဖက်မှာ တပ်စွဲထားတဲ့ ကေအိုင်အေ တပ်ဖွဲ့သစ်ထဲကို ပြေးဝင်တာကို ကြည့်ခြင်းအားဖြင့် သူတို့ကို ပြည်သူတွေ အယုံအကြည့် မရှိမှန်း သိသာသည်။နယ်ခြားစောင့်တပ် ဆိုသည်မှာလဲ ဗမာစစ်တပ် နှင့် ရောနှောထားသော NDAK လက်ကျန် တချို့သာ ဖြစ်သည်။ သူတို့ မိသားစု အနေနဲ့ ကချင်မျိုးနွယ်စုထဲက လချိပ် လူမျိုး အမည်ခံထားပေမယ့်၊ ရိုးရာကတော့ တရုတ်ရိုးရာ ပိုလုပ်ပါတယ်။ ကိုးကွယ်တဲ့ဘာသာ လဲ အတည်တကျမရှိ။ လချိပ်လူမျိုးတွေက ခရစ်ယာန်များတော့ နာမည်ခံ ခရစ်ယာန်ဖြစ်သွားတယ်။ နောက်တော့ ခင်ညွန့်ခေတ်မှာ ဗုဒ္ဓစေတီ ဆောက်ပေးပြီး ကန်တော့လိုက်သေးတယ်။ ပြီးတော့ တရုတ် ရိုးရာကန်တော့ပွဲ ပုံမှန် လုပ်တတ်လေ့ရှိတယ်။ တရုတ်နဲ့ ပေါင်းရင် တရုတ်လိုကျင့်တယ်။ ဗမာ နဲ့ ပေါင်းရင် ဗမာလိုကျင့်တယ်၊ ကချင်တွေဆီက အမြတ်ထုတ်ဖို့တော့ ကချင်နာမည် နဲ့ ကိုးကွယ်တဲ့ဘာသာ နာမည် ယူထားတယ်။ မြစ်ဆုံဆည် စီမံကိန်း နှင့် တဆက်တစပ်ထဲ အင်မိုင်ခ မြစ်ရိုးတလျှောက် တရုတ် CPI ရေအားလျှပ်စစ် စီမံကိန်းများ အတွက် ပန်ဝါမှ ချီဖွေကို တိုက်ရိုက် ကားလမ်းမကြီး ဖေါက်စေခဲ့ပါတယ်။ ကားလမ်းမဟာ ဒေသခံအိမ်ယာများကို ဖျက်စီးသော်လည်း တစုံတရာ လျှော်ကြေးမရတဲ့အပြင် လမ်းလုပ် တရုတ်များရဲ့ အဆဲအဆိုပါ ခံခဲ့ရပါတယ်။ အေးရှဝေါနှင့် ပူးပေါင်းလုပ်သော အင်မိုင်ခ ရေအားလျှပ်စစ်စီမံကိန်းဟာ အားလုံးပေါင်း (၅) ခုရှိတာပါ။ အမှန်ဆိုရင် မြစ်ဆုံ စီမံကိန်းထက် ပိုကြောက်စရာကောင်းတာ တွေ အထက်ပိုင်းမှာ ရှိသေးတာပါ။ နယ်ခံများ အပြောအရ... ချီဖွေမြစ်ကို ပိတ်တုန်းက နေ့စား လုပ်အားအတွက် ဒေသခံများကို တနေ့ ငါးထောင်ပေးမည်၊ ဆိုပြီး နေ့စားခေါ်တယ်။ တကယ်တော့ ငွေက တ၀က်ပေးပြီး ကျန်တ၀က်ကို ဘိန်းပေးလိုက်ပါသတဲ့။ နယ်ခြားစောင့်တပ်များကို အခွန်ဆောင်ပြီး တရုတ်လုပ်ငန်းရှင်များ ဘိန်းစိုက်ခင်း အများအပြားလုပ်ထားရာ ဒေသ ကန်ပိုင်တီ တ၀ိုက်သို့ ၂၀၁၀ ဆောင်းတွင်းမှာ ကေအိုင်အေ ရဲ့ ဘိန်းခင်းဖြတ် စစ်ကြောင်းနဲ့ ဇခုန်တိန်ယိန်း ရဲ့ နယ်ခြားစောင့်တပ် အဖွဲ့နဲ့ ထိပ်တိုက် တိုးခဲ့ပါသေးတယ်။ ဒါတွေကြောင့်လဲ ကေအိုင်အေကို အခုထိသူတို့ မိသားစု မကြည်ပါ။ နောက်နောင်လဲ ကြည်မည်မဟုတ်ပါ။ ကချင်လူမျိုးကြားမှာ ဘုတိုက်နေတဲ့ မိသားစုကို ဗမာ စစ်တပ်ကတော့ မြောက်စားမြဲ မြောက်စားနေအုံးမှာပါ။ (တရုတ်လူမျိုးများရဲ့ ရိုးရာကို ဝေဖန်တာ မဟုတ်ပါ။ လချိပ်လူမျိုးများကို ဝေဖန်တာလဲ မဟုတ်ပါ။ NDAK အဖွဲ့သားများကို ဝေဖန်တာလဲ မဟုတ်ပါ။ ကချင်နာမည်ခံယူထားသော်လည်း ဒီလို လူမျိုးခြား ရိုးရာ ဘာသာ ကိုးကွယ်တဲ့ လူတစ်ယောက်က ကချင်လူမျိုးတွေရဲ့ ခံစားချက်နဲ့ ဘယ်လိုမှ ထပ်တူရှိမဲ့လူ မဟုတ်ကြောင်း ထောက်ပြထားခြင်း ဖြစ်ပါတယ်။)
ဆက်ဖတ်ရန်

Monday, November 26, 2012

အကြံအဖန် ဂွင်လုပ်လို့ရတဲ့ ထောက်/ပို့တပ်တွေရဲ့ စရိုက်

ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်ရင်းတစ်ရင်းရှိ အရာရှိငယ်များအား တပ်ရင်းမှူးမှ လိုအပ်သည်များ မှာကြားနေစဉ်
ထောက်ပံ့ပို့ဆောင်ရေးတပ်တွေဟာ အနည်းနဲ့အများဆိုသလို တပ်မတော်ရိက္ခာအင်အား ဖြည့်တင်းမှုအပေါ် မူတည်ပြီး အကြံအဖန် ဂွင်လုပ်လို့ရတယ်လို့ သိရှိရပါတယ်။ ရှေ့တန်းရိက္ခာပို့ရရင် ရိက္ခာပို့တဲ့ ထောက်ပံ့ရေးတပ်က လူတွေရော၊ ရိက္ခာဂိုဒေါင်က လူတွေရော တရားမ၀င် ၀င်ငွေ အများကြီးရပါတယ်။ တောင်ငူ အခြေစိုက် အမှတ် (၉၃၀) ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ဆိုရင် ကရင်ပြည်နယ်၊ ဘောဆာကြီးကို မကြာခဏ ရိက္ခာပို့ရပါတယ်။ ရိက္ခာပို့တဲ့ လမ်းကြောင်းအနေနဲ့ ကုန်းကြောင်းက တိုက်ရိုက်သွားပို့တဲ့ လမ်းကြောင်းနဲ့ လေကြောင်းက ခရီးတစ်ဝက်ပို့ပြီး ကျန်တဲ့ခရီးကို ယာဉ်တန်းနဲ့ ပို့ရတာမျိုးလည်း ရှိပါတယ်။ ရိက္ခာယာဉ်တန်း တစ်တန်းဆိုရင် ကားကြီး (၂၀) လောက် ပါဝင်ပြီး စည်သွပ်ဘူးနဲ့ ဆန်အိတ်တွေ ပါရှိပါတယ်။ ကားတစ်စီးကို စည်သွပ်ဘူးဖာ (၆၀) ကျော် တင်လို့ရပေမဲ့ ကားပေါ်မှာ (၄၀) ကျော်လောက်ပဲ တင်ပေးပြီး (၂၀) ကျော်လောက်ကို ထောက်/ပို့တပ်တွေက ဖြတ်ယူထားပါတယ်။ ဆန်အိတ်ဆိုရင်လည်း ကားတစ်စီးကို (၅၀) ကျော်လောက် တင်လို့ရပေမဲ့ (၁၀) အိတ်ကျော်လောက်က ထောက်/ပို့တပ်တွေက ဖြတ်ယူထားပါတယ်။ ဒါကြောင့် ရှေ့တန်း ရိက္ခာထောက်ပံ့ရေး စစ်သည်တွေအားလုံးလိုလိုဟာ ၀င်ငွေကောင်းကြပါတယ်။
တပ်ရင်းပိုင် ဆန်စက်ဆိုရင်လည်း အုပ်ချုပ်တဲ့ တပ်ကြပ်ကြီးဆိုရင် စပါးကြိတ်ပြီးက တစ်နေ့ကို ဆန်အိတ် (၂၀) လောက် ရောင်းစားပါတယ်။ အဲဒီတပ်ကြပ်ကြီးက အပြင်ရွာတွေမှာ စပါးထွက်ဝယ်ရတာမို့ ၀ယ်တဲ့ဈေးနှုန်းအပေါ် အမြတ်ထုတ်နိုင်ပါသေးတယ်။ ဒါကြောင့် သူတို့ မိသားစုမှာ ရွှေတွေ ငွေတွေနဲ့ ပြည့်နေပြီး ချမ်းသာနေပါတယ်။ ထောက်/ပို့ တပ်ရင်းရဲ့ နောက်တန်းဌာနချုပ်မှာဆိုရင် ဂိတ်ကြီးကင်းကို စစ်သည်တွေ နှစ်နာရီတစ်ကြိမ် ကင်းစောင့်ရပါတယ်။ ညဘက်မှာ ဆီလာထုတ်တဲ့ ကားတွေဆီက ကားတစ်စီးလျှင် ကျပ်သုံးထောင်၊ လေးထောင်နှုန်း ဂိတ်ကင်းမှ လူတွေက ကောက်ပါတယ်။ တစ်ညကို ကားအစီး (၁၃/၁၄) စီးလောက် လာထုတ်တဲ့အတွက် ညစဉ် ကျပ်လေး/ငါးသောင်းလောက် ၀င်ငွေရှိပါတယ်။ ဘာလို့လဲဆိုတော့ ကားတစ်စီးမှာ ခြောက်ပေပါလောက် တင်သွားပေမဲ့ ကားမောင်းသမားတွေဟာ သူတို့အတွက် တစ်ပေပါခွဲလောက် ခိုးထုတ်တာမို့ ဂိတ်ကင်းကလူတွေကို ခေတ်အခေါ် အာရကေ အကြံအဖန်ပေးရခြင်း ဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဦးပိုင်နှင့် MEC မှ အရာရှိကြီးများနှင့်အတူ တွေ့ရစဉ်
ထောက်/ပို့တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတယ် ဆိုပေမဲ့ စစ်သည်တွေဟာ ရိက္ခာတွေကို အပြည့်အ၀ စားသုံးရခြင်း မရှိသေးကြောင်းလည်း အံ့သြဖွယ်ရာ တွေ့ရှိရပါတယ်။ လက်ဖက်စက်ရုံမှာ တာဝန်ကျတဲ့ တပ်ကြပ်ကြီးဟာ နောက်တန်းဌာနချုပ်မှာ ရိက္ခာသွားထုတ်ပြီဆိုရင် တစ်လစာရမဲ့ စကေးဟာ ရက် (၂၀) စာလောက်ပဲရတာမို့ ရှေ့တန်းတိုက်ခိုက်ရေးက စစ်သည်တွေလိုဘဲ ထောက်ပို့က စစ်သည်တွေက ရိက္ခာဆန့်စားနေရပါတယ်။ ရိက္ခာကတော့ ငါးပိ၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ပဲ၊ ကြက်သွန်နီ/ဖြူ၊ ဆန် စတာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒီ့တပ်ကြပ်ကြီးဟာ မကောင်းမှု အကုသိုလ် ဖိစီးလာကာ ထောင်ကျသွားကြောင်း သိရှိရပါတယ်။ တစ်နေ့မှာ ရိက္ခာယူပြီး အပြန်လမ်းတွင် ကားဘရိတ်ပေါက်ပြီး ကားက ချောက်ထဲပြုတ်ကျသွားတာမို့ စစ်သည်သုံးဦး ဆေးရုံတင်ကာ အဲဒီ့တပ်ကြပ်ကြီးလည်း ခြေထောက်အရိုး အက်သွားပါတယ်။ ဆက်လက်ပြီး သူခြေထောက် ပြန်ကောင်းလာတော့ အရက်မူး ကားမောင်းနေစဉ် လူတစ်ယောက်ကို တိုက်မိကာ ထောင်သုံးနှစ် ကျသွားခဲ့ပါတယ်။
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တပ်တွင်းစိုက်ပျိုးရေးသင်တန်းတစ်ခုတွင် တိုင်းမှူးမှ စစ်ဆေးနေစဉ်
ထောက်/ပို့ တပ်ရင်းက စစ်သည်တစ်ဦးနဲ့ သူ့ရဲ့ရင်ဖွင့်သံကို စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်က တင်ပြပေးလိုက်ပါတယ်။
“ကျွန်တော့်လစာက ၈၅၀၀ ကျပ် ရတုန်းက ဘဏ်မှာ ၂၅၀၀ ကျပ် မဖြစ်မနေ စုရတယ်ဗျ။ နောက်တော့ လစာကျပ် (၂၁၀၀၀) တိုးလာတော့ စုဆောင်းငွေ အနေနဲ့ ကျပ် (၁၀၀၀၀) မဖြစ်မနေ စုနေရတယ်ဗျာ။ တပ်ရေးဗိုလ်ကြီးကတော့ အရေးကြီးကိစ္စ တစ်ခုဖြစ်ရင် ထုတ်ပေးမယ်လို့တော့ ပြောတာပဲ။ ကျွန်တော် မိတ္တီလာမှာ ကားမောင်းသင်တန်း သုံးလခွဲတက်ပြီး ပြန်လာတော့ ဘဏ်စုငွေ ထုတ်ချင်တယ်ဆိုလို့ တပ်ရေးဗိုလ်ကြီးကို သတင်းပို့လိုက်တဲ့အချိန်မှာ သူက မင်း စုငွေတွေ ဦးပိုင်ထဲရောက်သွားပြီဆိုပြီး မပေးခဲ့ဘူးဗျာ။ ကျွန်တော့်စစ်သက် ခြောက်နှစ်ကျော်ရှိပြီး ဘဏ်စုဆောင်းငွေ စုလာတာ ကြာပြီဆိုတော့ ဘဏ်ထဲမှာ အနည်းဆုံး သိန်းနဲ့ချီ ရှိမှာပဲ။ အဲဒါကတော့ မတရား လုပ်လွန်းအားကြီးတယ်။ တရားမ၀င် သတင်းအရ တပ်ရေးဗိုလ်ကြီးနဲ့ တပ်ရင်းအရာခံဗိုလ်တို့က ထုတ်ယူခဲ့တာ သိရပြီး ဘယ်နေရာမှာ သုံးတယ်ဆိုတာတော့ ဂဃနဏ မသိရသေးဘူး။ ခက်တာက ကျွန်တော်တို့ရဲ့ ဘ၀ဟာ အထက်ကို ရဲရဲတင်းတင်း တင်ပြလိုက်တာနဲ့ အငြိုးတရားနဲ့ ထုထောင်းခံရမှာ သေချာလို့ ရေငုံနှုတ်ပိတ်နေကြရပြီး မခံနိုင်တဲ့အဆုံးတော့ ခွင့်မဲ့ ပျက်ကွက် စစ်ပြေးဘ၀တို့ ဖြစ်ကြရတာပါ”(စည်းလုံးခြင်းအင်အား စာမျက်နှာမှကူးယူသည်။)
ဆက်ဖတ်ရန်

အိုဘားမားကို ကြိုဆိုတဲ့ ကာ/လုံရဲ့အစီအစဉ်နဲ့ တုန့်ပြန်သံများ

မြန်မာ့တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့ဝင်တစ်ဦးကို အမေရိကန်သမ္မတ လုံခြုံရေးအဖွဲ့မှ စစ်ဆေးနေစဉ်
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဟာ အမေရိကန်သမ္မတ အိုဘားမားအား ဧည့်ခံကြိုဆိုရေး၊ နေရာချထားရေးနဲ့ လုံခြုံရေး အစရှိတဲ့ အစီအစဉ်တွေကို ဖုတ်ပူမီးတိုက် ပြုလုပ်ပေးလိုက်ရကြောင်း စစ်ဖက်နီးစပ်သူများထံမှာ သိရှိရပါတယ်။ သမ္မတအဆင့် နိုင်ငံတော်အကြီးအကဲမှ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များကို ကြိုဆိုတဲ့ သံတမန် လုပ်ထုံးလုပ်နည်းအရ အိမ်ရှင်သမ္မတကိုယ်တိုင် လေဆိပ်သို့ ဆင်းကြိုရပြီး ကောဇောနီခင်းကာ ဘင်ခရာအပါအ၀င် ဂုဏ်ပြုတပ်ဖွဲ့နှင့် အမြောက် (၂၁) ချက် ပစ်ဖောက် ကြိုဆိုရတာမျိုး ဖြစ်သင့်ကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ မြို့တော်ကို လာရောက်ရမှာ ဖြစ်ပေမဲ့ အမေရိကန် သမ္မတဟာ နေပြည်တော်သို့ မလာရောက်နိုင်တဲ့အတွက် ကြိုဆိုမဲ့ အစီအစဉ်ဟာ ကိုးလို့ကန့်လန့် ဖြစ်နေရကြောင်း၊ ယခု ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုလိုက်တဲ့ အစီအစဉ်ဟာ နိုင်ငံပေါင်းစုံ အကြီးအကဲများ စုံညီထိပ်သီး အစည်းအဝေးမှာလို (ဥပမာ - အာဆီယံ ထိပ်သီး အစည်းအဝေးလိုမျိုး) ဂုဏ်ပြုတပ်ဖွဲ့အား လေယာဉ်ဆင်းလမ်း ဘယ်ညာမှ ကပ်ပြီး သေနတ်မြှောက် အလေးပြုကာ အိမ်ရှင်အစိုးရရဲ့ ၀န်ကြီးအဆင့်ရှိသူများသာ ဆင်းကြိုရတဲ့ ပုံစံဖြစ်သွားကြောင်း၊ ကာ/လုံအစည်းအဝေးမှာ ဒု သမ္မတ ဦးညဏ်ထွန်းအား အမေရိကန်နှင့် ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့လို့ ဂါရ၀တရားအရ ဆင်းကြိုဖို့ အကြိတ်အနယ် စဉ်းစားဆွေးနွေးသေးကြောင်း၊ သို့သော် အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ အနေအထားမှာ အစိုးရအား ထောက်ခံတဲ့ သဘောဖြစ်သွားမှာစိုးလို့ နေပြည်တော်သို့ လာရောက်မည့် အစီအစဉ်မလုပ်ချင်တဲ့အပေါ် မြန်မာနိုင်ငံအစိုးရက ကျေနပ်ဖွယ်မရှိကြောင်း၊ ဂုဏ်ပြုတပ်ဖွဲ့အား အမေရိကန် ထောက်လှမ်းရေးမှ စစ်ဆေးသည့်အပေါ်လည်း စစ်တပ်မှ တာဝန်ယူအာမခံထားတဲ့ ဂုဏ်ပြုတပ်ဖွဲ့ကို မယုံသင်္ကာလုပ်ရပ်အား ကျေနပ်ဖွယ် မရှိလှကြောင်း၊ အမေရိကန် ရဟတ်ယာဉ်တင် သင်္ဘောတစ်စီး မြန်မာရေပိုင်နက် နယ်စပ်သို့ လုံခြုံရေးအရ ၀င်ရောက်လာခြင်းအပေါ်လည်း ကာ/လုံက ဘ၀င်မကျလှကြောင်း၊ ရွှေတိဂုံဘုရားတွင် အမေရိကန် ထောက်လှမ်းရေးများ၊ လုံခြုံရေးအရ ဖိနပ်မချွတ်နိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အဖွဲ့ရဲ့ ညှိနှိုင်းလာချက်အပေါ် ကာ/လုံအဖွဲ့မှ ဗုဒ္ဓဘာသာ ကျင့်ထုံးအစဉ်အလာကို သိရှိသည့် အားလျော်စွာ ယခင်ကိုလိုနီခေတ်က ရွှေတိဂုံဘုရားပေါ် အင်္ဂလိပ်တွေ ဖိနပ်စီးခဲ့လို့ မြန်မာလူမျိုးများ မျိုးချစ်စိတ်ဖြင့် ကန့်ကွက်ခဲ့တဲ့ သမိုင်းအား သတိရကာ ကာ/လုံအစည်းအဝေးမှာ အကြိတ်အနယ် ဖြစ်ခဲ့ရကြောင်း၊ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ်အနေနဲ့ အမေရိကန်သမ္မတအား လေယာဉ်ဝထိ လိုက်လံနှုတ်ဆက် ပို့ဆောင်နေချိန်မှာတော့ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်အနေဖြင့် အမေရိကန်သမ္မတအား ဖားရမလို ရှေ့တိုးနောက်ငင်ဖြစ်နေရပြီး တရုတ်ကြီးရဲ့ အမျက်တော်ရှမှာလည်း စိုးရိမ်နေပုံရကြောင်း၊ သမ္မတ ဦးသိန်းစိန်က နေ့လည်စာဖြင့် တည်ခင်းဧည့်ခံမည့် အစီအစဉ်ပြုလုပ်ချင်သော်လည်း အမေရိကန်သမ္မတက သံရုံးမှာပင် ပြုလုပ်သွားလို့ မြန်မာအစိုးရ အနေနဲ့ ဘ၀င်မကျလှကြောင်း စစ်ဖက်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။
အမေရိကန်သမ္မတ အိုဘားမားနှင့်အဖွဲ့ဝင်များ ရွှေတိဂုံဘုရားပေါ်တွင် လှည့်လည်ကြည့်ရှုနေစဉ်
ဆက်လက်ပြီး သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းထဲမှာ အရပ်သားအစိုးရရဲ့လက်အောက်တွင် အင်အားကြီးမားတဲ့ တပ်မတော်ရှိကြောင်း ပြောဆိုတာနဲ့ ပတ်သက်လို့ တပ်မတော်အတွင်း တင်းမာတဲ့အရာရှိတချို့က လက်မခံကြကြောင်း၊ သူတို့ချင်း ပြောဆိုကြတာက မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံရှိတာနဲ့ အမေရိကန်မှာ လူမျိုးပေါင်းစုံရှိတာကို နှိုင်းယှဉ်လို့ မရနိုင်သလို နိုင်ငံနှစ်နိုင်ငံရဲ့ သမိုင်းကြောင်း၊ ဖြစ်ပေါ်လာတဲ့ အခြေခံသဘာဝချင်း၊ ဓလေ့စရိုက်၊ လူနေမှုထုံးစံ စသဖြင့် ကွဲပြားခြားနားနေတာမို့ ထပ်တူထပ်မျှ ပြုလုပ်လို့ မရနိုင်ကြောင်း၊ အမေရိကန်နိုင်ငံမှာပင် ဒီမိုကရေစီ ရရှိဖို့ လက်နက်ကိုင်တိုက်ပွဲ၊ စစ်ပွဲတွေဖြစ်ပွားကာ အသက်သွေးတွေ ရင်းပြီးမှ ရယူသွားရတာ သမိုင်းစဉ်ရှိကြောင်း၊ မြန်မာနိုင်ငံအကြောင်းကို သိလို့ တပ်မတော်ဟာ အာဏာချက်ချင်း မစွန့်လွှတ်သေးပဲ အာဏာပြန်မသိမ်းချင်လို့ နယ်ဘက်အရပ်သားနဲ့ ပူးတွဲအုပ်ချုပ်တဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ထည့်သွင်းထားတာဖြစ်ကြောင်း၊ မြန်မာလူမျိုးတွေဟာ ဒီမိုကရေစီရပြီဆိုရင် စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာ လုပ်လာတတ်ပြီး နောက်ဆုံးနိုင်ငံတော်ပြိုကွဲရေးအထိ ဦးတည်သွားနိုင်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာကိစ္စကို အိုဘားမားပြောဆိုသွားတာဟာ သိသာလွန်းလှပြီး တကယ်တော့ နိုင်ငံရေးပရိယာယ် ကြွယ်ဝစွာဖြင့် လိမ္မာပါးနပ်စွာနဲ့ သံတမန်စကားလုံးကိုသာ သုံးစွဲပြောင်းလဲ ပြောသွားသင့်ကြောင်း စသဖြင့် ပြောဆိုကြောင်း သိရှိရပါတယ်။
အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်ကာလအတွင်း မြန်မာ့ရေပိုင်နက်အနီးတွင် ချဉ်းကပ်လှည့်လည်နေသော အမေရိကန် ရဟတ်ယာဉ်တင်သင်္ဘော
သဘောထားပျော့ပြောင်းတဲ့ စစ်တပ်အရာရှိတွေကတော့ အိုဘားမားရဲ့ စကားတစ်ခွန်းဖြစ်တဲ့ “လက်သီးဆုပ်ကို ဖြေလိုက်ရင် လက်ကမ်းဖို့အသင့်” ဆိုတဲ့စကားလေးဟာ ရိုးရိုးလေးနဲ့ Heart ထိလို့ သဘောကျကြောင်း၊ သားရေကွင်းလို အလျော့အတင်းလုပ်ပြီး အကွက်စုံသုံးတတ်တဲ့ မြန်မာ့တပ်မတော်က စစ်အာဏာရှင်တွေဟာ ညဏ်များလွန်းလှပြီး ကိုင်ကွယ်ရခက်တဲ့ အခြေအနေအပေါ်မှာ အိုဘားမားက ရအောင် ကိုင်တွယ်သွားပုံတွေကို ချီးကျူးကြကြောင်း၊ ပိုပြီးသတိထားစရာက တရုတ်ခေါင်းဆောင် အပြောင်းအလဲရှိနေချိန်မှာ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း သွားရောက်ခဲ့ပေမဲ့ အဲဒီ တရုတ်သမ္မတသစ် ဇီကျန်ပင်းရဲ့ အတွင်းစိတ်နေ သဘောထားကို သိဖို့ခက်နိုင်ကြောင်း၊ တရုတ်ကတော့ အမေရိကန် ချဉ်းကပ်လာနေတာကို သံတမန်ရေးရာ စကားလုံးတွေ ပြောနေပေမဲ့ စိုးရိမ်ပူပန်မှု အနည်းနဲ့အများဖြစ်နေမှာ သေချာကြောင်း စတာတွေကို ကာ/လုံနဲ့တပ်မတော် အသိုင်းအ၀ိုင်း နီးစပ်သူများထံမှ သိရှိရပါတယ်။
စည်းလုံးခြင်းအင်အား စာမျက်နှာမှကူးယူသည်။)
ဆက်ဖတ်ရန်

Sunday, November 25, 2012

u aung min and letpantaung general strike (23-10-2012)

ဆက်ဖတ်ရန်

စတေးခံ တပ်သားဘဝ

စိတ်ဓါတ်ကျဆင်းပျက်ပြားနေပြီဖြစ်တဲ့ မြန်မာ့မျိုးချစ်တပ်မတော်သားတွေဟာ ရှေ့တန်းမှာ ဆက်ပြီး တာဝန်ထမ်းဆောင်လိုတဲ့ဆန္ဒ ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် နေ့စဉ်နဲ့အမျှ တပ်စခန်းကနေထွက်ပြေး လျက်ရှိနေကြတယ်။ ရှေ့တန်းထွက် တပ်မတော်သားတိုင်းဟာ နိုင်ငံအကျိုးရလဒ်မျှော်မှန်းစရာမရှိတဲ့ စစ်ပွဲကိုငြီးငွေ့လာနေကြပါပြီ။ အာဏာရှင်၊ အာဏာရူး လူတစ်စုရဲ့ တဖက်သတ်မှားယွင်းဆုံးဖြတ်ခဲ့တဲ့ နိုင်ငံရေးလှည့်ကွက်တွေနဲ့ လူမျိုးကြီးဝါးကိုအခြေခံတဲ့ စတုတ္ထမြန်မာနိုင်ငံပေါ်ထွန်းရေးကို ရုပ်လုံးဖေါ် နေတဲ့ လူတစ်စုရဲ့ အမိန့်ပေးခိုင်းစေမှုတွေကြောင့် ရာစုနှစ်တစ်ဝက်ကျော်မှာ တပ်မတော်သား ထောင်ပေါင်းများစွာဟာ ဘ၀စတေးခံခဲ့ကြရတယ်။ အဲဒီတပ်မတော်သားတွေနဲ့ ဆက်စပ်နေတဲ့ မိသားစုဝင်တွေ၊ ဆွေးမျိုးအသိုင်းအ၀ိုင်းတွေဟာ မိသားစု ပြိုကွဲခံရပြီး ဘ၀တွေပျက်စီးခံခဲ့ရတာဟာ သောင်း၊ သိန်း ချီနေပြီ။
ဒါတွေကို စဉ်းစားတွေးခေါ်သိတတ် နားလည်သတိထားမိတဲ့ တပ်မတော်သားတွေဟာ တပ်စခန်း ကနေ ထွက်ပြေးလွတ်မြောက်ဘို့အတွက် အခွင့်အလမ်း၊ အခွင့်အရေးကို ရှာကြံလျက် ရှိနေကြတယ်။ “တပ်မတော်အင်အားရှိမှ၊ တိုင်းပြည်အင်အားရှိမည်”ဆိုတဲ့ တပ်မတော်အစိုးရရဲ့ ဟစ်ကြွေးသံတွေဟာ၊ အမှန်တကယ်ဖြစ်ပေါ်လာဘို့ ခက်ခဲပါတယ်။ စစ်တပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ဟာ ခေတ်မီ ရုပ်ဝတ္ထုနဲ့ တည်ဆောက်မွမ်းမံနိုင်ပေမဲ့၊ အခြေခံအင်အားစု ဖြစ်တဲ့ အောက်ဆင့်အရာရှိ ငယ်တွေ၊ အောက်ခြေတပ်မတော်သားတွေဟာ ကျေးကျွန်သဖွယ်ဘ၀နဲ့၊ လုံးပမ်းနေကြရပြီး စိတ်ဓါတ်ခွန်အား လုံးဝကျဆင်းကာ နှလုံးရည်ပျောက်နေကြပါပြီ။
စစ်အစိုးရခေတ်မှာတော့ စစ်သားဆိုတဲ့ ဘီလူးခေါင်းစွပ်ပြီး ကိုယ်လုပ်ချင်ရာ၊ ကိုယ်လိုရာကို အတင်းအဓ္ဓမ ပြုမူပြီး ငွေကြေးအချိုသပ်ဖားအသိုင်းအ၀ိုင်းမှာ ခေါင်းလုပ်လို့ရခဲ့ပေမဲ့ အခုအချိန်မှာ စစ်တပ်ရဲ့အခန်းကဏ္ဍ ဟာ နေ၀င်ဆည်းဆာအချိန်ပါ။
မြန်မာအစိုးရစစ်တပ်ထဲမှာ အခြားအဆင့် ရဲဘော်တွေရဲ့ဘ၀ဟာ အလွန်သနားစရာတွေပါ။ အသက်ကို ဖက်နဲ့ထုပ်ထားရသလိုပါ။ တိုက်ပွဲဖြစ်တိုင်း ရှေ့ကလာမဲ့ ကျည်ကို သတိထားနေရသလို နောက်ကျည် ကိုလည်း ကြောက်နေရတဲ့ဘ၀တွေပါ။ စားရေး သောက်ရေး ခက်ခဲတဲ့အထဲ အထက်အရာရှိ အဆင့်ဆင့်ရဲ့ တာဝန်နဲ့မဆိုင်တဲ့ ကိုယ်ပိုင်ပုဂ္ဂလိကမှာ ၀န်ဆောင်ပေးနေရမှု၊ ညှင်းဆဲခိုင်းစေမှု တွေဟာလည်း ရဲဘော်တွေကို စိတ်ဓါတ်ကျဆင်း၊ ပျက်ပြားစေရတဲ့ဘ၀ ရောက်စေခဲ့တယ်။
ရှေ့တန်းစစ်ကြောင်းမှာပါဝင်တဲ့ တပ်မတော်သားတွေဟာ စစ်ယူနီဖောင်းကို ပြည့်ပြည့်စုံစုံ မ၀တ်ဆင် ဘဲ အရပ်ဝတ်တစ်ပိုင်းနဲ့ လှုပ်ရှားနေကြတယ်။ ထွက်ပြေးရာမှာ အလွယ်တကူ အသွင်ပြောင်းနိုင်ဘို့ အတွက်ပါ။ အချို့ရဲဘော်တွေဟာ ဂျင်းဘောင်းဘီ၊ အားကစား ဘောင်းဘီ တွေကို ၀တ်ထားပြီး၊ ကြယ်သီးအဆင်သင့် ဖြုတ်ထားတဲ့ စစ်အင်္ကျီ အောက်မှာ အရပ်အင်္ကျီကို ၀တ်ဆင်ထားကြတယ်။ စစ်ဦးထုပ် မဆောင်းဘဲ ခမောက် ဒါမှမဟုတ် Cap ဦးထုပ် ဆောင်းထားကြ တယ်။ အချို့ဆိုရင် ညှပ်ဖိနပ် စီးထားကြတယ်။
ဒါတွေဟာ KIA ဖက်က အထင်မှားအောင် အရပ်သားအသွင်သဏ္ဍာန် ယူတာဖြစ်သလို၊ တိုက်ပွဲဖြစ်တာနဲ့ ဒါမှမဟုတ် အခွင့်အရေးရတာနဲ့ အလွယ်တကူထွက်ပြေးပြီး အရပ်သားအသွင်ပြောင်းနိုင်ဘို့ အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားတာပါ။ ဒီလိုနဲ့ဘဲ ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း စစ်သည်များကိုသာ ရှေ့တန်းနယ်မြေ တွေမှာ တွေ့နေကြရတယ်။ ဒါကြောင့် “မြန်မာအစိုးရစစ်သားတွေကို စစ်ဝတ်စုံအပြည့်နဲ့ ရှေ့တန်းမှာ တွေ့ချင်လှပါပြီ” ဆိုပြီး KIA စစ်သားတွေ ဟာသနှောပြီး ပြောဆိုနေကြတယ်။
ဒါတွေကြောင့်ဘဲ ရွှေလီမြို့မှာ KIO အဖွဲ့နဲ့ ဦးအောင်သောင်း အဖွဲ့တို့တွေ့ဆုံစဉ်တုန်းက KIO ဖက်က ပြောဆိုတဲ့စကားမှာ “မြန်မာအစိုးရစစ်သားတွေ ထဘီဝတ်ပြီးတက်လာတယ်”လို့ ထည့်ပြောရတဲ့အထိ ဖြစ်ခဲ့တယ်။ အဲဒါကို တွေ့ဆုံပွဲကိုတက်ရောက်လာတဲ့ ရွှေရောင်တပြောင်ပြောင်နဲ့ မီးပူခေါက်ချိုးအတိုင်း စစ်ဝတ်စုံအပြည် တပ်မတော်အရာရှိတွေက တပ်မတော်ကို သိက္ခာချတယ်ဆိုပြီး ဒေါပုန်ထခဲ့ကြတယ်။ ရှေ့တန်းမှာဖြစ်ပျက်နေတဲ့ တပ်မတော်သားတွေရဲ့ အဖြစ်မှန်ဘ၀ကို နေပြည်တော်မှာ အခန့်သားရှိတဲ့ သူတွေမသိလို့ ဒေါပုန်ထတာဖြစ်ပါလိမ့်မယ်။

ထွက်ပြေးတဲ့တပ်မတော်သားတိုင်းဟာ စစ်အသုံးအဆောင်ပစ္စည်းအားလုံးကို လွှင့်ပစ်ထားခဲ့ကြတယ်။ ခြေစီး စစ်ဖိနပ်၊ စစ်ရောင် ခြေအိတ်ကအစ အစိမ်းရောင်ပါတဲ့ အသုံးအဆောင်အားလုံးကို နာကျည်းစွာ ဖျက်ဆီးပစ်ခဲ့ကြတယ်။ သေနတ်တွေကိုလည်း လွှင့်ပစ်ဖျက်ဆီးခဲ့ကြတယ်။ တကယ်တော့ တပ်မတော် သားတွေဟာ မိမိထမ်းဆောင်နေရတဲ့ တာဝန်ဟာ အကျိုးမရှိလို့၊ ဘ၀စတေးခံနေရလည်း တိုင်းပြည် ကောင်းကျိုးရလာမှာ မဟုတ်ဘူး ဆိုတာကို စဉ်းစားမိတဲ့အတွက်၊ နောက်ဆုံးမှာတော့ တန်ဘိုးရှိတဲ့ လူ့ဘ၀၊ အသက်တစ်ချောင်း မပျက်စီးစေချင်လို့ အရဲစွန့်ထွက်ပြေးနေကြရတာ ဖြစ်တယ်။
အချို့တပ်ပြေးတွေဟာ ကံကုန်ကြလို့ မြန်မာအစိုးရစစ်ကြောင်းက ပြန်ဖမ်းမိတဲ့အတွက် ကံဆိုးစွာ စံပြအနေနဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြတယ်။ နိုဝင်ဘာလ(၂၄)ရက်နေ့က နားဖေါ့စစ်စခန်းမှာ အခြေချ တပ်စွဲလှုပ်ရှားနေတဲ့ ဆားမှော်အခြေပြု ခလရ(၁၀၅)တပ်ဖွဲ့က တပ်မတော်သား(၃)ယောက်ဟာ ကိုယ်လွတ်ရုံန်း ထွက်ပြေးခဲ့ကြတယ်။ စစ်အသုံးအဆောင်ပစ္စည်းအားလုံးကို တောထဲမှာ ဖျောက်ဖျက် လွှင့်ပစ်ထားခဲ့ကြတယ်။ အဲဒီထွက်ပြေးသွားတဲ့ တပ်ပြေး(၃)ယောက်ကို နားဖေါ့တပ်စခန်းကနေပြီး လက်နက်ငယ်၊ လက်နက်ကြီး တွေနဲ့ လိုက်လံပစ်ခတ်ကြပေမဲ့ ထိခိုက်မှုမရှိခဲ့ဘူး။
ကံအကျိုးပေးတဲ့အတွက် KIA တပ်ဖွဲ့နဲ့တွေ့ဆုံခဲ့ပြီး အဖမ်းခံခဲ့လို့ လူ့အသက်(၃)ချောင်း ဆက်လက် ရှင်သန်ခွင့် ရခဲ့တယ်။ အဲဒီတပ်ပြေးတွေ ပြောဆိုချက်အရ နားဖေါ့တပ်စခန်းမှာ ရိက္ခာပြတ်နေလို့ ထမင်းနပ်မှန် မစားရကြောင်း၊ သောက်ရေကိုလည်း ချွေသာသောက်သုံးနေရကြောင်း၊ နေပွင့်ချိန် နာရီပိုင်းမျှသာ နေပူဆာလှုံခွင့်ရကြောင်း၊ ရေမချိုးဖြစ်သည်မှာ နှစ်လခန့်ရှိပြီဖြစ်ကြောင်း မျက်ရည် တဖြိုင်ဖြိုင်ဖြင့် ရင်ဖွင့်ပြောဆိုကြတယ်။
ဆောင်းတွင်းဝင်လာပြီဖြစ်သော်လည်း အပေါ်ဝတ်အနွေးအထည်မရှိ၊ စောင်တစ်ထည်ကို ရဲဘော် (၂)ယောက် ပေါင်းအိပ်နေကြောင်း သိရတယ်။ အအေးဒါဏ်နဲ့ အာဟာရပြတ်လတ်တဲ့အတွက် ဒီအတောအတွင်း ရဲဘော်(၆)ယောက် ထက်မနည်း သေဆုံးသွားပြီဖြစ်ကြောင်းလည်း သိရတယ်။ ပိုပြီး စိတ်မကောင်းစရာကတော့ သေဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေဟာ နာရေးသတင်းကို မသိရှိတာဖြစ်ကြောင်း ပြောဆိုကြတယ်။ နားဖေါ့တပ်စခန်းဟာ အမြင့်ပေ(၆၀၀၀)ခန့် ရှိတဲ့အတွက် ဆောင်းတွင်းမှာ အပူချိန်ဟာ ရေခဲအမှတ်အောက်ရှိတဲ့ တောင်ထိပ်ပါ။
အဲဒီတပ်ပြေး(၃)ယောက်ဟာ စုတ်ပြတ်နေပြီဖြစ်တဲ့ အ၀တ်အစားကို ၀တ်ဆင်ထားကြပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ပြည်ဘက်ကို ပြေးဝင်၊ အဲဒီကနေတဆင့် ဖြစ်တဲ့နည်းနဲ့ ဇာတိကို ပြန်နိုင်ဘို့ ဖြစ်တယ်လို့ ပြောဆိုကြတယ်။
ဒါတွေဟာ ကချင်ဒေသတွေမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့ တပ်မတော်သားတွေရဲ့ ဘ၀ပါ။ အချို့ဟာ လူမသိ သူမသိနဲ့ဘဲ တောတောင်ထဲလမ်းပျောက် အစာရေစာ ငတ်ပြတ်သေဆုံးခဲ့ကြရတယ်။ ရှေ့တန်း စစ်မြေပြင်ရောက် တပ်သားအချို့ဟာ နောက်တန်းပြန်နိုင်ရေးအတွက် နည်းလမ်းအမျိုးမျိုး အသုံးပြုကြ ကြောင်း သိရတယ်။ တိုက်ပွဲအနည်းငယ်ဖြစ်တာနဲ့ ဒဏ်ရာဖြစ်စေဘို့တွက် မိမိကိုယ်ကိုမိမိ အသက် အန္တရာယ်မဖြစ်နိုင်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေမှာ ပစ်ခတ်ယူကြတယ်။ တိုက်ပွဲဒဏ်ရာရ ရဲဘော် အဖြစ် နောက်တန်းပြန်ကြတယ်။
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် တပ်မတော်သားတွေဟာ ရှေ့တန်းမှာ အဓိပ္ပါယ်မရှိတဲ့တိုက်ပွဲကို ငြီးငွေ့လာကြပြီ ဖြစ်လို့ အဲဒီဘ၀ကနေ လွတ်မြောက်နိုင်ရေးအတွက် နည်းမျိုးစုံကို အသုံးပြုနေကြပါပြီ။


မနောသန်းနိုင်
၂၅-၁၁-၂၀၁၂
ဆက်ဖတ်ရန်

မြန်မာစစ်တပ်လှုပ်ရှားမှုများ

  • နိုဝင်ဘာလ(၂၃)ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ ဆယ်လော်(Sai Law)ကျေးရွာတွင် ရောက်ရှိနေသော မြန်မာအစိုးရစစ်ကြောင်းအင်အား(၅၀)ခန့်သည် သုံးဘီးဆိုင်ကယ်ကိုအသုံးပြုကာ ဆဒုံးဖက်သို့ ချီတက်သွားကြောင်း သိရှိရသည်။
  • မိုးမောက်မြို့ မှတဆင့် ခ၀န်ဘမ် လမ်းကြောင်းအတိုင်း နိုဝင်ဘာလ(၂၃)ရက်နေ့တွင် ဆင်လုန်ကဘာ (Sinlum Kaba)ကို စစ်ယာဉ်(၅)စီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
  • နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ခလရ(၁၄၁)တပ်ရင်းမှ စစ်ကြောင်းတစ်ခုသည် ဘန်ဒန်(Ban Dang)နှင့် လောဒ်အောင်(Lawt Awng) တ၀ိုက် စစ်ဆင်ရေးလှုပ်ရှားနေပြီး၊ ဗိုလ်ကြီးထွန်းထွန်း ဦးစီးသော အခြားစစ်ကြောင်းသည် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ငှက်ပျောတောဒေသတွင် လှုပ်ရှားကာ၊ အခြားစစ်ကြောင်းတစ်ခုကလည်း လွယ်ဖာဘွမ်(Loi Hpa Bum) တ၀ိုက် စစ်ဆင်ရေးပြုလုပ်နေ ကြောင်း သိရှိရသည်။
  • ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်အတွင်း ရွှေလီမြစ် နှင့် နမ့်စီးချေင်း တ၀ိုက်တွင် ခလရ(၂၉၀) တပ်ရင်းအင်းအား(၁၅၀)ခန့် စစ်ဆင်ရေးလှုပ်ရှားနေကြောင်း သိရှိရသည်။
  • ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုန်ဘော်၊ မန်ပင်း တ၀ိုက်တွင် ခမရ(၅၀၇) စစ်ကြောင်းအင်အား (၈၀)ခန့်လှုပ်ရှားနေကြောင်း သိရှိရသည်။
  • ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ တင်လ(Tin La)ဒေသတွင် ခလရ(၆၈) တပ်ရင်း(၁၅၀)ခန့် လှုပ်ရှားနေကြောင်း သိရှိရသည်။
ဆက်ဖတ်ရန်

မြန်မာ့တပ်မတော် လက်နက်ကြီးပစ်ခတ်

  • ဆဒုံးမြို့နယ်၊ နမ်လီခချောင်းတ၀ိုက် စစ်ဆင်ရေးလှုပ်ရှားနေသော ခမရ(၄၁၆)တပ်ဖွဲ့သည် နိုဝင်ဘာလ(၂၃)ရက်နေ့တွင် လဂတ်ကောင် KIA တပ်စခန်းသို့ ၈၁ မမ စိန်ပြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
  • ဆဒုံးမြို့တွင် လှုပ်ရှားနေသော ခမရ(၄၁၆)တပ်ဖွဲ့သည် နိုဝင်ဘာလ(၂၄)ရက်နေ့ မနက်ပိုင်းတွင် KIA တပ်စခန်းရှိရာ လပွမ်ဘွမ်သို့ ၈၈ မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
  • နိုဝင်ဘာလ(၂၄)ရက်နေ့တွင် နာဖေါ့တပ်စခန်းအခြေချ ခလရ(၁၀၅)တပ်ဖွဲ့သည် KIA တပ်စခန်းရှိရာ ကမူနန်စခန်းသို့ ၈၁ မမ စိန်ပြောင်းဖြင့် (၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
  • ကားမိုင်းမြို့နယ်၊ ကောင်ရာကျေးရွာ ခရစ်ယာန်ဆုတောင်းတောင်တွင် လာရောက်နေရာယူတပ်စွဲနေ သော ခမရ(၁၃)တပ်ဖွဲ့သည် KIA တပ်စခန်းရှိရာ ခိုင်တောင်ဘက်သို့ ၈၁ မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဆက်ဖတ်ရန်

မြန်မာပြည်ကို လှောင်နေတာလား

ဆက်ဖတ်ရန်

မြန်မာနိုင်ငံ လွတ်တော်အမတ်တစ်ဦးဖြစ်သော ဦးဇခုန်တိန်းယိန်းက ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ပေး

Photo 

ဓါတ်ပုံ-jinghpaw kasa သတင်းဌာန



ဆက်ဖတ်ရန်

Saturday, November 24, 2012

အိန္ဒိယမှကမ္ဘာ့ဈေးအသက်သာဆုံးတက်ဘလက်ထုတ်



အိန္ဒိယနိုင်ငံတွင်ကမ္ဘာ့ဈေးအသက်သာဆုံးဟုဆိုရမည့်တက်ဘလက်တစ်မျိုးကို ကျောင်းသားများ အတွက်တစ်လုံးလျှင် ဒေါ်လာ၂၀ခန့်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။ ထိုတက်ဘလက်သည် အမြန်ဆုံးပရိုဆက်ဆာ၊ကြာရှည်သုံးနိုင်သည့် ဘက်ထရီများဖြင့်စီစဉ်ထားသည်ဟုဆိုသည်။
အာကက်ရှ်ဟုအမည်ပေးထားသည့်ထိုတက်ဘလက်ကိုအစိုးရနှင့်ပုဂ္ဂလိကတို့ပူးပေါင်းထုတ်လုပ်ထား

ခြင်းဖြစ်ပြီးအင်တာနက်ကိုအဓိကထားအသုံးပြုနိုင်စေရန်ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊
အင်တာနက်သုံးစွဲခကိုလည်း ၁၀ဆင့်ဝန်းကျင်ခန့်နှင့် သုံးစွဲနိုင်စေရန်စီစဉ်ပေးထားကြောင်းသိရသည်။
အာကက်ရှ်ကိုယခုအခါဒုတိယမြောက်ထုတ်လုပ်ခြင်းဖြစ်သဖြင့်အာကက်ရှ်၂ဟုအမည်ပေးထားသည်။
ထုတ်လုပ်သူမှာ ဗြိတိန်အခြေစိုက် Datawindကုမ္ပဏီမှ ဖြစ်ပြီး၊မူလအမှတ်၁ထက်ပရိုဆက်ဆာ မြန်ဆန်မှုသုံးဆခန့်ပိုထားသည်။
 မြင်ကွင်းမှာလည်းယခင်ထက်ကျယ်လာပြီး၊ဘက်ထရီအနည်းဆုံး၃နာရီခန်ခံလာပြီ ဖြစ်သည်။
အိန္ဒိယသမ္မတပရာနဗ်မူခါဂျီးက “နည်းပညာနဲ့သင်ယူလေ့လာနိုင်ဖို့ပညာရေးမှာအရေးကြီးပါတယ်”ဟုအဆိုပါတက်ဘလက်ကို
ပွဲထုတ်သည့်နေ့တွင် ပြောကြားခဲ့သည်။
ပထမဦးဆုံးအာကက်ရှ်တက်ဘလက် ၁ ကိုယမန်နှစ် အောက်တိုဘာလကအစိုးရအနေဖြင့်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး၊ဘက်ထရီကြာကြာမခံသည့်
 ပြဿနာများရှိခဲ့ကြောင်း၊ထို့ပြင်ရရှိသုံးစွဲနိုင်ရေးအတွက်လည်းအချိန်ကြာရှည်စွာ စောင့်စားနေရသဖြင့်
ယခုအမှတ်၂ကိုထုတ်ရခြင်းဖြစ်သည်ဟုဆိုသည်။
အာကက်ရှ်၂ကိုအိန္ဒိယပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်သည့် IIT မှတီထွင်ခဲ့ခြင်းဖြစ်ပြီး၊ Googleထုတ်Android 4.0 ကို ထည့်သွင်းအသုံးပြုထားသည်။ မြင်ကွင်းမှာ၇လက်မရှိသည်။
ပထမဦးဆုံးအာကက်ရှ်၂တက်ဘလက်လုံးရေ၁သိန်းကိုအင်ဂျင်နီယာ ကောလိပ်ကျောင်းသားများကို
 ရောင်းချပေးမည်ဖြစ်ပြီးတစ်လုံးလျှင် ဒေါ်လာ၂၀သာ ပေးရမည်ဟုသိရသည်။အဆိုပါတက်ဘလက်များကို
ယခုအခါတက္ကသိုလ်စာအုပ်ဆိုင်တိုင်းတွင် ကျောင်းသားများဝယ်ယူအသုံးပြုနေကြပြီဖြစ်သည်။
အာကက်ရှ်၂ကို ပြင်ပမှဝယ်သုံးလိုသူများအတွက် ရောင်းဈေးမှာတစ်လုံးလျှင်၆၄ ဒေါ်လာခန့်ပေးရမည်
ဖြစ်သည်။
အိန္ဒိယပညာရေးဝန်ကြီးဌာနလူသားရင်းမြစ်ဖွံ့ဖြိုးရေးဌာနမှ ကောလိပ်ပေါင်း၂၅၀ရှိ ဆရာဆရာမပေါင်း၁၅၀၀၀ကို အာကက်ရှ်ဖြင့်ပညာမည်သို့လေ့လာဆည်းပူးနိုင်ကြောင်းသင်တန်းများပေးထားပြီး ဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် ယခုအခါအင်တာနက်သုံးစွဲသူပေါင်း၁၁၅သန်းခန့်ရှိနေပြီး၊ကမ္ဘာ့တတိယအများဆုံးအင်တာနက်
သုံးစွဲသည့်နိုင်ငံဖြစ်သည်။
 maukkha သတင်းဌာနမှကူးယူသည်။
ဆက်ဖတ်ရန်

ကချင်အရေးနဲ့ ပတ်သက်ပြီး ကျနော် စိုးရိမ်မိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကား

ကချင်အရေးနဲ့ ပတ်သက်ပြီး ကျနော် စိုးရိမ်မိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကား (သို့မဟုတ်)
စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အုပ်ချုပ်ရေးဘက်ကလူတွေ တာဝန်ပေးလာမှ ဆောင်ရွက်ရမယ့်ကိစ္စမျိုး မဟုတ်ပါ
ဒေါက်တာလွဏ်းဆွေ

တရက်မှာ ‘ဈာန်’ ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အစ္စရေး-ပါလက်စတိုင်း သတင်းလေးတပုဒ် ဘာသာပြန်ပြီး ဖော်ပြထားတာ ဖတ်ရတယ်။ သတင်းနဲ့ သတင်းဓာတ်ပုံကို ဖတ်ရှုကြည့်အပြီးမှာ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်တခုကို သွားအမှတ်ရမိသလို တပြိုင်နက်တည်းမှာ ဗီအိုအေ ဦးကျော်ဇံသာနဲ့ ရုပ်သံအင်တာဗျူးမှာ ကချင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဖြေကြားခဲ့တဲ့ အဖြေစကားကိုလည်း ပြန်ပြောင်းသတိရမိပါတယ်။

*******

အစ္စရေး-ပါလက်စတိုင်း သတင်းလေးကို ‘ဈာန်’ ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားတဲ့အတိုင်း ဖတ်ကြည့်ရအောင် …

Israel အမျိုးသမီးတယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့လူသား သန်းပေါင်းမြောက်မြားစွာကို အမြင်သစ် ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလို ဆက်ဆံနေခဲ့ကြတဲ့ Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေးဆေးတခွက်လည်း ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့သော မေလ ၂၀၊ ၂၀၁၂ နေ့ ဂျေရုဆလင်နေ့မှာ ဖြစ်ခဲ့တာပါ။ အစ္စရေးတွေဟာ ဂျေရုဆလင်နေ့ (Jerusalem day) အရမ်းကို အလေးအနက်ထားပါတယ်။ သူတို့ရဲ့ နေ့ထူးနေ့မြတ်အနေနဲ့ ကျင်းပတာပါ။ အဲဒီနေ့ရောက်တိုင်း ပါလက်စတိုင်းလူမျိုးတွေရဲ့ လှုပ်ရှားမှု မှန်သမျှ လုံးဝ ခွင့်မပြုပါဘူး။ သူတို့ အစ္စရေးအလံတွေကို လွှင့်ထူပြီး နိုင်ငံတော်သီချင်းများ ဆိုကြပါတယ်။

အဲဒီနေ့ မတိုင်ခင် နေ့များမှာ ပါလက်စတိုင်းလူမျိုးအချို့က အစ္စရေး တိုးချဲ့အိမ်ရာစီမံကိန်းများကို သပိတ်မှောက်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာ ၁၀ နှစ်သားအရွယ် ပါလက်စတိုင်းကောင်လေးတယောက်ဟာ ပါလက်စတိုင်းအလံ ကိုင်လျက် ပွဲကြည့်နေတုန်း၊ အစ္စရေး လူမျိုးရေးဝါဒီတယောက်က သူ့အလံကို လုယူပြေးခဲ့ပါတယ်။ ကောင်လေးက ပြန်လုရင်း ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း နယ်ခြားစောင့်ရဲတယောက်က စိတ်ဆိုးမာန်ဆိုးနဲ့ ကလေးကို လိုက်ဖမ်းပါတယ်။


ကောင်လေးကို ခြေထောက်နဲ့ ကန်တယ်၊ မညှာမတာ လုပ်လာတဲ့အခါမှာ အနားမှာ ရှိနေခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အစ္စရေးတက္ကသိုလ်ကျောင်းသူတယောက်က အဆိုပါ ရဲကို ၀င်လုံးပြီး ကောင်လေးကို ထွက်ပြေးစေခဲ့ပါတယ်။

အစ္စရေးလူမျိုးနဲ့ ပါလက်စတိုင်းလူမျိုးဆိုတာ ရာဇ၀င်လိုက်ပြီး ရန်ဖြစ်နေခဲ့တဲ့ လူမျိုးတွေပါ။ အခုလို အဖြစ်ကို မြင်ရတော့ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ လူမျိုးနှစ်မျိုးကြား ငြိမ်းချမ်းရေး ရလာတော့မလား ဆိုပြီးလည်း ပြောဆိုလာကြပါတယ်။

သို့သော်လည်း သူ့လူမျိုး (အစ္စရေး) အချင်းချင်းတွေရဲ့ ဝေဖန်ကဲ့ရဲ့ခြင်းများကိုလည်း ခံရပါတယ်။ ဘာပဲဖြစ်ဖြစ် ပါလက်စတိုင်းသားတွေရဲ့ facebook တွေမှာတော့ ဒီအမျိုးသမီးကို တော်တော် ချီးကျူးထားတာ တွေ့ရပါတယ်။ ဒါဟာ ပါလက်စတိုင်းတွေ အစ္စရေးတယောက်အပေါ် အကောင်းမြင်လာတဲ့ ရှားရှားပါးပါး ကောမ်မန့်လေးတွေပါ။

လူတဦးတယောက်ရဲ့ စိတ်ထားမှန်ကန်စွာ ပြုမူလိုက်ခြင်းဟာ လူအများအတွက် ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာ ဒီအဖြစ်က သက်သေပြနေပါတယ်။ မကောင်းမှုကို သိရက်နဲ့ ကိုယ့်အမျိုးမို့ အားပေးအားမြှောက်ပြုခြင်းကို ကိုယ့်ဘာသာကိုယ်တော့ အမှားအမှန် မသိနိုင်ပေမယ့် အပြင်လူတယောက်အနေနဲ့ ကြည့်လိုက်မှ မသင့်တော်မှန်း သိရတဲ့ အဖြစ်မျိုးတွေ ရှိကောင်းရှိမှာပါ။

ဘယ်နေရာမဆို အမှန်တရားဘက်က ရပ်တည်နိုင်တဲ့ စိတ်ထားဟာ လူတယောက်ရဲ့ တန်ဖိုးပါပဲ။

မူရင်း သတင်းလင့်ခ် - http://972mag.com/armed-border-officer-chases-10-year-old-palestinian-boy-for-holding-flag/46412/

*******

တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်

“If you are neutral in situations of injustice, you have chosen the side of the oppressor. If an elephant has its foot on the tail of a mouse and you say that you are neutral, the mouse will not appreciate your neutrality.”

“မတရားတဲ့ အခြေအနေတွေမှာ သင် ကြားနေတယ်ဆိုရင် သင်ဟာ ဖိနှိပ်သူဘက်ကို ရွေးချယ်လိုက်ခြင်းသာ ဖြစ်တယ်။ ဆင်တကောင်က ကြွက်တကောင်ရဲ့အမြီးကို နင်းထားတာ တွေ့ရက်နဲ့ သင်က ကြားနေတယ်လို့ ပြောရင် ကြွက်က သင့်ရဲ့ကြားနေမှုကို အသိအမှတ်ပြုလိမ့်မယ်မဟုတ်ဘူး”

*******

ဗွီအိုအေ ဦးကျော်ဇံသာနဲ့ အင်တာဗျူးမှာ ကချင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကား

“ကျမ လန်ဒန်မှာတုန်းကပေါ့နော်။ အဲဒါကတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ပါ။ ကချင်လူငယ်တယောက်က ကျမကို ထပြီးတော့ ဝေဖန်ပါတယ်။ ကျမက ဘာဖြစ်လို့ တပ်ကို Condemnation ပေါ့နော်။ သူက အဲဒီလို သုံးတယ်။ ဘာဖြစ်လို့ မရှုတ်ချသလဲပေါ့နော်။ ကျမက ပြောတယ်။ ကျမတို့က Condemnation အလုပ် လုပ်ချင်တာ မဟုတ်ဘူး။ Reconciliation အလုပ်ကို လုပ်ချင်တာ။ ပြန်လည် ရင်ကြားစေ့ရေးအလုပ်ကို လုပ်ချင်တာ။ ဘယ်သူ့ကိုမှ ရှုတ်ချပြီးတော့ တိုက်ခိုက်တဲ့ အလုပ်ကို လုပ်ချင်တာမဟုတ်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ပြန်လည်ရင်ကြားစေ့ရေးဆိုတာ မဖြစ်နိုင်ဘူး။ ဒီအတိုင်းပဲ ကျမတို့ကနေ နှစ်ဘက်စလုံးကို ကြည့်တဲ့နေရာမှာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အခြေခံပြီးတော့ ကျမတို့ ကြည့်မယ်။

ဘယ်ဘက်ကိုမှ ကိုယ့်ရဲ့ နိုင်ငံရေးအကျိုးအမြတ်ထွက်ရေးအတွက် ဘက်လိုက်ပြီးတော့ ပြောတာမျိုး ကျမတို့ မလုပ်ဘူး။ ဒီလို ဘက်လိုက်ပြီး ပြောတာဟာ ပဋိပက္ခတွေကို ပြေငြိမ်းသွားစေမှာ မဟုတ်ဘူး။ နောက်ပြီးတော့လည်း အခု အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေကိုလည်း မပြီးမြောက်သေးခင်ကို ကျမတို့အနေနဲ့ ပျက်စီးအောင်လို့၊ အခက်အခဲဖြစ်အောင်လို့ လုပ်ဖို့ ကျမတို့ ရည်ရွယ်ချက်မရှိဘူး။ ကျမတို့ ဘာလုပ်ပေးနိုင်တာရှိလဲ။ လုပ်ပေးနိုင်တာရှိရင် ကျမတို့ လုပ်ပေးမယ်။ ဒုက္ခသည်တွေကို ကျမတို့ တတ်နိုင်သမျှ ကူညီပါတယ်။ NLD က သိတဲ့အတိုင်းပဲ။ သိပ်ပြီး ချမ်းသာတဲ့ အဖွဲ့အစည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒုက္ခသည်တွေကို တတ်နိုင်သမျှ ကျမတို့ အကူအညီတွေ ပေးတယ်။ ဟိုဘက် ဒီဘက် မခွဲခြားဘဲနဲ့ ကျမတို့ အကူအညီပေးတယ်။ ကျမတို့ရဲ့ အကူအညီကို အုပ်ချုပ်ရေးဘက်ကပဲ တောင်းတောင်း၊ တခြား အကူအညီတောင်းနိုင်တဲ့ဘက်က တောင်းလို့ ကျမတို့မှာ ပေးနိုင်တဲ့အနေအထားမှာရှိရင်တော့ ကျမတို့က အဆင်သင့်ပါပဲ။” (VOA)

*******

ကျနော်၏ ထင်မြင်ယူဆချက်

အစ္စရေးအမျိုးသမီးရဲ့ ပြုမူဆောင်ရွက်ချက်ဟာ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ ကမ္ဘာကျော် အဆိုအမိန့်နဲ့ ယှဉ်ထိုးကြည့်မယ်ဆိုရင် ထပ်တူကျတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတရားတဲ့ အခြေအနေမှာ သူမဟာ ကြားမနေဘဲ တနည်းအားဖြင့် ပြောမယ်ဆိုရင် သူမနဲ့ လူမျိုးတူ အင်အားကြီးတဲ့ အစ္စရေးနယ်ခြားစောင့်ရဲ (ဆင်) ဘက်ကမနေဘဲ အင်အားနည်းတဲ့၊ သူမနဲ့ ရန်ဘက်လူမျိုးဖြစ်တဲ့ ပါလက်စတိုင်းကလေးငယ် (ကြွက်) ဘက်က ရပ်တည်ကာကွယ်ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေစကားကလည်း မတရားတဲ့ အခြေအနေမျိုးမှာ မဟုတ်ခဲ့ရင်တော့ လက်ခံနိုင်စရာပါပဲ။ ကချင်စစ်ပွဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘယ်ဘယ်က မှားတယ်၊ ဘယ်ဘက်က မှန်တယ်ဆိုတာကို သုံးသပ်နိုင်တဲ့ အခြေအနေမရှိလို့ ဆိုရင်လည်း ပြောနိုင်တာတခုကတော့ အခုဖြစ်နေတဲ့ ကချင်ပြည်တွင်းစစ်ဟာ မတရားတဲ့ အခြေအနေမှာ ဖြစ်နေတယ်ဆိုတာ အသေအချာပါပဲ။ ဘာဖြစ်လို့ မတရားတဲ့ အခြေအနေလို့ ပြောရသလဲဆိုရင် မြန်မာအစိုးရစစ်တပ်နဲ့ ကချင်စစ်တပ်ဆိုတာ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ အဆိုအမိန့်အတိုင်း ဥပမာပေးရမယ်ဆိုရင် ဆင်နဲ့ ကြွက်လိုပါပဲ။ မြန်မာအစိုးရစစ်တပ် ဆိုတာက တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ လက်နက်အင်အား၊ စစ်သည်အင်အား တောင့်တင်းပြည့်စုံတဲ့ အင်အားကြီး စစ်တပ်ဖြစ်ပြီး ကေအိုင်ကေကတော့ မြန်မာနိုင်ငံထဲက တိုင်းရင်းသားလူမျိုးစုတစုဖြစ်တဲ့ ကချင်တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့တခုမျှသာ ဖြစ်ပါတယ်။ ကေအိုင်အေမှာ လက်နက်တွေက ခေတ်မီတယ်ပဲပြောပြော၊ တိုက်ရည်ခိုက်ရည်တွေ ဘယ်လိုရှိတယ်ပဲပြောပြော အင်အားချင်း ယှဉ်ထိုးကြည့်ရင် ဆင်နဲ့ ကြွက်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ နောက်တချက် ပြောစရာရှိတာ မြန်မာအစိုးရစစ်တပ်ဘက်က တနည်းပြောရရင် စစ်အာဏာရှင်တွေ ချုပ်ကိုင်ထားဆဲ စစ်တပ်ဘက်က (ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်သုံးနှုန်းတဲ့ အသုံးအနှုန်းအရဆိုရင် ‘အုပ်ချုပ်ရေးဘက်က’) ကချင်နယ်မြေထဲကို သွားရောက်တိုက်ခိုက်တဲ့ ‘ထိုးစစ်’ ဖြစ်ပြီး ကေအိုင်အေဘက်က သူ့နယ်မြေထဲကို လာရောက်တိုက်ခိုက်တဲ့ မြန်မာစစ်တပ် (အုပ်ချုပ်ရေးဘက်က စစ်တပ်) ကို ပြန်လည်ခုခံတိုက်ခိုက်တဲ့ ‘ခုခံစစ်’ ဖြစ်နေတာပါပဲ။

အဲဒီတော့ အထက်မှာ ပြောခဲ့သလို မတရားတဲ့ အခြေအနေမျိုး (ဆင်နဲ့ ကြွက် အနေအထား) မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ဘက်စစ်တပ်နှစ်ခုစလုံးရဲ့ ကြားမှာရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အရှိန်အ၀ါအကြီးဆုံး ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုတာ အကျယ်တ၀င့် ရှင်းပြနေစရာ လိုမယ်မထင်ပါဘူး။ အဲဒီအတွက်ကြောင့် အခုလို မတရားမှုအနေအထားမှာ ဖြစ်ပွားနေတဲ့ ကချင်ပြည်တွင်းစစ် ရပ်စဲရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်အားကြီးတဲ့ မြန်မာစစ်တပ်ကို ရှုတ်ချပြောဆိုဖို့ ၀န်လေးနေရင်တောင် ထိုးစစ်ဆင်တာ ရပ်စဲရေးအတွက် အထူးအလေးထား မေတ္တာရပ်ခံ ပြောဆိုဖို့၊ ပြောလို့မှ မထိရောက်ရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုပွဲတွေ ဆင်နွှဲဖို့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို အရှိန်အ၀ါအကြီးဆုံး မြန်မာနိုင်ငံသားတယောက်က ၀င်ပြောရင် အခြားမြန်မာနိုင်ငံသား မည်သူမဆို ၀င်ရောက်ပြောဆိုတာထက် ပိုပြီးထိရောက်မှုရှိမှာ သေချာပါတယ်။ (တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရပ်စဲရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုပွဲတွေ ဆင်နွှဲပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်တင်မက မတရားမှုကို ဆန့်ကျင်တဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုအားလုံး၊ ငြိမ်းချမ်းရေးကို လိုလားတောင့်တတဲ့ ပြည်သူတွေအားလုံး ပါဝင်ဆင်နွှဲဖို့ လိုမယ်လို့ ယူဆပါတယ်)

အခုလို လူသန်ကြီးနဲ့ လူဖလံလေးတို့ ထိုးကြိတ်နေတဲ့ ဖြစ်ရပ်မျိုး (မြန်မာစစ်တပ်နဲ့ ကချင်စစ်တပ် တိုက်ပွဲ) မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစ္စရေးအမျိုးသမီး ပြုမူသလို (မှားတာ မှန်တာ အသာထား) လူသန်ကြီးကို အရင်ဆုံး တွန်းထုတ်ဖို့ တာဝန်ရှိတယ်လို့ ကျနော့်အနေနဲ့ အခိုင်အမာ ယူဆမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ “အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေကိုလည်း မပြီးမြောက်သေးခင်ကို ကျမတို့အနေနဲ့ ပျက်စီးအောင်လို့၊ အခက်အခဲဖြစ်အောင်လို့ လုပ်ဖို့ ကျမတို့ ရည်ရွယ်ချက်မရှိဘူး။” လို့ ပြောပါတယ်။ အဲသလို ပြောခြင်းဟာ ဥပမာအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေတဲ့ အနေအထားမျိုးမှာ အာဏာပိုင်အဖွဲ့အစည်းက (အုပ်ချုပ်ရေးဘက်က) ကြားဝင်ဆောင်ရွက်ပေးနေခြင်းမျိုးဆိုရင် ကျနော် ထောက်ခံပါတယ်။ အခုဟာက အုပ်ချုပ်ရေးဘက်က လူတွေရဲ့ စစ်တပ်ကိုယ်နှိုက်က သူတို့နဲ့ အင်အားချင်းမမျှတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တတပ်ကို ထိုးစစ်ဆင်ခြေမှုန်းနေတဲ့ ကိစ္စပါ။ အဲဒီတော့ အုပ်ချုပ်ရေးဘက်ကနေ ကြိုးစားနေတဲ့ ကိစ္စတွေ ပြီးမြောက်တဲ့အထိ စောင့်နေမယ်ဆိုရင် ကချင်တိုင်းရင်းသားတွေအကုန်လုံး ကျိုးကြေကုန်နိုင်တာမို့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မျှော်မှန်းလုပ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အုပ်ချုပ်ရေးဘက်က လူတွေနဲ့ ပလဲနံပပိုသင့်ပြီး ပြေလည်မှု ပိုရကောင်းရနိုင်ပေမယ့် ထိုးစစ်ဆင်ခြေမှုန်းခံရတဲ့ ကေအိုင်အေနဲ့တကွ ကချင်လူမျိုးတွေနဲ့တော့ ပိုပိုပြီး အလှမ်းဝေးကွာသွားနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်သွားမှာကို အထူးစိုးရိမ်ရပါတယ်။

နောက်ဆုံးပြောချင်တဲ့ တချက်က စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ဆိုတာမျိုးက အုပ်ချုပ်ရေးဘက်က လူတွေ တာဝန်ပေးလာမှ လုပ်ဆောင်ရမယ့် အလုပ်မျိုးမဟုတ်ဘဲ (အုပ်ချုပ်ရေးဘက်က လူတွေကလည်း သူတို့ကိုယ်တိုင်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တော့ ဘယ်တော့မှ တာဝန်ပေးမည်မထင်ပါ။ တာဝန်ပေးခဲ့ရင်လည်း သူတို့လိုချင်တဲ့ ဂိုက်လိုင်းအောက်ကပဲ ဆောင်ရွက်ခိုင်းမှာမို့ နာမည်ပျက်ဖို့ပဲ ရှိမှာပါ)၊ နိုင်သလောက် အကူအညီလေးပေးရုံနဲ့ ကိုယ့်တာဝန်ကျေပြီလို့ မယူဆသင့်ဘဲ စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားတောင့်တတဲ့ ပြည်သူတွေနဲ့ လက်တွဲပြီး အသိရှိရှိ ပူးပေါင်းလှုပ်ရှားဆောင်ရွက်ရမယ့် အရေးကိစ္စလို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လေးလေးနက်နက် ပြန်စဉ်းစားကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
 ဒေါက်တာလွဏ်းဆွေ ဘလောက်စာမျက်နှာမှကူးယူသည်။
ဆက်ဖတ်ရန်

တပည့်မွေး ဆရာမွေး ပလူးပလဲ နိုင်ငံရေး

တပည့်မွေး ဆရာမွေး ပလူးပလဲ နိုင်ငံရေး
စိန်သံလုံး

မြန်မာ့နိုင်ငံရေးလောက ထင်ထင်ရှားရှား ဖြစ်လာတာမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးစ အချိန်ကာလကို မေ့ပျောက်ထားလို့ မရပါဘူး။ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ နေရာရလာကြတယ်။ နေရာမရသူတွေကတော့ မကျေနပ်ကြဘူးပေါ့။ ဒါကလည်း ထုံးစံတခုလို့ ပြောရင် မှားမယ်မထင်ဘူး။ မကျေနပ်သူတွေက အတိုက်အခံတွေ ဖြစ်ကုန်ကြတာကလည်း မဆန်းပါဘူး။

ဆန်းနေတာက တပည့်မွေးတယ်။ ဆရာမွေးတယ်။ ပလူးပလဲ လုပ်ကြတယ်။ နောက်တော့ ကွဲကြ ပြဲကြနဲ့ အကွဲအပြဲ ဇာတ်လမ်းတွေ ဖြစ်ကုန်ကြရော။ တချိန်က နု-တင်၊ ဆွေ-ငြိမ်း ဆိုပြီး ဆန့်ကျင်ဘက်တွေ ဖြစ်ခဲ့ကြတယ်၊ အဲဒီ တပည့်မွေး ဆရာမွေး ပလူးပလဲ နိုင်ငံရေးဟာ ခုချိန်ထိ သက်ဆိုးရှည်နေတုန်းပါပဲ။

နောက်ပြီး လူတဦးတယောက်၊ ပုဂ္ဂိုလ်တဦးတယောက် အပေါ်ကို အလွန်အကျွံ ကိုးကွယ်ဆည်းကပ် တိမ်းညွတ်မှုကလည်း မြန်မာ့နိုင်ငံရေးမှာ အစဉ်အလာကြီးလို ဖြစ်နေတုန်းပါပဲ။ အဲဒါကို အားနည်းချက် တခုလို့ မြင်သင့်တယ်။ ခေါင်းဆောင်တယောက်တည်းရဲ့ ဆုံးဖြတ်ချက်ဆိုတာ အများစုပေါင်း ဆုံးဖြတ်ချက်ထက် ပိုမကောင်းနိုင်ဘူး။ တယောက်တည်း စဉ်းစားဆုံးဖြတ်တာထက် အများစုပေါင်းပြီး ညှိနှိုင်းအဖြေရှာမှုက ပိုပြီး အားသာတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ အမှန်တရားတခု ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း (အောင်ဆန်း-အက်တလီစာချုပ်) ချုပ်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ အင်္ဂလန်နိုင်ငံကို ၉-၁-၁၉၄၇ မှာ ရောက်ရှိကြပေမယ့် ဗြိတိသျှဘုရင်ခံက ရွေးတဲ့ ဦးစောက ဗိုလ်ချုပ်အောင်ဆန်းနဲ့ လေယာဉ်တစီးတည်း မစီးလို လို့ ပြောပြီး လန်ဒန်ကို လိုက်ပါသွားခြင်း မရှိခဲ့တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းက လန်ဒန်ကနေ စောင့်ခဲ့ရတယ်။ ဦးစော လန်ဒန်ကို ရောက်တဲ့ ၁၃- ၁-၁၉၄၇ နေ့ ညနေ ၅ နာရီမှ အစည်းအဝေး ပထမနေ့ စတင်ခဲ့ရတာကို ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အများနှင့် ညှိနှိုင်းခြင်း စိတ်ဓာတ်ကို ပေါ်လွင်စေပါတယ်။

“NLD ပါတီလည်း သူ့ပါတီက အောက်ခြေအဖွဲ့တွေ စိတ်ဝမ်းကွဲနေကြပြီး ပါတီက နှုတ်ထွက်သူ၊ ပါတီဝင်အဖြစ်မှ နှုတ်ထွက်သူ၊ ဆိုင်းဘုတ်နဲ့ အလံကို ဖြုတ်ချသူတွေ ပါရှိလာကြပါတယ်။ ဒါ့အပြင် ပါတီခေါင်းဆောင်ဆိုသူတွေက မိန့်ခွန်းတွေ တွင်တွင်ပြောပြီး လုပ်ရပ်ကတော့ ဆွံ့အနားမကြားတဲ့အဖြစ်မျိုး ရောက်နေပြီးတော့ ကချင်ကိစ္စ၊ ရခိုင်ကိစ္စတွေမှာလည်း တရှောင်ရှောင်နဲ့ နာတာရှည် နှာစေးပြီး ကြောက်ဖျား ဖျားနေကြတယ်။ ဘယ်မှာလဲ ပြည်သူအားကိုးရမယ့် ခေါင်းဆောင်၊ ဘယ်မှာလဲ ပြည်သူ့အကျိုးဆောင်ရွက်သူတွေ ... ။”

အဲဒီနောက် အစည်းအဝေး ၁၀ ရက်မြောက်နေ့ (၂၇-၁-၁၉၄၇ နေ့) မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှဝန်ကြီးချုပ် အက်တလီတို့ လက်မှတ်ထိုးဖို့ သဘောတူညီကြပေမယ့် ဦးစောနဲ့ ဖဆပလ က ကိုယ်စားလှယ် သခင်ဗစိန်တို့က ကန့်ကွက်ကြတယ်။ သူတို့က သဘောမတူတဲ့ ကန့်ကွက်စာကို ရေးသားပေးပို့ရာမှာ ဦးစောက စာလုံးရေ ၆၅၀ သခင်ဗစိန်က စာလုံးရေ ၅၀၀ ရှိတယ်လို့ အစည်းအဝေးက မှတ်တမ်းတင်ခဲ့ကြတယ်။ မြန်မာအချင်းချင်း မညီညွတ်တာ ရှက်ဖို့ ကောင်းတာပေါ့။ အဲဒီဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဖေ၊ သခင်မြ၊ ဦးတင်ထွဋ်၊ အကြံပေးပုဂ္ဂိုလ် ဦးကျော်ငြိမ်း၊ သခင်ချစ်၊ အတွင်းဝန် အိုင်စီအက်စ် ဦးရွှေဘော်၊ လက်ထောက်အတွင်းဝန် ဦးအောင်သန်း၊ (ဗိုလ်စင်္ကြာ)၊ ဦးစော၊ သခင်ဗစိန်နဲ့ ဦးစောခေါ်လာတဲ့ မိတ္ထီလာ ဦးဘရင်တို့ ပါဝင်တယ်။ အဲဒီမှာ နှစ်ဦးတည်း ကန့်ကွက်တာမို့ အထမမြောက်ခဲ့ဘူး။

ဗြိတိသျှအစိုးရကို အကြိတ်အနယ် လွတ်လပ်ရေး တောင်းဆိုခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အဖွဲ့က တိုင်းပြည်အတွက် (မြန်မာပြည်အတွက်) ကြိုးပမ်းနေချိန်မှာ ဦးစောနဲ့ သခင်ဗစိန်တို့က မြန်မာပြည်ကို လွတ်လပ်ရေး မပေးဖို့ ဆန့်ကျင်ကြခဲ့တာဖြစ်လို့ အဲဒီကတည်းက သူတို့ဇာတိတွေ ပြနေကြတာပဲ။ သူတို့က ဘယ်သူ့ဘက်က လိုလားနေတယ်ဆိုတာလည်း ထင်ရှားနေတာပဲ။ အဲဒီနှစ်ယောက်ကတော့ အဲဒီအချိန်ကတည်းက အမျိုးသားသစ္စာဖောက်တွေလို့ သတ်မှတ်ရမှာပါ။ ၁၉၄၇ ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ ဗြိတိသျှအစိုးရရဲ့ လွတ်လပ်ရေးပေးမယ့် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆို အောင်မြင်ခဲ့ပေမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ အာဏာရူးကြီး ဦးစောက ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ခဲ့ကြတာ အားလုံးအသိပါပဲ။

ဗိုလ်ချုပ်အောင်ဆန်း ဘာလုပ်လုပ် အကောင်းမမြင်တဲ့ ဦးစောကို ဗိုလ်ချုပ်အောင်ဆန်းက ခွင့်လွှတ်ခဲ့လို့လည်း ဦးစောရဲ့ ယုတ်မာမှုတွေ အောင်မြင်ခဲ့တာပါ၊ ဗိုလ်ချုပ်အောင်ဆန်းက တကယ့် ဒီမိုကရေစီအခွင့်အရေးပေးသူ ဖြစ်တယ်ဆိုတာကို အသက်အသေခံပြီး ပြသွားခဲ့ပါတယ်။ စာချုပ်ကိစ္စမှာကတည်းက ဦးစောကို မယုံသင့်တာပါ။ တကယ်ဆိုရင် မြန်မာအချင်းချင်း ညီညွတ်မှု မရှိတာ ရှက်ဖို့ကောင်းသလို ဗြိတိသျှ အလိုတော်ရိ ဦးစောရဲ့ ယုတ်မာမှုက ပိုပြီး ရှက်ဖို့ကောင်းပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီး ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ မြန်မာပြည် လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ အဲဒီနောက် ဦးနုအစိုးရကို ပုန်ကန်တောခိုကြသူတွေ ရှိလာခဲ့ပါတယ်။ သခင်သန်းထွန်း ဦးဆောင်တဲ့ ကွန်မြူနစ်၊ KNDO (ကရင်)၊ MNDO (ပအို့)၊ မူဂျာဟစ်တို့လည်း တောခိုပြီး ပုန်ကန်ကြတယ်။ အဲဒီလို ပုန်ကန်မှုတွေအပြင် ရဲဘော်ဖြူ-ရဲဘော်ဝါ ဆိုပြီး ပြည်သူ့ရဲဘော် နှစ်ခြမ်းကွဲကြပြီး နောက်ထပ် သန့်ရှင်းဖဆပလ (ဦးနု-ဦးတင်)၊ တည်မြဲဖဆပလ (ဦးဗဆွေ-ဦးကျော်ငြိမ်း) တို့လည်း နှစ်ခြမ်းကွဲကြတယ်။ ၀ါဒမတူ ရည်မှန်းချက်မတူတဲ့ အကွဲအပြဲတွေ ဖြစ်ခဲ့ကြတာကို သင်ခန်းစာယူသင့်ကြတာပေါ့။ တကယ်ဆိုရင် အချင်းချင်းတွေ ညီညွတ်မှုမရှိလို့ ကွဲကြပြဲကြတာပါ။ အဓိက ကတော့ ပုဂ္ဂိုလ်တဦး၊ လူတဦးကို ကြည်ညိုမှု အားကိုးမှု တိမ်းညွတ်မှုတွေ လွန်ကဲတဲ့ ပလူးပလဲ နိုင်ငံရေးကြောင့်ဆိုတာ သင်ခန်းစာယူသင့်တယ်။

၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တော်လှန်ရေးကောင်စီ-မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ဖြစ်ခဲ့ပြီး ၁၉၈၈ မှ ၂၀၁၁ အထိ စစ်အစိုးရခေတ် ဖြစ်ခဲ့ချိန်တွေမှာ အကွဲအပြဲများရှိခဲ့ပြီး အချင်းချင်း ယုံကြည်မှု မရှိတော့လို့ နှုတ်ထွက်သွားတာတွေ၊ ထုတ်ပယ်ခံရတာတွေ အနားယူသွားတာတွေကလည်း သင်ခန်းစာယူစရာတွေပါ။ ၂၀၁၁ ဧပြီလက စပြီး ပါတီစုံဒီမိုကရေစီစနစ်သစ်နဲ့ အစိုးရသစ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တွေ ပေါ်ပေါက်လာခဲ့တယ်။ ဒါပေမယ့် ဥပဒေပြုရမယ့် တာဝန်ရှိတဲ့ လွှတ်တော်တွေက အရည်အချင်းမရှိသူတွေ များနေတော့ ရေသာများပြီး ငါးမတွေ့ဆိုတဲ့ အခြေအနေမျိုးကို ရောက်နေတယ်။ တကယ် ဥပဒေကို နားလည်ပြီး အကြံကောင်း ဥာဏ်ကောင်းတွေကို ပေးနိုင် ပြောနိုင်တဲ့ လူက လက်ချိုးရေလို့ ရတယ်။ တမတ်သား လွှတ်တော်ကိုယ်စားလှယ်တွေက လက်ညှိုးထောင် ခေါင်းညိတ်ရုံ၊ အထက်က အမိန့်ပေးတာကို နာခံပြီး ကန့်ကွက်ရုံက လွဲလို့ ဘာမှ အားကိုးလို့မရဘူး။ တကယ်ဆိုရင် ရှက်တတ်တဲ့ လူတွေဆို မျက်နှာတောင် ပြဖို့ မသင့်တော့ဘူး။ ဖွဲ့စည်းပုံမှာ တဖက်စောင်းနင်း လုပ်ထားတာတွေကို ပြင်ခွင့် မရမချင်း ပါလီမန်ဒီမိုကရေစီလို့ ခေါ်လို့မရဘူး။

ပါတီစုံဒီမိုကရေစီခေတ်လို့ ကြွေးကြော်နေကြပေမယ့် တပည့်မွေး ဆရာမွေးစနစ်က ရှိနေသေးတာမို့ ပလူးပလဲနိုင်ငံရေး ၀ဲသြဃထဲမှာ နစ်မြုပ်လျက် ရှိနေပါတယ်။ ခုချိန်မှာ ပါတီတွေ တည်ထောင်ခွင့် ရရှိနေကြတာမို့ ပါတီကြီး ပါတီသေးတွေ ရေပန်းစားနေကြပါတယ် တကယ်အားကိုးရတဲ့ ပါတီ၊ ပြည်သူ့အကျိုးကို ဆောင်ရွက်တဲ့ပါတီ၊ ပြည်သူ့အကျိုးကို လိုလားတဲ့ပါတီတွေ ရှိမှရှိရဲ့လားလို့ မေးစရာ ဖြစ်လာပြီ။ ဘာကြောင့်ဆို ၂၀၁၂ ခုနှစ်မှာ လယ်သမားတွေ၊ အလုပ်သမားတွေနဲ့ အခြေခံလူတန်းစား အများစု ဒုက္ခရောက်နေတာ အားလုံးသိကြတဲ့အတိုင်းပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အလုပ်သမား၊ လယ်သမားနဲ့ အခြေခံလူတန်းစားတွေ တွေ့ကြုံနေရတဲ့ ဒုက္ခဆင်းရဲတွေကို ဘယ်လောက် လုပ်ပေးနိုင်လို့လဲ၊ ဘယ်လောက် အားကိုးရလို့လဲ။

ပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဌကို သမ္မတ ဦးသိန်းစိန်ကိုပဲ ထပ်ပြီး ရွေးချယ်ကြလို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အငြင်းပွားနေကြပါတယ် (ဖွဲ့စည်းပုံထဲမှာ နိုင်ငံဝန်ထမ်းဆိုတာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်တဲ့။ သမ္မတဆိုတာ နိုင်ငံဝန်ထမ်းထဲမှာ အကြီးဆုံးပဲ။ သတ်မှတ်လစာ သိန်းငါးဆယ်တောင် ပေးထားတယ်)။ NLD ပါတီလည်း သူ့ပါတီက အောက်ခြေအဖွဲ့တွေ စိတ်ဝမ်းကွဲနေကြပြီး ပါတီက နှုတ်ထွက်သူ၊ ပါတီဝင်အဖြစ်မှ နှုတ်ထွက်သူ၊ ဆိုင်းဘုတ်နဲ့ အလံကို ဖြုတ်ချသူတွေ ပါရှိလာကြပါတယ်။ ဒါ့အပြင် ပါတီခေါင်းဆောင်ဆိုသူတွေက မိန့်ခွန်းတွေ တွင်တွင်ပြောပြီး လုပ်ရပ်ကတော့ ဆွံ့အနားမကြားတဲ့အဖြစ်မျိုး ရောက်နေပြီးတော့ ကချင်ကိစ္စ၊ ရခိုင်ကိစ္စတွေမှာလည်း တရှောင်ရှောင်နဲ့ နာတာရှည် နှာစေးပြီး ကြောက်ဖျား ဖျားနေကြတယ်။ ဘယ်မှာလဲ ပြည်သူအားကိုးရမယ့် ခေါင်းဆောင်၊ ဘယ်မှာလဲ ပြည်သူ့အကျိုးဆောင်ရွက်သူတွေ ... ။ ပြောရရင် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေတော့မှာပဲ။

နှစ်နဲ့ချီပြီး ပါတီအကျိုးကို လိုလားပြီး ဒုက္ခခံ ထောင်ကျခံ အနစ်နာခံကြသူတွေများက သူတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ အနစ်နာခံမှုတွေကို ပါတီရဲ့ဗဟိုက အသိအမှတ်ပြုခြင်း မခံရလို့ဆိုပြီး နှုတ်ထွက်သွားသူတွေလည်း ရှိနေပါတယ်။ ဒါကို ဒီမိုကရေစီစနစ်ရဲ့ ဖြစ်လေ့ဖြစ်ထ ဖြစ်ရိုးဖြစ်စဉ်လို့ တရားသေ သတ်မှတ်လို့ မရပါဘူး။ ဘာပဲဖြစ်ဖြစ် နားလည်ပေးသင့်တာပေါ့။ အကွဲအပြဲကတော့ စလာပါပြီ။ ရှေ့ဆက် ဘာတွေဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့။

နောက်ပြီး NDF ပါတီက ပါတီဝင်တွေ စိတ်ဝမ်းကွဲကြတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ နှုတ်ထွက်ပြီး ပါတီပြောင်းကြတယ်။ ပါတီသစ်ထောင်သူထောင်၊ NLD ထဲ ရောက်သူရောက်နဲ့ စည်းလုံးညီညွတ်မှုတွေ ပြိုကွဲပြီး ဖရိုဖရဲ ဖြစ်လာတဲ့ အခြေအနေတွေကို မြင်တွေ့လာရတယ်။ အလားတူပဲ တခြားပါတီတွေမှာလည်း ပြဿနာမျိုးစုံ ရှိနေကြတယ်။ ပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင် အချင်းချင်းကလည်း မကျေနပ်မှုတွေ၊ စွပ်စွဲပြစ်တင်မှုတွေ လုပ်ဖို့ ကြိုးစားနေကြတယ်။ သူတို့က တမိန့်တအာဏာနဲ့ အုပ်ချုပ်လာတာ ကြာပြီ။ ခု မရတော့ဘူး။ သူတို့ပါတီထဲမှာလည်း ဖြုတ်ထုတ်ရှင်းတွေ စလုပ်နေပြီ။

ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားအောင်မြင်ဖို့ဆိုရင် အချင်းချင်း ညီညွတ်ဖို့ လိုတယ်။ ပါတီဝင် အချင်းချင်း အကွဲအပြဲ ဖြစ်ကြခြင်းကတော့ နစ်နာဆုံးရှုံးမှုများပဲ ဖြစ်ပါတယ်။ အဲဒါက ပါတီဝင်တွေ အနစ်နာခံမှု ကြိုးစားဆောင်ရွက်မှုတွေကို ပါတီခေါင်းဆောင်တွေက အသိအမှတ်ပြုခြင်း၊ မျှတစွာ ဆုံးဖြတ်ခြင်းတွေနဲ့ ဆိုင်တယ်။ လက်ရှိ ဖွဲ့စည်းပြီးတဲ့ ပါတီငယ်တွေကလည်း လှုပ်ရှားမှု၊ ပြည်သူ့အကျိုးပြုမှုတွေ သိပ်မမြင်ရဘူး။ ပါတီခေါင်းဆောင် တော်တော်များများက တိုင်းပြည်ရဲ့ ခေါင်းဆောင်ဖြစ်ချင်ကြတယ်။ ဒါပေမယ့် ခေါင်းဆောင်ရဲ့အရည်အချင်းကို ပြည့်ဝအောင် ကြိုးစားဖို့ လိုပါသေးတယ်။ ကိုယ့်ပါတီကိုတောင် နိုင်နိုင်နင်းနင်း အုပ်ချုပ်မှုမပေးနိုင်ရင် တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်မှာလဲ (ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားလူမျိုးစုအားလုံး လက်ခံနိုင်အောင် ပင်လုံညီလာခံနဲ့ ကြိုးပမ်းခဲ့တယ်။ ဒါကြောင့် အများချစ်တဲ့ ခေါင်းဆောင်ဖြစ်လာတယ်)။

မြန်မာနိုင်ငံရဲ့သမိုင်းကို ပြန်ကြည့်ရင် အင်္ဂလိပ်လက်အောက် ရောက်ရခြင်းက သီပေါမင်းရဲ့ ခေါင်းဆောင်မှု ညံ့ဖျင်းလို့၊ ကင်းဝန်မင်းကြီး ခြယ်လှယ်လို့ ဆိုတာ ငြင်းလို့ မရတဲ့ သမိုင်းဖြစ်ရပ်တခုပါပဲ။ သီပေါမင်းရဲ့ နောက်က ကြိုးကိုင်သူ စုဖုရားလတ်ဆိုတဲ့ မိဖုရားက အာဏာမက်ခဲ့လို့လည်း အင်္ဂလိပ်တွေရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရတာပါ။ တကယ်အရည်အချင်း ရှိသူတွေကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကလည်း ထက်မြက်တဲ့ အင်အားတွေ လျော့ပါးသွားစေတာပဲ။ အားကိုးရမဲ့ လူတွေ မရှိတဲ့အချိန်မှာ အင်္ဂလိပ် ပြုသမျှ နုခဲ့ရတာပေါ့။

ဒီကနေ့ မြန်မာနိုင်ငံအတွက် ခေါင်းဆောင်များများ မရှိပါဘူး။ ရှားနေတဲ့အတွက် နောက်ထပ် မျိုးဆက်သစ်ခေါင်းဆောင်တွေကို အားကိုးချင်ကြပါတယ်။ ဘယ်သူ့ကို အားကိုးလို့ ရမလဲ။ ဘယ်သူ့ကို ယုံကြည်လို့ ရမလဲ။ ဘယ်သူက ဘယ်လောက် အရည်အချင်း ရှိနေသလဲ။ ရှာကြည့်လိုက်ပါ။ ခက်နေ ၏တာက ရှေးက အစဉ်အလာကြီးတိုင်း လူပုဂ္ဂိုလ်တဦးတယောက်ကိုသာ ကိုးကွယ် - ဆည်းကပ် - တိမ်းညွတ်နေကြမယ်ဆိုရင် အဲဒီခေါင်းဆောင် မရှိတဲ့အခါ ဘယ်သူ့ကို အားကိုးကြမလဲ။ NLD ပါတီကို နမူနာပြမယ်။ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် ၂ - ၃ - ၄ - ၅ ရှိသလား။ အများယုံကြည်နိုင်တဲ့ ခေါင်းဆောင် ဘယ်နှစ်ယောက်ရှိသလဲ။ တကယ်ဆိုရင် နိုင်ငံမှာ အားကိုးထိုက်တဲ့ ခေါင်းဆောင်တွေ မျိုးဆက်သစ်တွေကို တရုတ်က မွေးသလို ကြိုပြီး မွေးထားကြဖို့ လိုပြီပေါ့။ ဒီလိုမှ မလုပ်ရင် အခု ဖြစ်နေတဲ့ တပည့်မွေး ဆရာမွေး ပလူးပလဲ နိုင်ငံရေးအခင်းအကျင်းနဲ့ ဘယ်လို ရှေ့ဆက်ကြမှာလဲ။ စဉ်းစားလို့တောင် မရဘူး။ ရင်လေးစရာကြီးပါ။

စိန်သံလုံး

 ဒေါက်တာလွဏ်းဆွေ ဘလောက်စာမျက်နှာမှကူးယူသည်။
ဆက်ဖတ်ရန်

ရေပေါ် အရုပ်ရေးသလိုဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု

ရေပေါ် အရုပ်ရေးသလိုဖြစ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု
ဒေါက်တာလွဏ်းဆွေ

“အာဏာရှင်စနစ်ကို အမြစ်ကျွတ်အောင် မချွတ်နိုင်သေးဘဲ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပေဒစိုးမိုးရေးကို ကြိုးပမ်းနေမှုတွေဟာ ရေပေါ် အရုပ်ရေးသလို အချည်းနှီး ဆောင်ရွက်မှုတွေသာ ဖြစ်ပါလိမ့်မယ်။”

ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေးကနေ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ တက်လှမ်းလိုတယ်ဆိုရင် စစ်အာဏာရှင်တွေ ကြိုးကိုင်ထားဆဲ မြန်မာစစ်တပ်ကို အရပ်သားအစိုးရစစ်စစ်တရပ်ရဲ့ အုပ်ချုပ်မှုအောက် အရောက်ပို့နိုင်ရေး ပြည်သူနဲ့အတူ အရင်ကြိုးပမ်းကြဖို့ လိုပါတယ်။ အလုံးစုံသော အာဏာပါဝါရှိတဲ့ အရပ်သားအစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုနဲ့မှသာ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။

အခုလို မြန်မာစစ်တပ်က အာဏာရှင်တစုရဲ့ ကြိုးကိုင်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီး ရုပ်သေးသမ္မတက စစ်တပ်အပေါ် အာဏာသက်ရောက်မှုမရှိတဲ့ အချိန်အခါမျိုးမှာ ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့ ဆွေးနွေးနေလို့ကတော့ အပစ်ရပ်ထားရင်လည်း ရပ်ထားတာပဲရှိမယ်။ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာတဲ့အဆင့်အထိ ရောက်ရှိလာနိုင်မှာမဟုတ်ဘဲ ကြံ့ဖွံ့စစ်အုပ်စုရဲ့ အချိန်ဆွဲ မက်လုံးပေး ဖြိုခွဲမှု နည်းဗျူဟာအောက်မှာ အခန့်မသင့်ရင် အဖွဲ့အစည်းအတွင်း ရှိရင်းစွဲ ညီညွတ်မှုတွေ ပြိုကွဲသွားနိုင်သလို ညီညွတ်ရေး မပြိုကွဲရင်လည်း သာရင်သာသလို၊ အကျိုးစီးပွားပေါ်လာရင်ပေါ်လာသလို ကတိက၀တ် ချိုးဖောက်တတ်မြဲဖြစ်တဲ့ အာဏာရှင်တွေ ကြိုးကိုင်ထားဆဲ စစ်တပ်နဲ့ တိုက်ပွဲပြန်ဖြစ်ဖို့ပဲ ရှိပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကတော့ ဝေလာဝေးလို့ပဲ ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ …

ပထမအချက်က … ကြံ့ဖွံ့စစ်အုပ်စုဘက်က အပစ်အခတ်ရပ်စဲရေး လုပ်တဲ့ ရည်မှန်းချက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဘက်က အပစ်အခတ်ရပ်စဲရေး လုပ်တဲ့ ရည်မှန်းချက်တွေက ဖီလာဆန့်ကျင်နေတာကြောင့်ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့ ရည်မှန်းချက်က အပစ်အခတ်ရပ်စဲရေးကနေ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲအထိ တက်လှမ်းပြီး ၂၀၀၈ အခြေခံဥပေဒ ပြင်ဆင်ရေး၊ ပြည်ထောင်စုတပ်မတော် စနစ်တကျ ဖွဲ့စည်းရေးနဲ့ တန်းတူညီမျှ အခွင့်အရေးရတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပြီး ကြံ့ဖွံ့စစ်အုပ်စုရဲ့ ရည်မှန်းချက်က အပစ်ရပ်အဖွဲ့တွေကို နိုင်ငံရေးပါတီ ထူထောင်စေပြီး ၂၀၀၈ အခြေခံဥပေဒအောက်ကို ဒူးထောက်အညံ့ခံစေရေးနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို အာဏာရှင်တွေ ကြိုးကိုင်ထားတဲ့ မြန်မာစစ်တပ်အောက်ကို နယ်ခြားစောင့်တပ်အသွင်လို ပုံစံတမျိုးမျိုးနဲ့ သွတ်သွင်းပြီး ဒီမိုကရေစီမျက်နှာဖုံးစွပ်ထားတဲ့ အာဏာရှင်စနစ်သစ်ကို ထူထောင်ရေးဖြစ်နေတာကြောင့် ရည်မှန်းချက်ချင်း ဖီလာဆန့်ကျင်နေတာဖြစ်ပါတယ်။

ဒုတိယအချက်က … ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အောင်မြင်မှုယူနိုင်သယောင်ယောင် သတင်းကြီးနေတဲ့ ဦးအောင်မင်းဟာ အဆုံးအဖြတ်ပေးနိုင်တဲ့ အခွင့်အာဏာရှိသူ မဟုတ်တာကြောင့် ဖြစ်ပါတယ်။

ကြံ့ဖွံ့ရုပ်သေးအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကို အဓိက ဦးဆောင်တဲ့ ဦးအောင်မင်းဟာ ကြံ့ဖွံ့စစ်အုပ်စုရဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ အခွင့်အာဏာရရှိထားသူ မဟုတ်ဘဲ ကြံ့ဖွံ့စစ်အုပ်စုရဲ့ ကြိုးဆွဲသမ္မတ ဦးသိန်းစိန်ရဲ့ လူယုံ (ပွဲစား) အဆင့်လောက်သာရှိလို့ သူ့ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဟာ တိုင်းရင်းသားအင်အားစုတွေ လိုလားတဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်အထိ မရောက်နိုင်မှာ လုံးဝသေချာနေတာ ဖြစ်ပါတယ်။ ကြံ့ဖွံ့အစိုးရနောက်ကွယ်က စစ်အာဏာရှင်တွေရဲ့ ချောင်ထိုးမှုကို ဦးအောင်သောင်း ခံခဲ့ရသလို ကချင်နဲ့ ဆွေးနွေးပွဲ ထူးခြားမလာရင် (လွယ်လွယ်နဲ့လည်း ထူးခြားဖို့မရှိ) ဦးအောင်မင်းလည်း အချိန်မရွေး ချောင်ထိုးခံရနိုင်တာပါပဲ။ အဲသလို ချောင်ထိုးခံရရင် မူဝါဒ တိတိကျကျမရှိတဲ့ ကြံ့ဖွံ့အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ဆွေးနွေးထားတဲ့ ရလဒ်တွေ တမဟုတ်ချင်း ရေစုန်မျောပြီး မြောင်းထဲရောက်သွားမှာ ဖြစ်ပါတယ်။ ဦးအောင်မင်းအနေနဲ့ အလွန်ဆုံး ကြိုးပမ်းပေးနိုင်မှာနဲ့ ကြိုးပမ်းခွင့်ရှိမှာက ယာယီ အပစ်အခတ်ရပ်စဲရေး ရရှိရုံလောက်ပဲဖြစ်ပါတယ်။ နိုင်ငံရေးအရ အကြေအလည် ဆွေးနွေးဖို့ကို နောက်ကွယ်က ဆရာကြီးတွေက အမှန်တကယ် ဆန္ဒမရှိတာကြောင့် အဲဒီကိစ္စအတွက် ဦးအောင်မင်း ဘာမှ တတ်နိုင်မှာမဟုတ်တာ အသေအချာပါ။

ဦးအောင်မင်းမှ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကာချုပ်မင်းအောင်လှိုင် ကိုယ်တိုင်လိုက်ပါခဲ့ရင်တောင် အမှန်တကယ် အဆုံးအဖြတ်ပေးနိုင် မပေးနိုင်ဆိုတာ မသေချာမရေရာတဲ့ကိစ္စပါ။ ကြံ့ဖွံ့စစ်အုပ်စုဘက်မှာက ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တိကျရေရာတဲ့ မူဝါဒမရှိဘဲ နောက်ကွယ်က ကြိုးကိုင်နေတဲ့ ဆရာကြီးတွေက အခြေအနေအရ မီးစင်ကြည့်ကတဲ့ မူဝါဒကို ကျင့်သုံးနေလို့ပါ။ လတ်တလောအနေအထားမှာ နောက်ကွယ်က ဆရာကြီးတွေ မျှော်လင့်ထားပုံက အပစ်အခတ်ရပ်ထားနိုင်တဲ့ လက်နက်ကိုင်အင်အားစုတွေကို ၂၀၀၈ အခြေခံဥပေဒအောက် ၀င်ရောက်ရေး မစည်းရုံးနိုင်သေးရင်တောင် အပစ်အခတ်ရပ်စဲနိုင်တာလောက်ကို ပြည်တွင်းငြိမ်းချမ်းရေးရပြီလို့ နိုင်ငံတကာကို ပြပြီး အမြတ်ထုတ် လုပ်စားရေး ဖြစ်ပါတယ်။ အခုအချိန်မှာ အဲသလို ပြစားပြီး အမြတ်ထုတ်ဖို့ ကချင်ကိစ္စက သူတို့အတွက် ဖင်ကြားခဲခုဖြစ်နေတာပါ။

စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဆီ တက်လှမ်းရေးမှာ အဲဒီလိုအနေအထားတွေ ဖြစ်တည်နေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအနေနဲ့ ယာယီအပစ်အခတ်ရပ်စဲထားရုံ ရှေ့မတိုးနောက်မဆုတ် အနေအထားလောက်မှာ ငုတ်တုတ်မေ့နေရတာထက်စာရင် စစ်အာဏာရှင်တွေကို ပြိုင်တူဖိအားပေးနိုင်ဖို့ ကြိုးပမ်းတာက စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆီ ရောက်ရှိဖို့ ဖြစ်နိုင်ခြေပိုရှိမှာဖြစ်ပါတယ်။ ပြိုင်တူဖိအားပေးဖို့ မကြိုးစားဘဲ အာဖရိက မြင်းကျားတွေလို တကောင် အဆွဲခံရချိန်မှာ ကျန်တဲ့အကောင်တွေ မြက်စားမပျက်သလိုမျိုး ပြုမူကျင့်ကြံနေရင်တော့ ကြာလာတာနဲ့အမျှ စစ်အာဏာရှင်ရဲ့အစွယ်သစ်က အင်အားစုတစုချင်းစီရဲ့ ဂုတ်ပိုးပေါ် လာခဲတာကို အလှည့်ကျ ပြန်ခံရဦးမှာ အသေအချာပဲဖြစ်ပါတယ်။

“အာဏာရှင်စနစ်ကို အမြစ်ကျွတ်အောင် မချွတ်နိုင်သေးဘဲ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပေဒစိုးမိုးရေးကို ကြိုးပမ်းနေမှုတွေဟာ ရေပေါ် အရုပ်ရေးသလို အချည်းနှီး ဆောင်ရွက်မှုတွေသာ ဖြစ်ပါလိမ့်မယ်။”

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

ဒေါက်တာလွဏ်းဆွေ ဘလောက်စာမျက်နှာမှကူးယူသည်။
ဆက်ဖတ်ရန်