Saturday, November 24, 2012

မြန်မာပြည်ရှိ ဘုန်းတော်ကြီး သင် ပညာရေးကျောင်း များ စာရင်း


၁) ကျောင်းတည်ရှိရာ။ ။ ... စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မြင်းစီးကျေးရွာ
ကျောင်းအမည်။ ။ အမှတ်(၅) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ သုဝဏ္ဏပါသာဒါရာမတိုက် (ရွှေကျောင်းကြီး)
ကျောင်းသားဦးရေ ။ ။ စုစုပေါင်း ၂၄၇ ယောက်
ဆက်သွယ်ရန်။ ။ 0095+22348 Ext..701
0095+ 95947060615
ကျောင်းအုပ် ဆရာတော် ။ ။ ဦးဇဋိလ


စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာ၊ ကျေးဇူးတော်ရှင် သုဝဏ္ဏပါသာဒါရာမတိုက်(ရွှေကျောင်းကြီး) သက်တော်ရှည်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအဂ္ဂ၀ံသမဟာထေရ်၏ သြ၀ါဒစရိယကိုခံယူကာ တပည့်များ ဖြစ်ကြသော အရှင်ပဏ္ဍ၀ံသ၊ အရှင်ဇဋိလ၊ အရှင်တိလောက အရှင်ဝိသုတ (Ph.D)နာလန္ဒာ တက္ကသိုလ်၊အရှင်ကုလိသ(M.A)နာလန္ဒာတက္ကသိုလ်အရှင်ဝိစာရ၊အရှင်စန္ဒဇောတိ စသော တပည့် ရဟန်းတော်များးနှင့် တပည့်ကျောင်းသား/ ကျောင်းသူများ၊ ကျောင်း ဒကာ/ကျောင်းအမ များနှင့်တိုင်ပင်က ရှေးအခါက ဆရာတော်ကြီးများ၏ အမွေနှစ်ကို ဆက်လက် လက်ဆင့်ကမ်းယူသော သဘောဖြင့်လည်းကောင်း ဆရာတော်ကြီး တို့၏ အမွေနှစ်ကို ဆက်လက်ထိမ်း သိမ်းနိုင်စေရန် အတွက်လည်း ကောင်း၊ မိမိတို့ကျေးရွာနှင့် နီးစပ်သော ကျေးရွာများမှ ကလေးငယ်များ၊ မိမိကျေးရွာနှင့် အခြားသော ကျေးရွာများတွင် ဆင်းရဲနွမ်းပါး ပညာမသင်ကြား နိုင်သော သာသနာအကျိုး နိုင်ငံအကျိုး သယ်ပိုးနိုင်မည့် မျိုးဆက်သစ် ကလေးငယ်များ၊ ပညာ ရည်နို့သောက်စို့နိုင်စေ၊ အမျိုးဘာသာ သာသနာကို ထိန်းသိမ်း စောင့် ရှောက်နိုင်ပါစေ ဟူသော ရွယ်ရွယ်ချက်ဖြင့်၊၂၀၀၅-ခုနှစ် မတ်လ (၂၄)ရက်နေ့တွင် ပြည်ထောင်စု မြန်မာ နိုင်ငံ တော် သာသနာရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်၊ မူကြိုတန်း၊ သူငယ်တန်း၊ ပထမတန်း ၊ဒုတိယတန်း၊ တတိယတန်း မှ ၊စတုတ္ထတန်းအထိ ကျောင်းသား/ ကျောင်းသူ (၃၀၀)ဖြင့်စတင်၍ဖွင့်၍ လှစ်သင်ကြား ပေးနိုင်ခဲ့ပါသည်၊ ယခုဆိုလျှင် ကျောင်းသား/ ကျောင်းသူပေါင်း ၃၀၀ကျော်နှင့် ဆရာ ရဟန်းတော်များ ဆရာ/ဆရာမ များက၀ိုင်းဝန်း၍ သင်ကြားပေးနိုင်ခဲ့ပါပြီ၊ ယခုဆိုလျှင်ပညာ သင်နှစ်သည်(၄) နှစ်တာ ခရီးသို့ကျော်လွန်၍ (၅)နှစ်တာ ခရီးသို့ဆက်လက် လျှောက်လှမ်းလျှက် ရှိပါသည်။ ရှေ့ ဆက်၍ ပညာသင်ကြား နိုင်ရန် အတွက်ပညာပါရမီဖြည့် ဆည်းကြမည့်၊ ပညာပါရမီအလှူရှင်များ လိုအပ်လျှက်ရှိပါသည်၊ သို့ဖြစ်ပါသောကြောင့်၊ အနာဂတ် သားကောင်း၊ သမီးကောင်းများဖြစ်ပေါ်လာနိုင် စေရေးအတွက် ပညာပါရမီ၊ ပညာဒါန၊ အဖြစ်လှူဒါန်းနိုင်ပါသည် ဆိုသည့်အကြောင်းအကျိုး မျှော်၍နှိုးဆော်တိုက်တွန်းလိုက်ပါသည်။

ကျောင်းသား/ကျောင်းသူများအတွက်လည်းအလှူရှင်များလိုအပ်လျှက်ရှိပါသည်၊ ပညာပါရမီအဖြစ်ကုသိုလ်ပါဝင် လိုသူများကို နွေးထွေးစွာ ကြိုဆိုလျှက်ရှိပါသည်၊

စိတ်ပါဝင်စားသူများ အောက်ပါ လိပ်စာ သို့ဆက်သွယ် မေးမြန်းလှူဒါန်းနိုင်ပါသည်၊

၁။ အရှင်ဇဋိလ အမှတ်(၅)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မြင်းစီးကျေးရွာ၊ ရွှေဘိုမြို့နယ်၊ စစ်ကိုင်းတိုင်း။
၂။ အရှင်ဝိသုတ နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ ဖုန်း၊ 91-9431477902
၃။ အရှင်ကုလိသ နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ ဖုန်း၊ 91- 9801741895
 
 


 
၂) ကျောင်းအမည် - အမှတ်(၄) ဘုန်းတော်ကြီးကျောင်း
ကျောင်းတည်ရှိရာ - စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အမှတ်(၅)ရပ်ကွက်၊ ဆင်ရုံရပ်၊

အမှတ်(၄) ဘုန်းတော်ကြီးကျောင်းသည် စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အမှတ်(၅)ရပ်ကွက်၊ ဆင်ရုံရပ်၊ တွင် တည်ရှိပါသည်၊ အမှတ်(၄) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၂၀၀၂ -ခုနှစ် တွင် သာသနာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး သူငယ်တန်းမှ စတုတ္ထတန်း အထိ စတင်ဖွင့်လှစ်ခဲ့ ပါသည်၊။ စတင်ဖွင့်လှစ်သောနှစ်တွင် မူလတန်းမှအဆင့်သာ သင်ကြားနိုင်ခဲ့ပြီး သုံးနှစ်မြောက်သော အခါ မူလွန် တန်းကို စတင်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါသည်။ ယခု အခါ သူငယ်တန်းမှသည် ဒဿမတန်းအထိ ၂၀၀၈/၂၀၀၉-ပညာသင်နှစ်မှ စတင်၍ သင်ကြားပေးနိုင်ခဲ့ပါသည်၊ ယခု ဆိုလျှင် ကျောင်းသား/ ကျောင်းသူပေါင်း ၂၅၀ ကျော်ခန့်ပညာသင်ကြားပေးနိုင်ခဲ့ပါပြီ၊ ဘုန်းတော်ကြီးသင်ပညာကျောင်းဆို သည့် အတိုင်း အကုန်အကျ သက်သာစေရန်နှင့် ကျောင်းသား/ ကျောင်းသူများ ယဉ်ကျေးလိမ္မာလာစေရန် ရည်ရွယ်၍ ကျောင်းသားဆိုရင် သာမဏေများဝတ်ပေးပြီး။ ကျောင်းသူ ဖြစ်ပါက သီလရှင်များ ၀တ်ပေးကာ ကျောင်းအုပ်ဆရာတော် ဦးသီလာနန္ဒ ကိုယ်တိုင် ကြည့်ကြပ်၍ သင်ကြားပေးလျှက်ရှိပါသည်၊ သို့ဖြစ်ပါသောကြောင့် ပညာပါရမီ ဖြည့်ဆည်းလိုသူများ အမှတ်(၄) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ နွေးထွေးစွာ ကြိုဆိုလျှက်ရှိပါကြောင်း နှင့် မျိုးဆက်သစ် ကလေးငယ်များ အား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း အသိပေးနိုးဆော်အပ်သည်၊

ဆက်သွယ်ရန်လိပ်စာ။ ။ ဦးသီလာနန္ဒ
အမှတ်(၄) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
အမှတ်(၅) ရပ်ကွက် ၊ ဆင်ရုံရပ်၊ ရွှေဘို မြို့၊ စစ်ကိုင်းတိုင်း၊
ဖုန်း.0095+92054938
Gmail: gtymes.4@gmail.com


) ကျောင်းအမည် - စိတ္တသုခ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း
ကျောင်းထိုင်ဆရာတော် - ပဓာနနာယက ဆရာတော် ဦးပုညနန္ဒ
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ သတ္တမတန်းအထိ ၂၄၆၁ ယောက်
ကျောင်းအမျိုးအစား - (မူလွန်ကျောင်း)
လိပ်စာ - ရပ်ကွက် (ရ)၊ မောသီရိကွက်သစ်၊ နယ်မြေ (၂)၊ လားရှိုးမြို့၊ ရှမ်းပြည်မြောက်ပိုင်း
ဖုံး- ၀၈၂ ၂၂၇၀၅
လူမျိုး(ကျောင်းတက်နေသောကလေးများ) - ရှမ်း၊ ဗမာ၊ တရုတ်၊ မုန်းဝန်း၊ ကိုးကန့်၊ မာလီပါး၊ ဂေါ်ရခါး၊ ဟိန္ဒူ၊ ပလောင်၊ ဓနု၊ ၀၊ ရခိုင်၊ ကရင်၊ ကချင်၊ လားဟူ၊ မွတ်စလင်။
ဘာသာ (ကျောင်းတက် နေသောကလေးများ) - ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊အစ္စလာမ်
အကျဉ်းချုပ်အခြေအနေ -
ကျောင်းအဆောက်အဦးများသည် ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် စုပေါင်း အလှူရှင်များ၊ ကုမ္မဏီများ၊ ဆရာ၊ ဆရာမ များမှာလည်း လခစားအနေဖြင့် မဟုတ်ဘဲ စေတနာ ၀န်ထမ်းများ အနေဖြင့် မုန့်ဖိုးသာသာ ခရီးလမ်းစရိတ်အ နေဖြင့်ပေး သော ၃၀၀၀၀ ကျပ် လောက်သာ ရရှိသည်။
ထိုလောက်သောငွေကို ဆရာ၊ ဆရာမ ၂၀ ကျော် ၃၀ နီးပါးကို ပေးနိုင်ရန်မှာလည်း ပြင်ပ ကုမ္မဏီများ၏လစဉ်ထောက်ပံ့ ငွေနှင့် အလှူအတန်းများမှ ဒကာ၊ ဒကာမ များ၏ ဆရာတော်အား လှူဒါန်းသောငွေများနှင့် သာပေးထားနိုင်ခြင်းဖြစ်သည်။
ကျောင်း၏ လက်ရှိလိုအပ်ချက် -
နှစ်စဉ်တိုးလာသော ကျောင်းသားဦးရေကြောင့် လိုအပ်လာ သော ကျောင်းအဆောက် အဦး၊ သင်ကြားရေးကို ကျွမ်းကျင်၊စိတ်ရှည် သောဆရာ၊ ဆရာမများနှင့် ရေရှည် လုပ်ကိုင်နိုင်ရန်လုံလောက်သောထောက်အပံ့နှင့် လစာငွေ ၊ သင်ကြားရေးကို အထောက်အကူပြုသော ပစ္စည်းများ၊ ကျောင်းသုံး ပစ္စည်းများ၊ ကျောင်းတွင်နေထိုင်သော ကျောင်းသား သာမဏေ ရပ်ဝေး၊ တောင်တန်းဒေသများမှကလေး-၁၅၇ ယောက် အတွက် ဆွမ်းနှင့် အခြားအသုံးအဆောင်လိုအပ်ချက်များ။
ဆရာတော်၏သဘောထား -
တချို့ကလေးတွေလည်း (ရ) တန်းအထိ မနေနိုင်ကြဘူး သူတို့မိဘက ခိုင်းလို့ရတဲ့အရွယ်၊ သေသေချာချာရေးတက်၊ ဖတ်တက်၊ တွက်တက်ရန် ခေါ်သွားကြတယ်၊ ရပ်ဝေးကလာတဲ့ တိုင်းရင်းသား ကလေးတွေ ကြတော့လည်း ဒီမှာအတန်းကုန်ရင် သူတို့နေရပ် တောင်တန်းဒေသကိုပြန်ပြီးရရာ အလုပ်ပြန်လုပ်ကြတယ်၊၊ မပြန်တဲ့သူတွေလည်းရှိတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာကတော့ ဗုဒ္ဓဘာသာဆိုရင် ဘာသာရေး အခြေခံအုတ်မြစ်ကို ကောင်းကောင်းရရှိတယ်၊ အခြားဘာသာခြားတွေ အနေနဲ့ကတော့ ယဉ်ကျေးသိမ်မွေ့မှုအခြေခံ၊ လူမှုရေးကျင့်ဝတ်၊ စိတ်ဓာတ်ကောင်း နှင့် စည်းကမ်းလိုက်နာတက်မှု၊ ကိုယ်ကျင့်တရား၊ အကောင်းအဆိုးကို ပိုင်းခြားနိုင်မှု။ အပြစ်ကင်းတဲ့ အသက်မွေးမှုကို ရွေးချယ်နိုင်မှုတွေကိုတော့ ရရှိတယ်။ ပညာရေးအနေနဲ့ ရှေ့မဆက်နိုင်တဲ့ ကလေးတွေကလည်း သူတို့ရဲ့မျိုးဆက် တွေကြရင် သူတို့ထက်သာတဲ့ ပညာရေးကို မြှင့်တင်နိုင်မယ်လို့ ထင်ပါတယ်၊ တိုင်းရင်းသား ကလေးတွေနဲ့ကလည်း ဗမာစာနဲ့ယဉ်ကျေးမှုကို သေသေချာချာ နားလည်သွားပြီဖြစ်တဲ့အတွက် သူတို့လေးတွေ ကြီးပြင်းလာတဲ့အခါ တိုင်းရင်းသားတစ်မျိုးနဲ့ တစ်မျိုးမုန်းတီးမှုတွေမထားဘဲ၊ ရင်းနှီးချစ်ခင် လာနိုင်မယ်လို မျှော်လင့်တယ်
 

၎) ကျောင်းအမည် - သာသနဟိတကာရီ မူလတန်း သီလရှင်ကျောင်း
ကျောင်းတာဝန်ခံဆရာလေး - ဒေါ်ဧသုဝတီ
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ လေးတန်းအထိ (မူကြို ၆၅ ယောက်အပါအ၀င် ၂၀၀ ကျော်)
ကျောင်းအမျိုးအစား - မူလတန်းကျောင်း
လိပ်စာ - ရပ်ကွက် ၈ ၊ လားရှိုးမြို.၊ ရှမ်းပြည်မြောက်ပိုင်း။
ဖုံး- ၀၈၂-၂၂၈၀၃၊ ၀၉၅၂၃၃၀၇၆
ကျောင်း၏လက်ရှိလိုအပ်ချက်- မိဘများထံမှ လစဉ်ခွဲတမ်းအနေဖြင့် ၅၀၀ မှ ၁၀၀၀ အထိကောက်ယူသော်လည်း လိုအပ်ချက်တစ်ချို့ရှိနေပါသေးသည်။ ပြင်ပအဖွဲ့စည်းတစ်ချို့မှ အထာက်အပံ့ နှင့် ဆရာ၊မ များအတွက် သင်တန်းများရရှိထားသော်လည်း၊ ထိကဲ့သို့သော သင်ကြားမှုပုံစံနှင့်ကျောင်းမျိုးကို ပိုမိုတိုးချဲ့နိုင်လျှင်ကောင်းပါမည်။ ယခုအခါ ကျောင်းသားဦးရေကိုကန့်သတ်လက်ခံနေရသောကြောင့်ဖြစ်သည်။ ကျောင်းဆောင်တိုးချဲ့ဆောက်လုပ်ရန်နှင့် ဆရာမလစာအတွက် ဆရာလေးတစ်ဦးတည်းဝန်ဖြင့်မထမ်းဆောင်နိုင်ပါ။ ပြင်ပမှဗဟုသုတဖြစ်စေသာ စာအုပ်စာတမ်း ကလေးများအတွက်သော်လည်းကောင်း၊ ဆရာ၊မများတွက်သော်လည်းကောင်း၊၊ နည်းပညာများ၊ ကစားနည်းနှင့် ပစ္စည်းများကို ကြိုဆိုမျှော်လင့်လျှက်ရှိသည်။




၅) ကျောင်းအမည် - ရေဟော်ကျောင်းတိုက်
ကျောင်းထိုင်ဆရာတော် - ဆရာတော် ဦးဝါဿဝ
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ သတ္တမတန်းအထိ ၂၀၀ ကျော်
ကျောင်းအမျိုးအစား - (မူလွန်ကျောင်း)
လိပ်စာ - ပန်းတိမ်တောင်ရပ်၊ သီပေါမြို့၊ ရှမ်းပြည်မြောက်ပိုင်း။ ဖုံး- ၀၈၂-၈၀၀၆၅
ကျောင်း၏လက်ရှိလိုအပ်ချက်- ဆရာတော်မှာ ကိုယ်တိုင်ဆောက်လုပ်နေသော ကျောင်းဆောင်သစ်တစ်ဆောင်အတွက် အလှူရှင်များလိုအပ်နေသည်။ ကျောင်းသားမိဘများမှာလည်း ဆင်းရဲနွမ်းပါးသူများသာများသောကြောင့် ငွေးကြေးများများစားစားမထည့်ဝင်နိုင်ပါ။ ဆရာ၊ဆရာများမှာ လည်းစေတနာ့ဝန်ထမ်းလူငယ်များသာများပြီး သီးခြားလစာမရရှိကြပါ။


၆) ကျောင်းအမည် - အုန်းချော မူလွန်ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (အဘယခေမိက အရိယာဝါသ အမှတ် ၉)
ကျောင်းထိုင်ဆရာတော် - ဦးဇဋိလ
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ သတ္တမတန်းအထိ ၄၀၀ ကျော်
ကျောင်းအမျိုးအစား - (မူလွန်ကျောင်း)
လိပ်စာ - အုန်းချောရွာ၊ မန္တလေးပြင်ဦးလွင် လမ်းမကြီး၊ ပုသိမ်ကြီး မြို့
ဖုံး- ၀၈၅-၄၀၀၁၇ (တဆင့်ခေါ် ဦးတင်စိုး)၊ ၀၈၅-၄၀၀၅၀ (တဆင့်ခေါ် ကိုရဲအောင်)
ကျောင်း၏လက်ရှိလိုအပ်ချက်- အနီးအနားရွာများမှ လက်လုပ်လက်စား မိသားစုများမှ ကလေးများ၏အခြေခံပညာရေးအတွက်
အားထားနေရသော ဘက ကျောင်းဖြစ်သည်။ ကလေးများ သက်တောင့်သက်သာနှင့် မိုးလုံ လေလုံစေရန်ကျောင်းဆောင်
လိုအပ်ချက်နှင့် ဆရာ၊မ များအတွက် လစာငွေ။ ( အခြားကျောင်းများနည်းတူလိုအပ်ချက်များရှိသည်။)


၇) ကျောင်းအမည် - စလေ အထက်တန်း ဘုန်းတော်ကြီးသင်ကျောင်း
ကျောင်းတာဝန်ခံဆရာမ - ဒေါ်လှလှမိုး
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ ၁၀တန်း အထိ ၁၄၂၉ ယောက်
ကျောင်းအမျိုးအစား - (အထက်တန်းကျောင်း)
လိပ်စာ - ဘုရားကြီးတောင်ဘက်မုတ်၊ ချမ်းမြသာစည်ရပ် ၊မန္တလေးမြို့
ဖုံး- ၀၉၂၀၁၉၂၁၄၊ ၀၉၂၀၅၁၄၇၀
ကျောင်း၏လက်ရှိလိုအပ်ချက်- အခြားကျောင်းများနည်းတူလိုအပ်ချက်များရှိသည်။




၈) ကျောင်းအမည် - မဲဖလန် ဘုန်းတော်ကြီးသင်ကျောင်း
ကျောင်းတာဝန်ခံ - ဦးနန္ဒိယ (ကျောင်းအုပ်- ဦးဝါယမ၊ ‘ဒုကျောင်းအုပ်-ဦးထေရိန္ဒ)
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ ရ တန်း အထိ ၂၅၈ ယောက်
ကျောင်းအမျိုးအစား - အမှတ် ၃၊ မူလွန်ကျောင်း
လိပ်စာ - ဘုရားကြီးအရှေ့ဘက်မုခ်၊ ချမ်းမြသာစည်ရပ် ၊မန္တလေးမြို့
ဖုံး- ၀၂၉၁၀၁၃၈၈၃
ကျောင်း၏လက်ရှိလိုအပ်ချက်- အခြားကျောင်းများနည်းတူလိုအပ်ချက်များရှိသည်။ စာကြည့်တိုက်တွင် ကလေးများနှင့် သင့်တော်သောစာအုပ်စာတမ်းများလည်းလိုအပ်သည်။ ယခုလက်ရှိတွင် ဆရာ၊မများကသေသေချာချာ ကလေးများကိုစာဖတ်ကျင့်ရရန် လေ့ကျင်ပေးနေသော်လည်း လိုအပ်သောစာအုပ်စာတမ်းများကို ဖြည့်ဆည်းနိုင်ခြင်းမရှိသေးပါ။




၉) ကျောင်းအမည် - မင်္ဂလာကန်တော် (ကော့ထင်းရွာ) ဘုန်းတော်ကြီးသင်ကျောင်း
ကျောင်းအုပ်ဆရာတော် - အရှင်ဥာဏိန္ဒ ( ကျောင်းတာဝန်ခံ- ကိုညီညီလွင်)
ကျောင်းသားဦးရေ - ၂၀၀၉-၂၀၁၀ သူငယ်တန်းမှ ၈ တန်း အထိ ၅၀၀ ကျော်
ကျောင်းအမျိုးအစား - အမှတ် ၃၊ မူလွန်ကျောင်း
လိပ်စာ - ကော့ထင်းစံပြကျေးရွာ၊ ကျိုက်ထိုမြို့၊ မွန်ပြည်နယ်။
ဖုံး- ၀၅၇-၆၀၃၁၉
ကျောင်း၏လက်ရှိလိုအပ်ချက်- အခြားကျောင်းများနည်းတူလိုအပ်ချက်များရှိသည်။ အစိုးရကျောင်းတက်နေသော အထက်တန်းကျောင်းသား ( ၉ တန်း၊ ၁၀ တန်း) ကျောင်းအိပ်ကျောင်းစား ကလေးများနှင့် ကိုရင်များအတွက် စားသောက်စရိတ်နှင့် ကျောင်းစရိတ်များကို ယခုလက်ရှိတွင် ပြင်ပအဖွဲ့အစည်း တစ်ချိှု့မှ ထောက်ပံ့ထားသော်လည်း ပြည့်စုံလုံလောက်ခြင်းမရှိပါ။




၁၀) ကျောင်းအမည် - ပညာရ

No comments:

Post a Comment