Saturday, November 24, 2012

စီမံကိန်း မရပ်ဆိုင်းပါက သပိတ် စခန်းများ ရုပ်သိမ်းမည် မဟုတ်

let pan tanungကြေးနီတောင် စီမံကိန်း လုံးဝ ရပ်ဆိုင်းရန် အတွက် သပိတ် စခန်း ဖွင့်၍ တောင်းဆို ဆန္ဒပြ သူများက စီမံကိန်း လုံးဝ ရပ်ဆိုင်း မှသာ မိမိတို့ ဖွင့်လှစ် ထားသည့် သပိတ် စခန်း များကို ရုပ်သိမ်း ပေးနိုင်မည် ဖြစ်ကြောင်း ဆန္ဒပြသူ တစ်ဦးမှ ပြောသည်။
“ဦးအောင်မင်း လာရောက် ညှိနှိုင်း ပေမယ့်လို့ ကျွှန်တော်တို့ ဆန္ဒပြ နေတဲ့ တောင်သူ တွေကတော့ တောင်းဆို ထားတဲ့ စီမံကိန်း လုံးဝ ရပ်ဆိုင်းရေး သဘော တူညီချက် မရဘူး ဆိုရင် ကျွှန်တော်တို့ သပိတ်စခန်း တွေကို ရုပ်သိမ်းဖို့ မရှိပါဘူး၊ လယ်တီ ဆရာတော် ဘုရားကြီး သီတင်းသုံး ခဲ့တဲ့ ကျောင်းတော်၊ တောင်ပေါ် သပိတ် စခန်းမှာ ရှိတဲ့ သူတွေ ကလည်းပဲ ဒီစီမံကိန်း ရပ်မှ တောင်အောက်ကို ဆင်းမယ်လို့ ပြောသွားတယ်” ဟု သပိတ် စခန်းတွင် ရောက်ရှိ နေသည့် မြန်မာနိုင်ငံ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ယက်မှ ကွန်ယက် တာဝန်ခံ ကိုသောင်းထိုက်မှ ပြောသည်။
စီမံကိန်း လုံးဝ ဖျက်သိမ်းပေးရေး ဆန္ဒပြ တောင်းဆိုမှုကို မိမိ အနေနှင့် ချက်ခြင်း လုပ်ဆောင် ပေးနိုင်မည် မဟုတ် သော်လည်း သမ္မတ ကြီးထံ တင်ပြ သွားမည်ဟု ဦးအောင်မင်းမှ ၄င်းဆန္ဒပြသူ များနှင့် တွေ့ဆုံ ခဲ့စဉ်တွင် ပြောကြား ခဲ့ကြောင်းလည်း ကိုသောင်းထိုက်မှ ပြောသည်။
တောင်ပေါ် သပိတ် စခန်းတွင် စခန်းဖွင့်၍ ဆန္ဒပြ နေသူ များမှ စီမံကိန်း ကားကြီးများ လုပ်ငန်းခွင် ဝင်ရောက် နိုင်မှု မရှိအောင် အဓိက တားဆီးသည့် အဖွဲ့များ ဖြစ်သည်ဟု သိရှိရသည်။
နိုဝင်ဘာလ (၂၃) ရက်နေ့က အဆိုပါ ဆန္ဒပြ နေသည့် လက်ပန်းတောင်း ကြေးနီ တောင်တို့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး သတ္တုတွင်း ဝန်ကြီးဌာန ဦးသိန်းထိုက်နှင့် ဦးလှ မောင်ရွှေသို့ သွားရောက် ခဲ့ပြီး ဆန္ဒပြ ဒေသခံ များနှင့် သွားရောက် တွေ့ဆုံကာ အချက်အလက်များ ကောက်ယူ ခဲ့သည်ဟု သိရှိရသည်။
“ဦးအောင်မင်း လာတုန်း ကလည်း ဒေသခံ တွေက ကြေးနီ စီမံကိန်း လုံးဝ ဖျက်သိမ်း ပေးပါလို့ တညီတညာ တည်းပဲ အော်လိုက် ကြတယ်” ဟု ကိုသောင်းထိုက်မှ ပြောသည်။
ဝန်ကြီး ဦးအောင်မင်းမှ ယခု ကဲ့သို့ လက်ပံတောင်း တောင်သို့ သွားရောက် ခဲ့ခြင်း မှာလည်း အချက် အလက်များ စုဆောင်း ကောက်ယူ နိုင်ရန် အတွက် ဖြစ်သည်ဟု ၄င်းခရီးစဉ်၌ လိုက်ပါ သွားသည့် ဦးလှ မောင်ရွှေမှ ပြောသည်။
“အများကြီးတော့ မရှိပါဘူး မနေ့က လေးနာရီ လောက်ကနေ ခြောက်နာရီ လောက်အထိ နှစ်နာရီ ကျော်ကျော် လောက်တော့ ဆွေးနွေးတယ် သူတို့ ပြောတာ နားထောင်တယ်၊ ဝန်ကြီးကနေပြီးတော့ သူတို့ ပြောတာ မှတ်တမ်းတင် ရေးမှတ် ထားတယ်၊ အဆုံးအဖြတ် အနေနဲ့တော့ ပေးခဲ့ တာမျိုးတော့ မရှိပါဘူး” ဟု ဦးလှမောင်ရွှေမှ ပြောသည်။
Let pan taung 12
နိုဝင်ဘာလ (၁၉) ရက်နေ့ သမ္မတ အိုဘားမား မြန်မာနိုင်ငံ ရောက်ရှိနေစဉ်
လက်ပံတောင်း ကြေးနီ စီမံကိန်း လုံးဝ ရပ်တန့် ရေးအတွက် ဒုတိယ သပိတ်စခန်း
ဖွင့်လှစ် လိုက်ပုံ (ဓါတ်ပုံ - ပွင့်လင်းမုံရွာ)
ဒေသခံ သံဃာနှင့် ပြည်သူ လူထုပေါင်း (၂၀၀၀) ခန့်က ယနေ့အထိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်း ပေးရေး တောင်းဆို ချက်ဖြင့် လက်ပံတောင်း တောင်ပေါ်၊ မြန်မာ ဝမ်ပေါင် ကုမ္ပဏီ ရှေ့နှင့် တောင်ပေါ် တက်သည့် အချက်အချာ ကျသည့် နေရာများ၌ သပိတ် စခန်း (၆) ခု ဖွင့်လှစ်ပြီး ဆန္ဒပြလျက် ရှိကြသည်။
ဆန္ဒပြသူများမှ ကြွှေးကြော်သံ များအဖြစ် “ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝ ဖျက်သိမ်းရေး၊ ဒို့အရေး ဒို့အရေး။ မြန်မာ့ ဦးပိုင် ကုမ္ပဏီ ဖျက်သိမ်းရေး၊ ဒို့အရေး ဒို့အရေး။ မြန်မာဝမ်ပေါင် ကုမ္ပဏီ ဖျက်သိမ်းရေး၊ ဒို့အရေး ဒို့အရေး။” ဟု ကြွှေးကြော်လျက် ဆန္ဒပြလျက် ရှိသည်။

No comments:

Post a Comment