Saturday, November 24, 2012

မြန်မာလူဦးရေရဲ့ ၇၀% က တောင်သူလယ်သမားတွေတဲ့၊ ထမင်းရှင်တွေတဲ့။ ပြောကြတာပဲ။ ခုတော့ ကျေးဇူးတွေ ဆပ်နေကြလိုက်တာ။

တောသူတောင်သားတွေဆိုတော့ ရိုးလည်းရိုး၊ အလည်းအပါတယ်၊ မြင်မြင်သမျှ ဆရာခေါ်ကြလောက်အောင်လည်း ကြောက်တတ်ကြပါတယ်။ မိရိုးဖလာလယ်ယာလုပ်ငန်းကလွဲလို့လည်း ဟိုစီးပွါးရေး ဒီစီးပွါးရေး လုပ်မစားတတ်ကြပါဘူး။ ဒါကြောင့် ခင်တွယ်အားကိုးစရာ ဒီမြေဒီလယ်တွေ မရှိတော့ရင်တော့ သူတို့အတွက် တခြားရွေးချယ်စရာ မကျန်တော့တာမို့ အသေခံကြပါလိမ့်မယ်။

အဲဒီတော့ ၈၈ အရေးအခင်းတုန်းကလို၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းကလို တည့်တည့်ပစ်မှာလား၊ ၂၀၁၂ ဘင်္ဂါလီအရေးအခင်းတုန်းကလို မိုးပေါ်ထောင်ပစ်မှာလားဆိုတာကတော့ လက်နက်ကိုင်တွေ ရွေးချယ်ကြဖို့ပါ။

 Rectifier Guy facebook စာမျက်နာမှကူးယူသည်။

No comments:

Post a Comment