Saturday, November 24, 2012

အစိုးဖြုတ်ချရေး ဆန္ဒပြပွဲ မအောင်မြင်၊ ပထမ နေ့တွင် ရုပ်သိမ်းရ

rally demostarteလက်ရှိ ထိုင်းအစိုးရ ဖြုတ်ချရေး အတွက် ဘန်ကောက်၌ ဆန္ဒပြသည့် Pitak Saim Group မှ အတိုက်အခံ ခေါင်းဆောင် များက ထိုင်းစံတော်ချိန် ညနေ (၅) နာရီ ခွဲခန့်တွင် ဆန္ဒပြမှု ရုပ်သိမ်း ကြောင်း ကြေငြာ လိုက်သည်ဟု သိရှိ ရသည်။
“ဆန္ဒပြမှုကို ရုပ်သိမ်းကြောင်း အခုပဲ ကြောငြာ လိုက်တယ်၊ ဘာကြောင့်လဲ ဆိုတော့ ရည်ရွယ်ချက်က အင်အား တစ်သန်း ခန့်နဲ့ အစိုးရကို ဖြုတ်ချဖို့ ဆန္ဒပြတာ၊ ပထမ နေ့မှာတင် အင်အားက တစ်သောင်း ကျော်ကျော် လောက်ပဲ ရှိတယ်၊ ဒါကြောင့် နှစ်ရက် တည်းနဲ့ ဖြုတ်ချဖို့ မဖြစ်နိုင် တော့ဘူး၊ အစိုးရ ဘက်က ပိတ်ဆို့မှု အစီအစဉ် အားကောင်း သွားလို့လည်း ဖြစ်တယ်” ဟု ထိုင်း ထောက်လှမ်းရေး တပ်ဖွဲ့မှ အရာရှိကြီး တစ်ဦးမှ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောသည်။
ထို့ပြင် ယနေ့၌ ဗန်ကောက် မြို့တွင် ဆန္ဒပြ သူများမှ လုံခြုံရေး ရဲများအား အကြမ်းဖက် လာခြင်းကြောင့် မျက်ရည် ယိုဗုံးဖြင့် နှစ်ကြိမ် ပစ်ခတ် ခဲ့သည်ဟု ၄င်းမှ ဆက်ပြောပါသည်။
“မက်ခဝါန် တံတား ဘက်မှာပေါ့။ ပိတ်ထားတဲ့ လမ်းကြောင်းတွေက သံဆူးကြိုးတွေ ချထားတာကို ဆန္ဒပြသူ တွေက ပလာယာ တွေနဲ့ ဖြတ်ပြီးတော့ ဝင်ဖို့ ကြိုးစားတယ်၊ အဲဒါကြောင့် ရဲက မျက်ရည်ယို ဗုံးတွေ သုံးပြီး ပစ်ခတ် ခဲ့တာပါ” ဟု ထိုင်း ထောက်လှမ်းရေး အရာရှိကြီးမှ ပြောသည်။
ထိုသို့ အသုံးပြုခဲ့သည့် မျက်ရည်ယိုဗုံး များမှာလည်း အမျိုးအစား (၃) မျိုးရှိကာ နိုင်ငံတကာ တိုင်းပြည်များမှ ဆန္ဒပြပွဲနှင့် လူထု အကြမ်းဖက် မှုများတွင် အသုံးပြုသည့် နိုင်ငံတကာ အဆင့် အမျိုးအစား များဖြစ်ကြောင်းလည်း ထိုင်းအစိုးရမှ ထိုင်းမီဒီယာ များအား ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်သည်။
ထိုင်းအာဏာပိုင် များမှ ဆန္ဒပြသူများ အသုံးပြု သွားလာရန် အတွက် လမ်းကြောင်း များကို သီးသန့် ချမှတ် ထားပေးပြီး ဖြစ်သော်လည်း ဆန္ဒပြသူများ ဘက်မှ သတ်မှတ် လမ်းကြောင်း များအပြင် အစိုးရမှ လုံခြုံရေး အရ ပိတ်ပင် ထားသည့် လမ်းကြောင်း များကိုလည်း ဖွင့်ပေးရန် တောင်းဆိုခဲ့ပြီး ဆန္ဒပြသူ များနှင့် လုံခြုံရေး ရဲများ အကြား တင်းမာမှုများ စတင် ဖြစ်ပွားခဲ့သည်။
ထိုင်းအာဏာပိုင် များဘက်မှ မျက်ရည် ယိုဗုံး အသုံး ပြု၍ ဖြိုခွင်း ခဲ့ခြင်းကြောင့် လုံခြုံရေး ရဲများ (၅) ဦးခန့်နှင့် ပြည်သူ (၆) ဦးခန့် ဒဏ်ရာ ရရှိခဲ့ပြီးဖြစ်သည်ဟု ထိုင်းထောက်လှမ်းရေး အရာရှိ ကြီးမှ ပြောသော်လည်း ထိုင်းသတင်းများ၌ (၃၇) ဦး ဒဏ်ရာ ရရှိသည်ဟု ကွဲလွဲသည့် ဖော်ပြချက် များလည်း ရှိသည်။
ထို့ပြင် အကြမ်းဖက်ရန် ကြိုးစား ခဲ့သည့် လူပေါင်း (၁၀၀) ကျော် အားလည်း ဖမ်းဆီးကာ ပထုမ်ဌာနီ ခရိုင် အတွင်း၌ ထိန်းသိမ်း ထားပြီး ဖြစ်သည်။
30194079-01 big

ထိုင်းအစိုးရ ဖြုတ်ချရေး ဆန္ဒပြပွဲအား ဦးဆောင်ခဲ့သည် ဗိုလ်ချုပ်ကြီးဟောင်း Boonlert Kaewprasit (ဓါတ်ပုံ - The Nation)
လျာထား ဆန္ဒပြသူ အင်အား တစ်သန်းခန့်အား ဒီမိုကရက် ထောက်ခံသည့် ခရိုင် (၁၉) ခရိုင်ခန့်နှင့် ထိုင်းတစ်နိုင်ငံလုံး အနှံ့ လာရောက် ဆန္ဒပြရန် Pitak Saim Group မှ လှုံ့ဆော် ထားခဲ့ သော်လည်း အောင်မြင်မှု မရခဲ့ပေ။
“အခု လုံခြုံရေး ယူနေတဲ့ ရဲတွေကို အစိုးရက နံပါတ်တုတ် တွေက လွဲပြီး အခြား ဘာလက်နက် အမျိုးအစားမှ ကိုင်ဆောင်ခွင့် မပေးထား ပါဘူး” ဟု စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး အရာရှိကြီး တစ်ဦးမှ ဆိုပါသည်။
ထိုဆန္ဒ ပြမှုအား ကိုင်တွယ် နိုင်ရန် အတွက် နိုဝင် ဘာလ (၂၃) ရက်နေ့က ဘန်ကောက်မြို့ ပတ်ဝန်းကျင် ဒေသ သုံးခုအား အရေးပေါ် ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး အရေးကြီး အဆောက် အဦးများ ဖြစ်သည့် ဝန်ကြီးချုပ်ရုံး၊ လွှတ်တော် အဆောက်အဦး အစိုးရ အရာရှိပုဂ္ဂိုလ်များ၏ နေအိမ်သို့ ဝင်ရောက် နိုင်မည့် လမ်းကြောင်း (၉) ခုခန့်အားလည်း (၂၃) ရက်နေ့ ကတည်း ကပင် ယဉ်များ သွားလာ ဝင်ရောက်မှုအား ကန့်သတ် လိုက်ပြီး ဖြစ်သည်။
 အစိုးရအား သူပုန်မှု (တရားမဝင်) မှုဖြင့် ဖြုတ်ချရေး ဆန္ဒပြပွဲအား Pitak Saim Group မှ ဦးဆောင် ပြုလုပ်ခဲ့ပြီး နှစ်ရက် အတွင်း လက်ရှိ ထိုင်းအစိုးရအား ဖြုတ်ချနိုင်ရေး ကြွှေးကြော် ထားသော်လည်း ပထမနေ့၌ပင် ဆန္ဒပြမှုကို ရုပ်သိမ်း လိုက်ရသည်။

No comments:

Post a Comment