ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ် ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။ အထဲမှာ ဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင်စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နိုင်လိ
အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယိုဗုံး ဆိုတာက မီးလောင်ဗုံးမှ မဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရ မဖြစ်စေပဲနဲ့ လူစုခွဲနိုင်ရုံ ရည်ရွယ်တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစား သာဖြစ်တယ်။ အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇဝတ်မှု အကြီးကြီး တစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်။
တခြားဖြစ်နိုင်တာကတော့ ကပစ ကထုတ်တဲ့ မျက်ရည်ယိုဗုံးတွေ စံချိန်မမှီတာကြောင့်လည်းပဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် အရပ်သားတွေကို မီးလောင်ဒဏ်ရာရစေတဲ့အထိ ဖြစ်သွားတာကတော့ (မတော်တဆပဲဖြစ်ဖြစ်၊ တမင်တကာပဲဖြစ်ဖြစ်) ဘယ်နည်းနဲ့မှ လက်ခံနိုင်စရာ အကြောင်းမရှိ။ ကိုယ်ချင်းမစာတတ်ရင် ကိုယ့်အသားပေါ်ကိုယ် ဆီပူ တစက်လောက် ချကြည့်နိုင်တယ်။ (Sai Thein Win)
No comments:
Post a Comment